COVID-19 ရောဂါ တွန်းလှန်တိုက်ဖျက်ပေးသူတွေကို ဂုဏ်ပြုပျံသန်းနေတဲ့ အလှပြလေယာဉ်တစ်စင်း ပျက်ကျပြီး လူတစ်ယောက် သေဆုံး

18-5-2020-yyl-005.jpg

COVID-19 ရောဂါကို တွန်းလှန်တိုက်ဖျက်ရာမှာ ကျရာအခန်းကဏ္ဍကနေ ပါဝင်ဆောင်ရွက်ပေးနေတဲ့ ကနေဒါနိုင်ငံသားတွေကို ဂုဏ်ပြုပြီး အလှပြပျံသန်းနေတဲ့ ဂျက်လေယာဉ်တစ်စင်း လူနေရပ်ကွက်ပေါ် ပျက်ကျခဲ့လို့ အနည်းဆုံး လူတစ်ယောက် သေဆုံးခဲ့ပါတယ်။

ပြီးခဲ့တဲ့တနင်္ဂနွေနေ့ နံနက်ပိုင်းက လေယာဉ်ပျံတက်ပြီး မကြာခင် ဗြိတိသျှကိုလံဘီယာပြည်နယ်၊ ကမ်လုမြို့ နေအိမ်တစ်လုံးကို ဝင်တိုက်မိခဲ့တာဖြစ်ပြီး ဒီဖြစ်ရပ်မှာ လေယာဉ်အမှုထမ်းတစ်ယောက်လည်း ပြင်းပြင်းထန်ထန် ဒဏ်ရာရခဲ့ပါတယ်။ လေယာဉ်မှူးတစ်ယောက်ကတော့ လေယာဉ်ပျက်မကျခင် အလိုအလျောက်စနစ်နဲ့ ခုန်ထွက်နိုင်ခဲ့တယ်လို့ ရုပ်သံမှတ်တမ်းတွေမှာ ဖော်ပြပါတယ်။ ကနေဒါမီဒီယာတွေ ဖော်ပြခဲ့တဲ့ ဓာတ်ပုံတွေအရ အိမ်ခေါင်မိုးပေါ်မှာ လေထီးတစ်စင်း ကျနေတာ တွေ့ရပါတယ်။ သေဆုံးခဲ့သူကတော့ ကနေဒါနိုင်ငံ Snowbirds အဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ယောက်ဖြစ်ပါတယ်။ ကနေဒါနိုင်ငံရဲ့ Snowbirds အဖွဲ့ဟာ ဗြိတိန်နိုင်ငံရဲ့ Red Arrows အဖွဲ့၊ အမေရိကန်နိုင်ငံရဲ့ Blue Angels အဖွဲ့တွေလိုပဲ လေယာဉ်အလှပြမောင်းနှင်တဲ့ အဖွဲ့ဖြစ်ပါတယ်။

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top