ငွေပေးချေမှုပလက်ဖောင်းသစ်တစ်ခု ဖန်တီးနေတဲ့ ဖိလစ်ပိုင်လက်ဝှေ့ကျော် ပက်ကွီအို

21-10-2020-yyl-017.jpg

ဖိလစ်ပိုင်လက်ဝှေ့ကျော် ပက်ကွီအိုကတော့ ကိုယ်ပိုင်ငွေပေးချေမှုပလက်ဖောင်းတစ်ခု ဖန်တီးနေပြီး အခုနှစ်နောက်ပိုင်းမှာ စတင်အသုံးပြုနိုင်ဖို့ ရည်ရွယ်ထားပါတယ်။ PacPay လို့ အမည်ရတဲ့ ငွေပေးချေမှု ပလက်ဖောင်းဟာ လူမှုကွန်ရက်ပေါ်က ကျော်ကြားသူတွေ၊ ကုန်ပစ္စည်းအမှတ်တံဆိပ်တွေနဲ့ ပရိသတ်တွေ နယ်စပ်ဖြတ်ကျော် ငွေပေးချေမှု စိတ်ချလုံခြုံ၊ မြန်ဆန်ဖို့ ရည်ရွယ်တယ်လို့ ပက်ကွီအိုရဲ့ Pac Technologies ကုမ္ပဏီက ပြောပါတယ်။

PacPay ကို ဖိလစ်ပိုင်နိုင်ငံမှာ စတင်မိတ်ဆက်မှာဖြစ်ပြီး စင်ကာပူကို ဈေးကွက်တိုးချဲ့သွားမှာပါ။ နောက်ပိုင်းကျရင်တော့ အာရှတိုက်တစ်ခုလုံး ဈေးကွက်တိုးချဲ့မယ့် အစီအစဉ်ရှိနေပါတယ်။ PacPay ငွေပေးချေမှုပလက်ဖောင်းမှာ ဆုပေးအပ်မယ့် အစီအစဉ်ရှိပြီး အသုံးပြုသူတွေကို သူတို့သဘောကျတဲ့ လူမှုကွန်ရက် နာမည်ကျော်တွေ၊ ကုန်ပစ္စည်းအမှတ်တံဆိပ်တွေနဲ့ ဆက်သွယ်လို့ရအောင် စီစဉ်ပေးမယ်လို့ Pac Technologies ကုမ္ပဏီက ပြောပါတယ်။ လက်ရှိအချိန်မှာ ဖိလစ်ပိုင်နိုင်ငံ အထက်လွှတ်တော်အမတ် အဖြစ် ဆောင်ရွက်နေတဲ့ ပက်ကွီအိုဟာ အနာဂတ်ကာလမှာ ဖိလစ်ပိုင်သမ္မတ ဖြစ်လာမယ့်သူလို့ ထင်ကြေးပေးခံထားရသူပါ။

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top