John Wick 4 စတန့်အဖွဲ့လုံးကို ဝမ်းသာအောင်လုပ်ပေးခဲ့သူ ကိဗ်နူးရိဗ်

27-10-2021yyl15.jpg

ကိဗ်နူးရိဗ်လို့ ဆိုလိုက်တာနဲ့ သဒ္ဒါတရား ထက်သန်ပြီး ပကာသနကင်းတဲ့ နှလုံးလှ မင်းသားဆိုတာ အားလုံးသိကြပြီးသားပါ။ သန်းရာချီ ချမ်းသာပေမဲ့ ရိုးရိုးကုပ်ကုပ် နေထိုင်ပြီး လိုအပ်နေသူတွေအတွက် ငွေကြေးအမြောက်အများ လှူဒါန်းခဲ့သူပါ။

ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာ John Wick 4 ဇာတ်ကား ရိုက်ကူးနေတဲ့ ကိဗ်နူးရိဗ်ဟာ John Wick 4 စတန့်အဖွဲ့ တစ်ဖွဲ့လုံး ဝမ်းသာစေမယ့်လုပ်ရပ်တစ်ခု လုပ်ခဲ့ပါတယ်။ စတန့်အဖွဲ့တစ်ဖွဲ့လုံးအတွက် ပေါင် ၉၀၀၀ ကျော်တန်ကြေးရှိတဲ့ Rolex နာရီသစ်တွေ ဝယ်ပေးခဲ့တာပါ။ စတန့်အဖွဲ့ရဲ့ ကြိုးစားအားထုတ်မှုကို အသိအမှတ်ပြုတဲ့အနေနဲ့ စတန့်အဖွဲ့ဝင် ၄ ယောက်လုံးကို ဒေါ်လာ ၉၁၅၀ တန် Rolex Submariners နာရီတွေ ဝယ်ပေးခဲ့တာ ဖြစ်ပါတယ်။

ရုပ်ရှင်ရိုက်ကွင်းမှာ ဂျွန်ဝစ်အဖြစ် သရုပ်ဆောင်တဲ့ ကိဗ်နူးရိဗ်က ဝိုင်ခရားအိုးနဲ့ ခွက် ၂ ခွက်ကို ရှေ့မှာချပြီး ဧည့်သည်တစ်ယောက်ကို စောင့်မျှော်နေတဲ့ပုံစံ သရုပ်ဆောင်နေတာ တွေ့ရပါတယ်။ John Wick 4 ဇာတ်ကားကို ၂၀၂၂ ခုနှစ် မေလ ၂၇ ရက်မှာ ရုံတင်ပြသမယ်လို့ သိရပါတယ်။

Ref: Dailymail”Keanu Reeves presents stunt team with $10k Rolex watches for their work on John Wick4″

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top