OPPO က ဝယ်ယူအားပေးသူတွေကို အစဉ်အမြဲ ဦးစားပေး စဉ်းစားနေတာဖြစ်ပြီး သုံးစွဲသူတွေအတွက် ပိုမိုကောင်းမွန်တဲ့ ထုတ်ကုန်ပစ္စည်းတွေနဲ့ အရည်အသွေးမြင့်မားတဲ့ ဝန်ဆောင်မှုတွေကို ပေးစွမ်းနိုင်ရန် အမြဲတစေ ကြိုးစားနေပါတယ်။ အခုအခါမှာလည်း OPPO Customer တွေအတွက် ဖုန်း ပြင်ဆင်မှုတွေကို ပိုမို အဆင်ပြေစေရန် တစ်မူထူးခြားတဲ့ ဝန်ဆောင်မူအသစ်ဖြစ်သည့် OPPO 1 Hour Flash Fix (တစ်နာရီ အမြန်ပြုပြင်မှု) အစီအစဉ်ကို ဇူလိုင်လ ၂၄ ရက်နေ့မှာ မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။
![](https://yoyarlay.com/wp-content/uploads/2020/07/viber_image_2020-07-24_10-02-23.jpg)
ဒီအစီအစဉ်ကို စမ်းသပ်ပြုလုပ်ခဲ့သည်မှာ တစ်နှစ်ခွဲခန့်ရှိပြီဖြစ်ပြီး ၂၀၂၀ ပြည့်နှစ် ဇူလိုင်လ ၄ ရက်နေ့မှာ တရားဝင် စတင်ခဲ့ခြင်းဖြစ်ပါတယ်။ 1 Hour Flash Fix ဆိုတဲ့အတိုင်း တစ်နာရီအတွင်းမှာအရည်အသွေးကောင်းပြီး မြန်ဆန်တဲ့ Hardware နှင့် Software ပိုင်း ဖုန်းပြုပြင်မှုများကို သက်သောင့်သက်သာနှင့် ရရှိနိုင်မှာဖြစ်ကာ တကယ်လို့ OPPO Service Center ဘက်က အကြောင်း တစ်ခုခုကြောင့် တစ်နာရီအတွင်း မပြီးနိုင်တဲ့ အခြေအနေများ ရှိခဲ့ပါက OPPO က လက်ဆောင်များ ပြန်လည်ပေးအပ်သွားမှာဖြစ်ပါတယ်။ တစ်နာရီ အမြန်ပြုပြင်မှုကို မြန်မာနိုင်ငံရဲ့ မြို့ကြီးတွေမှ အောက်ပါ OPPO Service Center (၁၁) ခုမှာ (တနင်္လာနေ့မှ စနေနေ့အထိ ရုံးချိန်အတွင်း) ရရှိမှာဖြစ်ပါတယ်။ တနင်္ဂနွေနေ့မှ ဖုန်းပြုပြင်လိုသူတွေအတွက် ရန်ကုန်မြို့ လသာမြို့နယ် Service Centre တွေမှာ တနင်္လာကနေ သောကြာ ပုံမှန်အချိန်တွေအပြင် စနေနေ့အစား တနင်္ဂနွေနေ့မှာ ဝန်ဆောင်မှုတွေပေးသွားမှာဖြစ်ပါတယ်။
![](https://yoyarlay.com/wp-content/uploads/2020/07/viber_image_2020-07-24_10-02-22.jpg)
OPPO Yangon Myaynigone Service Center
OPPO Yangon Latha Service Center
OPPO Yangon Thingangyun Service Center
OPPO Bago Service Center
OPPO Magway Service Center
OPPO Mandalay Service Center – II
OPPO Mawlamyine Service Center
OPPO Monywa Service Center
OPPO Muse Service Center
OPPO Myitkyina Service Center
OPPO Taunggyi Service Center
![](https://yoyarlay.com/wp-content/uploads/2020/07/viber_image_2020-07-24_10-02-21.jpg)
ဖုန်းရဲ့IMEI နံပါတ်နှင့်အတူ OPPO Official Website (https://www.oppo.com/mm/) မှာ ကျန်ရှိနေတဲ့ Warranty ကာလ၊ ဖုန်းပြင်ဆင်မှု အခြေအနေ၊ ဖုန်းပြင်ဆင်ပြီးမြောက်မည့်အချိန်တို့ကို အလွယ်တကူ စစ်ဆေးသိရှိနိုင်မှာဖြစ်တဲ့အပြင် ပြင်ဆင်ရာမှာ လိုအပ်တဲ့ ဖုန်းအပိုပစ္စည်း (Accessories) တွေရဲ့ဈေးနှုန်းတွေကိုလည်း ဖော်ပြထားပါတယ်။ ဒါ့အပြင် Color OS 7 ပါဝင်တဲ့ OPPO ဖုန်းတွေမှာ Service Application ပါဝင်ပြီးဖြစ်လို့ အဲဒီApplication မှာလည်း Website မှာ ဖော်ပြထားတဲ့ အချက်အလက်တွေအတိုင်း Service နှင့် သက်ဆိုင်သော အချက်အလက်တွေနဲ့ အမေးများတဲ့ မေးခွန်းတွေနဲ့ အဖြေတွေကိုလည်း ဖော်ပြပေးထားပါတယ်။
Team (ရိုးရာလေး)