စိန်ခေါ်သူ Lapicus ကို စောစောစီးစီးပွဲသိမ်းဖို့ ဆုံးဖြတ်ထားတဲ့ Christian Lee

18-5-2020-yyl-001.jpg

ကမ္ဘာ့အကြီးဆုံး ကိုယ်ခံပညာသိုင်းပေါင်းစုံ အားကစားအဖွဲ့အစည်း ONE Championship ရဲ့လိုက်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ စင်ကာပူအား ကစားသမား Christian “The Warrior” Lee က ပြိုင်ပွဲတွေပြန်လည်ကျင်းပတဲ့အချိန်ရောက်လာရင် မော်လ်ဒိုဗာအားကစားသမား Iuri Lapicus နဲ့ ယှဉ်ပြိုင်ထိုးသတ်သွားမှာ ဖြစ်ပါတယ်။ Team Petrosyan အသင်းသား Lapicus ဟာ ပရော်ဖက်ရှင်နယ်ကစားသမားဘဝ ၁၄ ပွဲစလုံး ပွဲတိုင်းအနိုင်ထိုးသတ်ထားပြီး အရည်အသွေးမြင့် ကစားသမားတစ်ယောက် ဖြစ်တယ်ဆိုတာကို သက်သေထူထားပါတယ်။ ဒါ့ကြောင့်လည်း အသက် ၂၄ နှစ်အရွယ် ၎င်းဟာ လိုက်ဝိတ်တန်းအဆင့်သတ်မှတ်ချက်မှာ ထိပ်ဆုံးကရပ်တည်နေပြီး ချန်ပီယံ Christian Lee နဲ့ ကမ္ဘာ့ချန်ပီယံတွဲဆိုင်းထိုးသတ်ခွင့် ရရှိထားပါတယ်။

Lapicus ဟာ ၂၀၁၉ ခုနှစ်၊ မေလ ၁၇ ရက်က စင်ကာပူမှာပြုလုပ်တဲ့ ONE: ENTER THE DRAGON ပြိုင်ပွဲမှာ ကမ္ဘာ့စင်မြင့်ထက် ပထမ ဆုံးယှဉ်ပြိုင်ခွင့်ရခဲ့ပြီး ဝါရင့်ထိုင်းအားကစားသမား Shannon “OneShin” Wiratchai ကို တတိယအချီမှာ လည်ပင်းချုပ်ကွက်နဲ့ အနိုင်ရ ခဲ့ပါတယ်။ ထူးခြားတာက အဲဒီပြိုင်ပွဲမှာပဲ Christian Lee က လိုက်ဝိတ်တန်းကမ္ဘာ့ချန်ပီယံ ဂျပန်အားကစားသမား Shinya Aoki ကို ဒုတိ ယအချီမှာ လက်သီးထိုးချက်တွေနဲ့ ဒိုင်ပွဲရပ်အနိုင်ယူကာ ကမ္ဘာ့ချန်ပီယံခါးပတ်ကို လွှဲပြောင်းရယူနိုင်ခဲ့တာပဲဖြစ်ပါတယ်။ ၂၀၂၀ ဖေဖော် ဝါရီမှာလည်း Lapicus ဟာ ဖယ်သာဝိတ်တန်း ကမ္ဘာ့ချန်ပီယံဟောင်း Marat “Cobra” Gafurov ကို ပွဲအစ ၆၇ စက္ကန့်မှာတင် အနောက် ဖက်လည်ပင်းချုပ်ကွက်နဲ့ ထပ်မံအနိုင်ယူခဲ့ပြန်ပါတယ်။

ထိပ်တန်းကစားသမားတွေကို အနိုင်ယူကျော်ဖြတ်လာတဲ့အပြင် ရှုံးပွဲလုံးဝမရှိသေးတဲ့အချက်က Lapicus ကို လိုက်ဝိတ်တန်းအဆင့် သတ်မှတ်ချက်မှာ ထိပ်ဆုံးနေရာကို ပို့ဆောင်ပေးခဲ့တာဖြစ်ပြီး Christian Lee နဲ့ ထိုးသတ်ခွင့်ရစေခဲ့တာဖြစ်ပါတယ်။ ကိုယ်ခံပညာသိုင်း ပေါင်းစုံ အားကစားမျိုးရိုးက ဆင်းသက်လာတဲ့ Christian Lee က ပြိုင်ဘက်ဖြစ်သူရဲ့အံ့အားသင့်စရာစွမ်းဆောင်ရည်ကောင်းတွေနဲ့ လိုက်ဝိတ်တန်းအဆင့်သတ်မှတ်ချက်မှာ ထိပ်ဆုံးရောက်နေတာကို အကြွင်းမရှိလက်ခံပါတယ်။ ဒါ့အပြင် နိုင်ပွဲတွေဆက်တိုက်ရရှိထား တာက Lapicus ရဲ့စိတ်ဓာတ်ပိုင်းကို အရှိန်အဟုန်နဲ့ မြှင့်တင်ပေးခဲ့တာဖြစ်တယ်လို့ ယုံကြည်ထားပါတယ်။

“Iuri Lapicus နဲ့ပတ်သက်ပြီး ကျွန်တော့်ရဲ့ကနဦးထင်မြင်ယူဆချက်က သူက အန္တရာယ်ရှိတဲ့ ကစားသမားတစ်ယောက်ဖြစ်သလို အောင်မြင်မှုကိုဆာလောင်နေတဲ့ ငယ်ရွယ်တဲ့ပြိုင်ဘက်တစ်ယောက်ဖြစ်တယ်ဆိုတာပါပဲ။ သူက ပရော်ဖက်ရှင်နယ်ကစားသမားဘဝတစ် လျှောက် ရှုံးပွဲလုံးဝမရှိသေးပါဘူး။ Gafurov ကို အနိုင်ရတုန်းက အံ့အားသင့်စရာချုပ်ကွက်နဲ့ အနိုင်ရခဲ့တယ်ဆိုတာ ကျွန်တော် ကောင်း ကောင်းသိပါတယ်” လို့ အသက် ၂၁ နှစ်အရွယ် Christian Lee က သုံးသပ်ပါတယ်။

Lapicus အနေနဲ့ ONE Championship အဖွင့် ၂ ပွဲအပါအဝင် ၂၀၁၉ ခုနှစ်အတွင်း ယှဉ်ပြိုင်ခဲ့တဲ့ ၃ ပွဲစလုံးအနိုင်ရခဲ့သလို Christian Lee ကလည်း ပြီးခဲ့တဲ့နှစ်က ၃ ပွဲယှဉ်ပြိုင်ရာမှာ ပွဲတိုင်းအနိုင်ယူကာ ချန်ပီယံခါးပတ်နှစ်ခုကို ရယူနိုင်ခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီ လအတွင်း ဖယ်သာဝိတ်တန်းမှာယှဉ်ပြိုင်စဉ် ယခင်ကရှုံးနိမ့်ခဲ့ဖူးတဲ့ Eduard “The Ferocious” Kelly ကို ပထမအချီမှာတင် ဒိုင်ပွဲရပ်အ နိုင်ယူကာ ရှုံးကြွေးဆပ်နိုင်ခဲ့ပါတယ်။ ၄ လအကြာမှာတော့ လိုက်ဝိတ်တန်းကိုတက်ရောက်ကာ Evolve MMA အသင်းဖော် လိုက်ဝိတ် တန်းကမ္ဘာ့ချန်ပီယံ Shinya Aoki နဲ့ ထိုးသတ်ခဲ့ပြီး ဒုတိယအချီမှာ ဒိုင်ပွဲရပ်အနိုင်ရခဲ့ပါတယ်။ အောက်တိုဘာလက ကျင်းပခဲ့တဲ့ လိုက် ဝိတ်တန်း ကမ္ဘာ့ဂရင်းပရီဗိုလ်လုပွဲမှာလည်း Saygid “Dagi” Guseyn Arslanaliev ကို အမှတ်နဲ့အနိုင်ယူကာ ချန်ပီယံခါးပတ်တစ်ခု ထပ် မံရယူနိုင်ခဲ့ပြန်ပါတယ်။ ကမ္ဘာ့ချန်ပီယံတစ်ယောက်ရဲ့ကျွမ်းကျင်မှုတွေကို ဆက်လက်အရှိန်တင်နိုင်ရေးအတွက် လေ့ကျင့်မှုတွေကို ပြင်း ပြင်းထန်ထန်ပြုလုပ်ခြင်း၊ ကမ္ဘာ့ချန်ပီယံတွဲဆိုင်းတွေမှာ အောင်ပွဲရယူနိုင်ခြင်းတွေက စိတ်ဓာတ်ပိုင်းဆိုင်ရာကို ပိုမိုမြှင့်တင်ပေးခဲ့တယ်လို့ လည်း ၎င်းက ပြောပါတယ်။

“ဖယ်သာဝိတ်တန်းမှာ ယှဉ်ပြိုင်တုန်းကလည်း ချန်ပီယံတစ်ယောက်လို့ ခံစားမိသလို လိုက်ဝိတ်တန်းကို တက်ထိုးတော့လည်း ကိုယ့် ကိုယ်ကိုယ် ချန်ပီယံတစ်ယောက်လို့ ခံစားမိတယ်။ လေ့ကျင့်မှုတွေကို မခိုမကပ်ဘဲ ပြင်းပြင်းထန်ထန်လုပ်တယ်။ ကျွန်တော်က ကမ္ဘာ့ ချန်ပီယံတွဲဆိုင်းတွေထိုးဖူးတယ်။ Lapicus ကတော့ ၅ ချီပွဲတွေထိုးသတ်နိုင်မယ်လို့တော့ ကျွန်တော်မထင်ပါဘူး။ ကျွန်တော်က ဂျူဒိုကို ပရော်ဖက်ရှင်နယ်အဆင့် ဝင်ပြိုင်နေသူတွေ၊ Kickboxer သမားတွေနဲ့ အကြိမ်များစွာလေ့ကျင့်ထားတယ်။ သူက နေရာစုံကနေ ဒုက္ခပေး နိုင်တယ်လို့ ကျွန်တော်ခံစားမိတယ်။ ဒါပေမဲ့လည်း သူနဲ့ထိုးသတ်ဖို့ ကျွန်တော့်ဘက်က အဆင်သင့်ပါပဲ” လို့ နောက်ဆုံး ၄ ပွဲဆက် အနိုင် ရထားတဲ့ Christian Lee က ဆိုပါတယ်။

၎င်းတို့နှစ်ယောက်စလုံးရဲ့နိုင်ပွဲတွေကိုကြည့်ရင် အများစုက ပွဲချိန်အစောပိုင်းအတွင်း ချုပ်ကွက်နဲ့နိုင်တာ၊ လက်သီးထိုးချက်နဲ့ အနိုင်ရတာ ကများတာကြောင့် ကြိုးဝိုင်းထဲ ထိပ်တိုက်တွေ့တဲ့အခါ ပွဲသိမ်းမြန်နိုင်တယ်လို့ သုံးသပ်သူတွေ အများကြီးရှိပါတယ်။ ဒီအချက်ကို လိုက် ဝိတ်တန်းရဲ့အရှင်သခင် Christian Lee က အခုလို ဖြေကြားခဲ့ပါတယ်။ “ဘယ်လိုလုပ်လိုက်မယ်၊ ဘယ်လိုထိုးလိုက်မယ်ဆိုတာမျိုး မကြာခဏ မပြောချင်ပါဘူး။ ဘာလို့လဲဆိုတော့ အဲဒါမျိုးပြောရတာကို ကျွန် တော်ကိုယ်တိုင်က မကြိုက်လို့ပါ။ ဒါပေမဲ့ Lapicus နဲ့ပွဲမှာတော့ ပထမအချီမှာပဲ သူ့ကို ပွဲသိမ်းနိုင်တယ်ဆိုတာတော့ ပြောချင်ပါတယ်” လို့ ပြောကြားလိုက်တာပါပဲ။

Team ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top