မနှစ်မြို့စရာကောင်းတဲ့လုပ်ရပ်ကြောင့် အဒီဆန်ညာကို ပေါ်လိုကော်စတာ ဝေဖန်

30-9-2020-yyl-020.jpg

UFC 253 မစ်ဒယ်ဝိတ်တန်း ချန်ပီယံခါးပတ်လုပွဲမှာ မနှစ်မြို့စရာကောင်းတဲ့ လုပ်ရပ်ကြောင့် ပြိုင်ဘက်ဖြစ်သူ အဒီဆန်ညာကို ပေါ်လိုကော်စတာက ဝေဖန်ခဲ့ပါတယ်။ နိုင်ဂျီးရီးယား သိုင်းပေါင်းစုံ ကစားသမား အဒီဆန်ညာဟာ UFC 253 ပွဲမှာ ပွဲသိမ်းဖို့ စက္ကန့်ပိုင်းအလို ပေါ်လိုကော်စတာ လဲကျနေချိန်မှာ သူ့ရဲ့ ကျောပေါ်ခွစီးထားခဲ့ပြီး ဒိုင်က ပွဲရပ်လိုက်ချိန်မှာလည်း ပေါ်လိုကော်စတာကို နောက်ကနေ မဖွယ်မရာ လုပ်သလို ပုံစံမျိုး လုပ်ပြခဲ့ပါတယ်။ အဲဒီလုပ်ရပ်ကြောင့် ပေါ်လိုကော်စတာရဲ့ နည်းပြအဖွဲ့တွေ ဒေါသထွက်ခဲ့ကြသလို အဒီဆန်ညာကို လက်စားချေဖို့ စိတ်မကျေပွဲ စီစဉ်ပေးပါလို့ ပေါ်လိုကော်စတာက တောင်းဆိုထားပါတယ်။

” အဒီဆန်ညာက လူ့အန္ဓပါ။ တကယ့်ကို ဆိုးရွားတဲ့အခြေအနေပါ။ ပွဲပြီးချိန်ကျမှ သူ့ရဲ့မနှစ်မြို့စရာလုပ်ရပ်ကို ကျွန်တော် ပြန်တွေ့ခဲ့တာပါ။ ကျွန်တော် လက်စားမချေရမချင်း ဆက်ပြောနေဦးမှာပါ။ စိတ်မကျေပွဲစီစဉ်ပေးပါ ဒါနာဝှိုက် ရေ။ ဂုဏ်သိက္ခာအတွက်ပေါ့။ ကျွန်တော်ကတော့ စိတ်မကျေပွဲ ချက်ချင်းထိုးချင်တယ်။ သေမလား၊ ရှင်မလား သိရအောင်ပေါ့။ ကျွန်တော့်ဘက်က ရာနှုန်းပြည့်ပြင်ဆင်ထားပါပြီ” လို့ ပေါ်လိုကော်စတာက ပြောပါတယ်။ ဒါပေမဲ့ UFC ဥက္ကဋ္ဌ ဒါနာဝှိုက်ကတော့ စိတ်မကျေပွဲ စီစဉ်ပေးမယ့် အလားအလာမရှိပါဘူး။

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top