OPPO ဖုန်းရဲ့ ColorOS 7 (Android 10) Official Version ကို မြန်မာနိုင်ငံမှာ အသုံးပြုနိုင်ပြီ

Color-OS-7-Photo-1.jpg

OPPO က Android 10 ကို အခြေခံထားတဲ့ ColorOS 7 System ရဲ့ Official Version ကို မြန်မာနိုင်ငံမှာ စတင်အသုံးပြုနိုင်မယ့် အစီအစဉ်ကို ကြေညာခဲ့ပါတယ်။ ဧပြီလကစပြီး OPPO အသုံးပြုသူများထံ ‌‌ရောက်ရှိလာတဲ့ ColorOS 7 ရဲ့ Official Version ကို အခုအခါမှာ Reno၊ Find၊ A Series စတဲ့ OPPO စမတ်ဖုန်း (၂၀) ကျော်မှာ Batch အလိုက် အချိန်ဇယားအတိုင်း အသုံးပြုနိုင်မှာဖြစ်ပါတယ်။

၂၀၁၉ ခုနှစ် နိုဝင်ဘာလမှာ စတင်မိတ်ဆက်ခဲ့တဲ့ ColorOS 7 က ကမ္ဘာတစ်ဝန်းရှိ OPPO အသုံးပြုသူများရဲ့ ကောင်းမွန်သော မှတ်ချက်ကောင်းများ ရရှိနေတာဖြစ်ပါတယ်။ အဆင်ပြေ ချောမွေ့ကာ ကြည်နူးပျော်ရွှင်ဖွယ် အတွေ့အကြုံများပေးနိုင်သော Android 10 ကို အခြေခံထားတဲ့ Mobile Operating System တွင် ဆန်းသစ်လှပသော ဒီဇိုင်းအသစ်၊ ပိုမိုလျင်မြန်ပြီး ချောမွေ့သော Performance၊ အဆင့်မြှင့်ထားသော Privacy Protection နှင့် အတူ Soloop၊ Focus Mode၊ လက်ချောင်း သုံးချောင်းနှင့် Screenshot ရိုက်ကူးနိုင်သော စနစ်စသည့် Features အသစ်များလည်း ပါဝင်ပါတယ်။

ColorOS က နိုင်ငံပေါင်း ၁၄၀ တွင် သုံးစွဲသူ သန်းပေါင်း ၃၅၀ ကျော်ရှိနေပြီး ဘာသာစကားပေါင်း ၈၀ ကျော်ကို ပံ့ပိုးပေးထားပါတယ်။ ဝန်ထမ်း ၂၅၀ ကျော် ရှိသော အိန္ဒိယနိုင်ငံ၊ ဟိုင်ဒါဘတ်မြို့တွင် ရှိသော OPPO R&D Center က ColorOS 7 တီထွင်မှုနှင့် ထုတ်လုပ်မှုတွင် အရေးပါသော နေရာမှ ပါဝင်နေပါတယ်။ R&D အဖွဲ့မှ ColorOS 7 အစမ်း Version မှ စမ်းသပ်သူတို့ရဲ့ တုံ့ပြန်မှုများကို အလေးထား စဉ်းစားကာ သုံးစွဲသူတို့ လိုအပ်တောင်းဆိုသော အချက်များကို တရားဝင် ထုတ်ဝေမှုတွင် ပါဝင်အောင် ထည့်သွင်းထားပါတယ်။

ရရှိနိုင်မှု အခြေအနေ

ColorOS 7 Official Version က OPPO Find X၊ Find X SuperVooc Edition၊ Find X Automobili Lamborghini Edition၊ Reno 10X Zoom၊ Reno၊ Reno 2၊ Reno 2F၊ Reno 3၊ Reno 3 Pro၊ R17 Pro၊ F11 Pro၊ နှင့် F11 တို့တွင် အခု အသုံးပြုနိုင်နေပြီ ဖြစ်ပါတယ်။ အခြား ဖုန်းများအတွက် ColorOS 7 ရဲ့ Official Version ကို အောက်ပါ အချိန်ဇယားအတိုင်း ရရှိနိုင်မှာဖြစ်ပါတယ်။

ဇွန်လတွင် Upgrade ရရှိမယ့် ဖုန်းများ

  1. F9
  2. F9 Pro
  3. F7
  4. F7 128G
  5. A5 2020
  6. A9 2020

ဇူလိုင်လတွင် Upgrade ရရှိမည့် ဖုန်းများ

  1. F15

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top