Hello Kitty အရုပ်ပေါင်း ၅၁၆၉ ရုပ်ကို စုဆောင်းထားခဲ့ပြီး ဂင်းနစ် စံချိန်တင်သွားခဲ့သူ

170704-hello-kitty-4-ew-1128a_0ff675617cb9735e8416497cf204ae80.nbcnews-ux-2880-1000.jpg

ဂျပန်နိုင်ငံ မြောက်ပိုင်း ချီဘာပြည်နယ် (northern Chiba) ရှိ ယော့စုကိုင်ဒို (Yotsukaido) မြို့တွင် နေထိုင်သူ ပင်စင်စားရဲသား မာဆာအို ဂန်ဂျီ  (Masao Gunji) ဟာ Hello Kitty အရုပ်လေးများကို ချစ်မြတ်နိုးသူတစ်ယောက် ဖြစ်ပြီး စွဲလမ်းလွန်းတဲ့အတွက် အိမ်ကို ပန်းရောင်ဆေးသုတ်ကာ Hello Kitty အရုပ်များစွာကို စုဆောင်းခဲ့သူတစ်ဦး ဖြစ်ပါတယ်။ ဒီလိုစုဆောင်းခဲ့တဲ့အတွက် ဂန်ဂျီဟာ Hello Kitty  အရုပ်ပေါင်း ၅၁၆၉ ရုပ်ကို ပိုင်ဆိုင်သူအဖြစ် ဂင်းနစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။

ဂန်ဂျီရဲ့စုဆောင်းမှုတွေထဲမှာ Hello Kitty အမွှေးပွရုပ်များ၊ စာရေးကိရိယာပစ္စည်းများ၊ အစားအစာထည့်တဲ့ခွက်များ  စတဲ့ အသုံးအဆောင်ပစ္စည်း များစွာပါဝင်ပြီး ဒီ Hello Kitty အရုပ်များကို ဂန်ဂျီနဲ့ သူ့ရဲ့ ဇနီးဖြစ်သူတို့ဟာ ၃၅  နှစ်ကြာ စုဆောင်းခဲ့ရတယ်လို့ သိရပါတယ်။ အသက် ၆၇ နှစ်ရွယ်ဂန်ဂျီဟာ သူ့ရဲ့ ပန်းရောင်အိမ်လေးကို Hello Kitty  အရုပ်များ စုဆောင်းဖို့အတွက် ရည်ရွယ်ပြီး ဆောက်လုပ်ခဲ့တာဖြစ်ပြီး နိုင်ငံခြားသား ခရီးသွားများက သူ့ရဲ့အိမ်ကို စိတ်ဝင်စားကြတယ်  လို့သိရပါတယ်။ ဂန်ဂျီဟာ Hello Kitty အရုပ်များကို စုဆောင်းဖို့အတွက် ယန်း သန်း ၃၀ (ဒေါ်လာ ၂၆၇,၀၀၀) ကို အသုံးပြုပြီး စုဆောင်းခဲ့တာ ဖြစ်ပါတယ်။

“ Hello Kitty အရုပ်တွေကို ကျွန်တော် စွဲလမ်းရခြင်း အကြောင်းရင်းကတော့ ဒီအရုပ်တွေရဲ့ မျက်နှာအမူအရာကြောင့်ပါပဲ။ ကျွန်တော် ဝမ်းနည်း စိတ်ဓာတ်ကျနေတဲ့ အချိန်တွေဆိုရင် Hello Kitty အရုပ်လေးတွေလည်း ဝမ်းနည်းနေတဲ့ပုံပေါက်ပြီး ကျွန်တော် ပျော်ရွှင်နေတဲ့အချိန်မှာဆိုရင် ဒီအရုပ်လေးတွေလည်း ပျော်နေကြပါတယ်။ Hello Kitty အရုပ်လေးတွေဟာ ကျွန်တော် စိတ်ဓာတ်ကျတဲ့အခါတိုင်း ကျွန်တော်ကို အားပေးတတ်ပါတယ်။ ” လို့ဂန်ဂျီက ပြောဆိုခဲ့ပါတယ်။

Hello Kitty အရုပ်များဟာ ဂျပန်ကုမ္ပဏီ ဆန်ရီယို (Sanrio) ရဲ့ ထုတ်ကုန်များဖြစ်ပြီး ၁၉၇၄ ခုနှစ်ကစလို့ ခေတ်ပေါ် ယဉ်ကျေးမှုနဲ့အတူ ပေါ်ထွက်လာခဲ့တာ ဖြစ်ပါတယ်။

Ref : NBC  News : Retired Japanese Police Officer Sets New Hello Kitty Record

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top