တပ်ကနေ ထုတ်ပယ်ခံရလို့ တောင်ကိုရီးယားစစ်တပ်ကို တရားစွဲမယ်လို့ လိင်ပြောင်းစစ်သည် ပြော

yyl-004-12.jpg

လိင်ပြောင်းခဲ့ပြီးနောက်မှာ စည်းမျဉ်းချိုးဖောက်ရာရောက်တယ်ဆိုပြီး တပ်ထဲကနေ ထုတ်ပယ်ခံခဲ့ရတဲ့ တောင်ကိုရီးယားစစ်သည်က စစ်တပ်ကို တရားစွဲမယ်လို့ ပြောပါတယ်။ အသက် ၂၂ နှစ်ရှိတဲ့ ဗြောင်ဟွေဆိုးဟာ ယောကျာ်းတစ်ယောက်အဖြစ် စစ်တပ်ထဲ ဝင်လာခဲ့ပေမဲ့ လိင်စိတ်အလိုမကျဖြစ်ပြီး စိတ်ကျန်းမာရေးပြဿနာခံစားခဲ့ရလို့ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက ထိုင်းနိုင်ငံကို သွားပြီး လိင်ပြောင်းခဲ့ပါတယ်။ ဗြောင်ဟွေဆိုးဟာ လိင်ပြောင်းပြီးနောက်ပိုင်း စစ်တပ်ထဲမှာ ဆက်နေချင်ပေမဲ့ စစ်တပ်က သူ့ကို ထုတ်ပယ်ခဲ့ပါတယ်။ တောင်ကိုရီးယားနိုင်ငံမှာ ခန္ဓာကိုယ်သန်စွမ်းတဲ့ အမျိုးသားအားလုံး နှစ်နှစ်နီးပါး စစ်မှုထမ်းရပါတယ်။ တောင်ကိုရီးယားစစ်တပ်ဟာ လိင်ပိုင်းဆိုင်ရာ လူနည်းစုကို သည်းမခံမှု အမြစ်တွယ်နေတယ်လို့ ဗြောင်ဟွေဆိုးက စွပ်စွဲခဲ့ပါတယ်။

တောင်ကိုရီးယားနိုင်ငံဟာ လိင်ပိုင်းဆိုင်ရာ ခွဲခြားဖော်ပြတဲ့ကိစ္စတွေမှာ ကွန်ဆာဗေးတစ်အမြင်ရှိပါတယ်။ ဗြောင်ဟွာဆိုးရဲ့ဖြစ်ရပ်နဲ့ပတ်သက်ပြီး တောင်ကိုရီးယားနိုင်ငံမှာ လိင်စိတ်ပြောင်းနေတဲ့ စစ်သည်တွေနဲ့ လိင်တူစိတ်ဝင်စားသူတွေအပေါ် စိတ်ဝင်စားပုံနဲ့ပတ်သက်ပြီး အချေအတင် ဆွေးနွေးမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ ”စစ်တပ်ထဲမှာ တာဝန်ထမ်းဆောင် ခွင့်မရမချင်း (ကျွန်မဟု နာမ်စားသုံးသည်) ဆက်ပြီး တိုက်ပွဲဝင်သွားမှာပါ။ စစ်တပ်ရဲ့ ဆုံးဖြတ်ချက်ကို အထက်တရားရုံးချုပ် ရောက်တဲ့အထိ ကျွန်မ ရင်ဆိုင်သွားမယ်”လို့ ဗြောင်ဟွေဆိုးက ပြောပါတယ်။ တောင်ကိုရီးယားစစ်တပ်မှာ လိင်ပြောင်းထားတဲ့ စစ်သည်တွေ တာဝန်ထမ်းဆောင်မှုနဲ့ပတ်သက်ပြီး စည်းမျဉ်းတွေ ပြဋ္ဌာန်းထားတာမရှိပါဘူး။ ဒါပေမဲ့ မမျှတတဲ့ ခွဲခြားဆက်ဆံမှုတွေ မဖြစ်စေဖို့ ဗြောင်ဟွေဆိုးကို စစ်တပ်ကနေ ထုတ်ပယ်ခဲ့တာလို့ တောင်ကိုရီးယားစစ်တပ်က ကြေညာခဲ့ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top