အဆုတ်ကင်ဆာရောဂါကို ခံစားနေရပြီဖြစ်တဲ့ မင်းသားကြီး ဆန်ဂျေးဒတ်

12-8-2020-yyl-006.jpg

ဘောလိဝုဒ်မင်းသားကြီး ဆန်ဂျေးဒတ်ဟာ အဆင့်(၃) အဆုတ်ကင်ဆာရောဂါကို ခံစားနေရတာဖြစ်တယ်လို့ Hindustan Times သတင်းဌာနက ထုတ်ပြန်ထားပါတယ်။ သြဂုတ်လ (၈) ရက်နေ့တုန်းကတော့ ဆန်ဂျေးဒတ်ဟာ အသက်ရှုကြပ်သလိုခံစားခဲ့ရတဲ့အတွက် မွမ်ဘိုင်းဆေးရုံမှာ တက်ရောက်ကုသခံခဲ့ရပါတယ်။ အဲဒီတုန်းကတော့ COVID-19 ရောဂါပိုးရှိမရှိစစ်ဆေးခဲ့ပြီးတဲ့နောက်မှာ ရောဂါပိုးမတွေ့ရတဲ့အတွက် နောက်ထပ်စစ်ဆေးမှုတွေပြုလုပ်ခဲ့ရပါတယ်။ အဲဒီအချိန်တုန်းက ဆန်ဂျေးဒတ်က သူ ကျန်းမာရေးပြန်လည်ကောင်းမွန်နေပြီး ကိုဗစ်ရောဂါပိုးမတွေ့ရပါဘူး။ (၁) ရက် (၂) ရက်နေရင် ဆေးရုံက ဆင်းခွင့်ရတော့မှာပါလို့ တွစ်တာအကောင့်မှာ ပြောကြားခဲ့ပါသေးတယ်။

သြဂုတ်လ ၁၁ ရက်နေ့မှာတော့ မင်းသားကြီး ဆန်ဂျေးဒတ်က ဆေးကုသမှုခံယူဖို့အတွက် သရုပ်ဆောင်အလုပ်ကို ခဏရပ်နားမှာဖြစ်ပြီး သူ့မိသားစုနဲ့သူငယ်ချင်းတွေက သူနဲ့အတူ ရှိနေပေးတဲ့အတွက် မစိုးရိမ်ကြဖို့ တွစ်တာအကောင့်ကနေ ပြောကြားခဲ့ပါတယ်။ “သူငယ်ချင်းတို့ရေ…။ ကျွန်တော် ဆေးကုသမှုခံယူဖို့အတွက် အလုပ်ကနေ ခဏအနားယူနေပါတယ်။ ကျွန်တော်နဲ့အတူ ကျွန်တော့်မိသားစုနဲ့သူငယ်ချင်းတွေရှိပါတယ်။ မစိုးရိမ်ကြဖို့နဲ့ မလိုအပ်တဲ့ခန့်မှန်းမှုတွေမလုပ်ကြဖို့ ပြောချင်ပါတယ်။ မင်းတို့ရဲ့ချစ်ခြင်းမေတ္တာနဲ့ ဆုတောင်းမေတ္တာပို့သမှုနဲ့အတူ ကျွန်တော် မကြာခင်ပြန်လာခဲ့ပါမယ်”လို့ ပြောပါတယ်။

မင်းသားကြီး ဆန်ဂျေးဒတ်က သူ အဆုတ်ကင်ဆာရောဂါခံစားနေရတယ်ဆိုတာကိုတော့ ထုတ်ပြောထားခြင်းမရှိခဲ့ပါဘူး။ ဒါပေမဲ့ ဆန်ဂျေးဒတ်က အဆင့် ၃ ကင်ဆာရောဂါကို တကယ်ခံစားနေရတာဖြစ်တယ်လို့ သတင်းတွေက အတည်ပြုထားပါတယ်။ မကြာခင်မှာ ဆေးကုသမှုခံယူဖို့အတွက် ဆန်ဂျေးဒတ်က အမေရိကန်နိုင်ငံကို သွားရောက်တော့မှာဖြစ်ပါတယ်။

Ref: Tribune “Sanjay Dutt diagnosed with stage three lung cancer”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top