နာမည်ကျော် ဟလောင်းပင်လယ်အော်ထဲက နမ်းနေတဲ့ပုံစံ ကျောက်ဆောင် ၂ ခု ပြိုကျနိုင်ခြေ ရှိနေ

24.8.23-yyl-6.jpg

ဗီယက်နမ်နိုင်ငံရဲ့ နာမည်ကျော် ဟလောင်းပင်လယ်အော်မှာရှိတဲ့ နမ်းနေတဲ့ပုံစံ ကျောက်ဆောင်နှစ်ခုကို ပြိုကျသွားနိုင်တဲ့ အန္တရာယ်ကြုံတွေ့နေပါတယ်။ ကျွန်းငယ် ရာပေါင်းများစွာရှိတဲ့ ဟလောင်းပင်လယ်အော်ဟာ ဗီယက်နမ်နိုင်ငံရဲ့ အထင်ကရ နေရာတစ်ခုဖြစ်ပြီး ၂၀၁၉ ခုနှစ်က ခရီးသည် ၄ သန်းအထိ လာရောက်ခဲ့ဖူးပါတယ်။

အနမ်းခြွေနေတဲ့ပုံစံ ဖြစ်တည်နေတဲ့ ကျောက်ဆောင်နှစ်ခုကလည်း ခရီးသည်တွေကြား ရေပန်းစားပါတယ်။ ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာပြီး ငါးဖမ်းစက်လှေတွေက အနီးကပ် ဖြတ်သန်းနေတာကြောင့် ကျောက်ဆောင်နှစ်ခု တိုက်စားခံနေရတယ်လို့ ကျွမ်းကျင်ပညာရှင်တွေက ပြီးခဲ့တဲ့ဇူလိုင်လ အစီရင်ခံစာမှာ သတိပေးခဲ့ပါတယ်။

တရားမဝင် ငါးဖမ်းမှုနဲ့ စည်းမျဉ်းမညီညွတ်တဲ့ ခရီးသွားလုပ်ငန်းကြောင့် ကျောက်ဆောင်တွေ တိုက်စားမှု အရှိန်မြင့်စေတယ်လို့ ဗီယက်နမ်နိုင်ငံ ဘူမိသိပ္ပံနဲ့ သယံဇာတသိပ္ပံဌာန အရာရှိ ဟိုတီယန်ချန်းက ဆိုပါတယ်။ အဲဒီကျောက်ဆောင်နားက ဖြတ်သန်းသွားတဲ့ စက်လှေတွေကို တစ်နာရီ ၃ မိုင်ကနေ ၆ မိုင်ကြားပဲ မောင်းနှင်ခွင့် ပြုမယ့် ကန့်သတ်ချက်အပါအဝင် စည်းမျဉ်းသစ်တွေ ပြဋ္ဌာန်းဖို့လည်း အစီရင်ခံစာထဲမှာ ထည့်သွင်းရေးသားထားပါတယ်။

Ref: Vietnam’s iconic ‘kissing rocks’ at risk of collapse

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top