သြစတြေးလျှ နိုင်ငံ၏ ကမ်းခြေအလှတရား နှင့် သွားရောက်လည်ပတ်မည်ဆိုလျှင်

yyl-4-9-017.jpg

သြစတြေးလျှ နိုင်ငံသည် စိတ်လှုပ်ရှားဖွယ် စွန့်စားခြင်းများ ပြုလုပ်ရသည်ကို နှစ်သက်သူများအတွက် သွားရောက်လည်ပတ်ရန် အလွန်ပင်သင့်တော်သော နိုင်ငံတစ်ခု ဖြစ်သည်။ Cairns သည် ကမ္ဘာပေါ်တွင် အကြီးကျယ်ဆုံးသော ထူးခြားသော သဘာဝ အလှတရား တည်ရှိသည့် ကမ္ဘာ့အမွေအနှစ်စာရင်းဝင် နေရာတစ်ခုလည်း ဖြစ်သည်။ ကြီးကျယ်ခမ်းနားလှသော သန္တာကျောက်တန်းကြီးများ၊ မိုးသစ်တောများ နှင့် လှပလွန်းသော ပတ်ဝန်းကျင် အလှကြောင့် ဒေသတစ်ဝိုက်တွင် ရင်သပ်ရှုမောဖွယ်ရာ ကမ်းခြေအပန်းဖြေ စခန်းများဖြင့် ပြည့်နှံ့လို့ နေသည်။ ထိုကမ်းခြေမြို့လေးတွင် ရေလွှာလျောစီးခြင်း၊ လေဟုန်စီးခြင်း၊ ကမ်းခြေတွင် ခရု ကမာ ကောက်ခြင်း၊ သန္တာကျောက်တန်းများ၏ အလှကို ရေငုပ် လေ့လာခံစားခြင်း၊ ကမ်းခြေနေဝင် ဆည်းဆာချိန် အလှကို ခံစားခြင်း၊ ကမ်ခြေအနီးရှိ ရွာလေးများတွင် သစ်ခွပန်းစိုက်ခင်းများ နှင့် နို့ထွက်ပစ္စည်း ထုတ်လုပ်သည့် စက်ရုံများသို့ သွားရောက်လည်ပတ် လေ့လာခြင်းများ ပြုလုပ်နိုင်သည်။

သြစတြေးလျှ နိုင်ငံ Cairns မြို့သို့ သွားရောက်လည်ပတ်လျှင် ကြီးကျယ်ခမ်းနားလှသော သန္တာကျောက်တန်းကြီးများ ဆီသို့ မရောက်ခဲ့လျှင်ပင် မပြည့်စုံဟုပင် ဆိုကြသည်။ ထို သန္တာကျောက်တန်းကြီးများ၏ အလှကို အပေါ်စီးမှ မြင်တွေ့ခံစားနိုင်စေရန် ရဟတ်ယာဉ် ဖြင့် ခရီးစဉ်များလည်း ရှိသည်။ ရေငုပ်သမားများ အတွက် နေ့ခြင်းပြန် ခရီးစဉ်များဖြင့် သွားရောက် လည်ပတ် နိုင်သလို၊ ကမ်းခြေအနောက်ပိုင်းသို့ ရွက်သဘ်ာများဖြင့် သွားရောက်လည်ပတ်နိုင်မည့် တစ်နာရီစာ အသွားအပြန် ခရီးစဉ်များလဲ ရှိသည်။


Daintree သည် သက်တန်းအားဖြင့် နှစ်ပေါင်း သန်း ၁၇၀ ကြာရှည်ပြီဖြစ်သော ကမ္ဘာ့ သက်တန်းအကြီးဆုံး မူလအတိုင်း တည်ရှိနေသေးသည့် မိုးသစ်တောကြီး ဖြစ်သည်။ ထိုမိုးသစ်တောတွင် သားရဲတိရစ္ဆာန်များစွာ မှီတင်းနေထိုင်ပြီး ရှေးကျလွန်းသော အပင်မျိုးစိတ်ပေါင်းများစွာ ပေါက်ရောက်သော သဘာဝမိုးသစ်တောကြီးပင် ဖြစ်သည်။
ထို့အပြင် သွားရောက်လည်ပတ်သူများ အနေဖြင့် Kuranda ရွာလေးသို့ မီးရထားစီး၍ ရွာပတ်ဝန်းကျင် စိမ်းစိုသော တောင်တန်း သစ်တောများ နှင့် ရင်သပ်ရှုမောဖွယ် ရေတံခွန် တစ်ခုဖြစ်သည့် Barron Falls ၏ အလှကို ကြည့်ရှုခံစားနိုင် မည်ဖြစ်သည်။

မေ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top