အာဖဂန်နစ္စတန်အမျိုးသမီးတွေ တက္ကသိုလ်ပညာ သင်ကြားခွင့်မရှိဘူးလို့ တာလီဘန်တွေ ထုတ်ပြန်

21-12-2022-yyl-87.jpg

အာဖဂန်နစ္စတန်နိုင်ငံမှာ အမျိုးသမီးတွေ တက္ကသိုလ်ပညာသင်ကြားခွင့်မရှိဘူးလို့ တာလီဘန်တွေက ထုတ်ပြန်ကြေညာလိုက်ပါတယ်။ ဒီကြေညာချက်က ချက်ချင်းအကျုံးဝင်ဖို့ ရှိနေပါတယ်။ အာဖဂန်နစ္စတန်နိုင်ငံရဲ့အလယ်တန်းကျောင်းအများစုမှာလည်း အမျိုးသမီးတွေကို ပညာသင်ကြားခွင့် ပိတ်ပင်ထားပြီး အခုနောက်ဆုံး ကြေညာချက်ကတော့ အမျိုးသမီးတွေရဲ့ ပညာသင်ကြားခွင့်ကို ထပ်မံကန့်သတ်လိုက်တာ ဖြစ်ပါတယ်။

ဒီသတင်းကြားရချိန်မှာ ငိုမိတယ်လို့ ကာဘူးလ်တက္ကသိုလ်ကျောင်းသူတစ်ဦးက ဆိုပါတယ်။ ” ကျွန်မနဲ့ ကျွန်မအနာဂတ်ကြားက ပေါင်းကူးတံတားကို သူတို့ဖျက်စီးပစ်လိုက်တာပါ။ ပညာသင်ကြားခွင့်ရပြီး ကိုယ့်အနာဂတ်ကို ပြောင်းလဲနိုင်မယ်၊ ဘဝအတွက် အလင်းရောင်ဆောင်ကျဉ်းနိုင်မယ်လို့ပဲ ယုံကြည်ထားခဲ့တာပါ။ အခုတော့ သူတို့က ဒါကို ဖျက်စီးလိုက်ပါပြီ” လို့ သူက ဆိုပါတယ်။

လွန်ခဲ့တဲ့ ၃ လက အာဖဂန်နစ္စတန်နိုင်ငံတစ်ဝန်းမှာ အမျိုးသမီးထောင်ပေါင်းများစွာ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ ဖြေဆိုခဲ့ကြပါတယ်။ ဒါပေမဲ့ အမျိုးသမီးတွေ သင်ကြားခွင့်ရှိတဲ့ ဘာသာရပ်တွေကို ကန့်သတ်ခဲ့ပြီး တိရစ္ဆာန်ဆိုင်ရာသိပ္ပံပညာ၊ အင်ဂျင်နီယာဘာသာရပ်၊ စီးပွားရေးဘာသာရပ်၊ စိုက်ပျိုးရေးဘာသာရပ်တွေကို သင်ကြားခွင့်မရှိလို့ ထုတ်ပြန်ခဲ့ပြီး ဂျာနယ်လစ်ဇင်ဘာသာရပ်နဲ့ပတ်သက်ပြီးလည်း တင်းကျပ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်မှာ တာလီဘန်တွေ အာဏာရယူခဲ့ပြီးနောက်ပိုင်း တက္ကသိုလ်တွေမှာ ကျား၊ မ သီးသန့်စာသင်ခန်းတွေ၊ ဝင်ပေါက်တွေ လုပ်ခဲ့ပြီး ကျောင်းသူတွေကို ဆရာအိုတွေ၊ ဆရာမတွေကပဲ သင်ကြားပေးခွင့်ရှိတယ်လို့ သတ်မှတ်ခဲ့တာပါ။

Ref: Afghanistan: Taliban closes universities to women

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top