ရုရှားဆေးရုံဝန်ထမ်းတချို့ နှာခေါင်းစည်းမပါဘဲ အလုပ်လုပ်နေရ

8-5-2020-yyl-010.jpg

ရုရှားနိုင်ငံရဲ့ ပြည်နယ်တွေမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု မြင့်တက်နေပေမဲ့ ဆေးရုံဝန်ထမ်းတချို့ကတော့ နှာခေါင်းစည်းမပါဘဲ အလုပ်လုပ်နေရတယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့လက ရုရှားနိုင်ငံမှာ ကူးစက်မှု တဟုန်ထိုးမြင့်တက်လာခဲ့ပြီး ကူးစက်ခံရသူ ၁၇၇,၁၆၀ ယောက်၊ သေဆုံးသူ ၁၆၂၅ ယောက် ရှိနေပါတယ်။ အိုမင်းဟောင်းနွမ်းပြီး ပစ္စည်းကိရိယာမစုံလင်တဲ့ ဆေးရုံတွေကတော့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု မြင့်မားတဲ့နေရာတွေ ဖြစ်နေပါတယ်။ ရောဂါကူးစက်ခံရပြီး သေဆုံးသွားတဲ့ ကျန်းမာရေးဝန်ထမ်း အရေအတွက်ကလည်း များပြားလာပါတယ်။

ရုရှားနိုင်ငံမှာ တစ်ကိုယ်ရေကာကွယ်ရေးဝတ်စုံ မလုံလောက်ဘူးလို့ သမ္မတပူတင်က ဝန်ခံထားပြီး တိုးမြှင့်ထုတ်လုပ်ဖို့ ညွှန်ကြားထားပါတယ်။ ဒါပေမဲ့ အခုချိန်ထိတော့ သင့်တော်တဲ့ အကာအကွယ်မပါဘဲ အလုပ်လုပ်နေရတဲ့ အခြေအနေကို ကျန်းမာရေးဝန်ထမ်းတွေက လူသိရှင်ကြား ထုတ်ပြောဖို့ ကြောက်လန့်နေကြပါတယ်။ မော်စကိုမြို့ကနေ ကီလိုမီတာ ၁၄၀၀ ကွာဝေးတဲ့ အက်စထရာခန်မြို့ ဆေးရုံမှာ ကျန်းမာရေးဝန်ထမ်းတွေ ရောဂါကူးစက်ခံနေရပါတယ်။ ” သူတို့က လိုအပ်တာအားလုံးရှိတယ်။ ပစ္စည်းကိရိယာ ပြည့်စုံတယ်လို့ ပြောထားပေမဲ့ အဲဒါက မမှန်ပါဘူး”လို့ ကျန်းမာရေးဝန်ထမ်းတစ်ယောက်က ပြောပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top