ONE WORLD: TOGETHER AT HOME တေးဂီတဖျော်ဖြေပွဲမှ ဒေါ်လာ ၁၂၇ သန်းကျော် ရရှိ

20-4-20202-yyl-021.jpg

ကမ္ဘာကြီးကို ခြိမ်းခြောက်လျက်ရှိတဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုရိုနာဗိုင်းရပ်စ်(COVID-19)ကြောင့် နေအိမ်တွေမှာသာ နေထိုင်ရ တဲ့သူတွေ စိတ်ဓာတ်ခွန်အားရစေဖို့နဲ့ ကမ္ဘာသူကမ္ဘာသားတွေရဲ့အသက်အန္တရာယ်အတွက် ရှေ့တန်းကနေ ကာကွယ်ပေးလျက်ရှိတဲ့ ကျန်းမာရေးဝန်ထမ်းတွေအတွက် ရန်ပုံငွေရရှိစေရေးအတွက် ကမ္ဘာအနှံ့က နာမည်ကြီးထင်ရှားသူတွေ ပါဝင်ဖျော်ဖြေတဲ့ ONE WORLD: TOGETHER AT HOME တေးဂီတဖျော်ဖြေပွဲကို ဧပြီလ ၁၈ ရက်က ကျင်းပပြုလုပ်ခဲ့ပါတယ်။ ကမ္ဘာ့အကြီးဆုံး ကိုယ်ခံပညာသိုင်းပေါင်းစုံ အားကစားအဖွဲ့အစည်း ONE Championship နဲ့ ကာလရှည်လက်တွဲဖော် Global Citizen တို့ ပူးပေါင်းကျင်းပတဲ့ အဆိုပါ ဂီတဖျော်ဖြေ ပွဲဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)အတွက် COVID-19 တိုက်ဖျက်ရေးရန်ပုံငွေ ရှာဖွေပေးနိုင်ဖို့ဖြစ်ပြီး A list စာရင်းဝင် အနုပညာရှင်၊ ဂီတာပညာရှင်၊ အားကစားအကျော်အမော်တွေနဲ့အတူ ONE Championship က ကမ္ဘာ့ချန်ပီယံ နာမည်ကျော်အားကစားသမားတွေ လည်း ပါဝင်ခဲ့ပါတယ်။

အွန်လိုင်းကနေပြုလုပ်တဲ့ TOGETHER AT HOME တေးဂီတဖျော်ဖြေပွဲကို Lagy GaGa၊ Alicia Keys၊ Andrea Bocelli၊ Elton John၊ Jennifer Lopez၊ John Legend၊ Kacey Musgraves၊ Keith Urban၊ LL Cool J၊ Paul McCartney၊ The Rolling Stones၊ Sam Smith၊ Stevie Wonder၊ Taylor Swift အပါအဝင် ဂီတနယ်ပယ်က အခြားနာမည်ကျော် အနုပညာရှင်တွေလည်း ပါဝင်ဖျော်ဖြေခဲ့ပါ တယ်။ ဒါ့အပြင် ONE Championship က ကမ္ဘာကျော်အားကစားသမားတွေဖြစ်တဲ့ Demetrious JohnsonAngela LeeChristian LeeEddie Alvarez ၊ Martin Nguyen၊ Stamp Fairtex၊ Nong-O Gaiyanghadao၊ Sam-A Gaiyanghadao၊ Giorgio Petrosyan၊ Eduard Folayang၊ Rodtang Jitmuangnon၊ Brandon Vera၊ Alain Ngalani၊ Rika Ishige၊ Miesha Tate၊ Vitor Belfort၊ John Wayne Parr အပါအဝင် မစ်ဒယ်ဝိတ်တန်းနဲ့ လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံခါးပတ်နှစ်ခုပိုင်ရှင် မြန်မာအားကစားသမား “မြန်မာ့စပါး အုံး” အောင်လအန်ဆန်လည်း အားဖြည့်ကူညီခဲ့ပါတယ်။

ကမ္ဘာ့အကြီးကျယ်ဆုံးသော အွန်လိုင်းတေးဂီတာဖျော်ဖြေပွဲကနေ ရန်ပုံငွေအဖြစ် အမေရိကန်ဒေါ်လာ ၁၂၇ ဒသမ ၉ သန်းရရှိခဲ့ပြီး ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ကြီးရဲ့COVID-19 Solidarity Response Fund ထံ လှူဒါန်းသွားမှာဖြစ်ပါတယ်။ အဆိုပါ ဂီတဖျော်ဖြေပွဲကို တိုက်ရိုက် မကြည့်လိုက်ရသူတွေအတွက် ONE Championship ရဲ့တရားဝင် facebook၊ Twitter၊ You Tube နဲ့ ONE Super App တို့ကနေ ဧပြီ ၁၉ ရက် မြန်မာစံတော်ချိန် ညနေ ၆ နာရီခွဲအချိန် ပြန်လည်ထုတ်လွှင့်ပေးသွားမှာပါ။ ပါဝင်လှူဒါန်းလိုသူတွေအတွက်လည်း နောက်မကျ သေးဘဲ COVID-19 Solidarity Response Fund ကနေ လှူဒါန်းခွင့်ရနေဆဲဖြစ်သလို ONE Championship က ရန်ပုံငွေအတွက် အရေ အတွက်ကန့်သတ်ထုတ်လုပ်ထားတဲ့ “We Are One” တီရှပ် ဒီဇိုင်းနှစ်မျိုးကို ဝယ်ယူရင်လည်း ရရှိတဲ့ဝင်ငွေအားလုံးကို ပြန်လည်လှူဒါန်း ပေးသွားမှာဖြစ်ပါတယ်။

ONE Championship ဥက္ကဌ Chatri Sityodtong ကလည်း ၎င်းရဲ့လူမှုကွန်ရက်ကနေ “Together At Home တေးဂီတဖျော်ဖြေပွဲကနေ ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၁၂၇ ဒသမ ၉ သန်းကျော်ရရှိခဲ့ပါတယ်။ ဒီငွေတွေဟာ ဗိုင်းရပ်စ်ကာကွယ်တားဆီးရေးအတွက် ရှေ့တန်းက နေ အလုပ်လုပ်နေတဲ့ ကမ္ဘာတစ်လွှားက ကျန်းမာရေးဝန်ထမ်းတွေအတွက် လှူဒါန်းသွားမှာပါ။ ဒီအတွက် ကျွန်တော်တို့နဲ့အတူ ပူးပေါင်း ပါဝင်ခဲ့တဲ့ ကမ္ဘာ့အကြီးဆုံး ဆင်းရဲမွဲတေမှုတိုက်ဖျက်ရေးအဖွဲ့Global Citizen ကို ကျေးဇူးတင်ပါတယ်။ ဒါ့အပြင် ပါဝင်ဖျော်ဖြေခဲ့တဲ့ အနု ပညာရှင်တွေ၊ ONE Championship က အားကစားသမားတွေနဲ့ Covid-19 တိုက်ဖျက်ရေးအတွက် ပါဝင်ကူညီပေးခဲ့သူတွေအားလုံးကို ကျေးဇူးအထူးတင်ပါတယ်။ နောက်ဆုံးကျေးဇူးတင်ရမယ့်သူတွေကတော့ ကမ္ဘာတစ်လွှားက ပရိသတ်တွေပါပဲ။ တစ်ယောက်တည်းဆို ကျွန်တော်တို့ နည်းနည်းလေးပဲ လုပ်နိုင်မှာပါ။ အတူတကွ စုပေါင်းလုပ်ကိုင်ရင်တော့ အများကြီးလုပ်နိုင်ပါတယ်။ ကျွန်တော်တို့အားလုံး က တစ်ခုတည်းပါပဲ” လို့ ရေးသားခဲ့ပါတယ်။

Youtube link : https://youtu.be/2Igx-5Kej8k

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top