လာမယ့်စနေနေ့မှာ ပြန်စမယ့် ဘွန်ဒက်စ်လီဂါပြိုင်ပွဲမှာ ကစားသမား ၅ ယောက် လူစားလဲခွင့်ပေးမယ်

15-5-2020-yyl-004.jpg

လာမယ့်စနေနေ့မှာ ပြန်လည်စတင်တော့မယ့် ဘွန်ဒက်စ်လီဂါပြိုင်ပွဲမှာ ကစားသမား ၅ ယောက်အထိ လူစားလဲခွင့်ပြုမယ်လို့ ဂျာမန်ဘောလုံးအဖွဲ့ချုပ်က ကြေညာခဲ့ပါတယ်။ ကန့်သတ်ထားတဲ့ အချိန်ကာလအတွင်း ဘောလုံးပွဲတွေ ပြီးဆုံးအောင် ကစားရမှာဖြစ်လို့ ပွဲဆက်များချိန်မှာ ကစားသမားတွေ အကျိုးကို ကာကွယ်ပေးနိုင်ဖို့ ကစားသမား ၅ ယောက် လူစားလဲခွင့်ပေးမယ့် စည်းမျဉ်းသစ်ကို နိုင်ငံတကာဘောလုံးအဖွဲ့ချုပ်များ ဘုတ်အဖွဲ့(IFAB)က အတည်ပြုထားပါတယ်။

ဘွန်ဒက်စ်လီဂါပြိုင်ပွဲဟာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရပ်နားခဲ့ရတဲ့ ဥရောပထိပ်တန်းလိဂ် ပြိုင်ပွဲတွေထဲမှာ ပထမဆုံး ပြန်လည်စတင်တဲ့ ပြိုင်ပွဲဖြစ်လာမှာပါ။ ၂ လကြာ ရပ်နားခဲ့ရတဲ့ ဘွန်ဒက်စ်လီဂါပြိုင်ပွဲကို ပြန်လည်စတင်ချိန်မှာ ကွင်းပိတ်ကစားမှာဖြစ်ပါတယ်။ ဒါ့အပြင် လာမယ့်အားလပ်ရက်မှာ ဘွန်ဒက်စ်လီဂါ-၂ ပြိုင်ပွဲကိုလည်း ပြန်လည်စတင်တော့မှာပါ။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top