မက်ဂရီဂေါ်နဲ့ အိမ်နီးနားချင်းဖြစ်လာတဲ့ ရော်နယ်ဒို

67425469_2508487152515523_5673204459992252416_n.jpg

ရော်နယ်ဒိုဟာ စပိန်နိုင်ငံ မာဘယ်လာမြို့မှာ ပေါင် (၁.၃) သန်းတန် အားလပ်ရက်အပန်းဖြေစံအိမ် ဝယ်ယူလိုက်တဲ့အတွက် MMA ကစားသမား မက်ဂရီဂေါ်နဲ့ အိမ်နီးနားချင်း ဖြစ်လာခဲ့ပါပြီ။ ရော်နယ်ဒို ဝယ်ယူလိုက်တဲ့ အပန်းဖြေစံအိမ်မှာ အိပ်ခန်း (၄) ခန်းပါဝင်ပြီး ရေကူးကန်၊ ကိုယ်လက်လေ့ကျင့်ရေးခန်းမ၊ မီနီရုပ်ရှင်ရုံ ပါဝင်ပါတယ်။ အနီးနားမှာ ဂေါ့ဖ်ကွင်းရှိပြီး ကိုယ်ပိုင်လမ်းတွေမှာ LED မီးတွေ ထွန်းပေးထားပါတယ်။

ရော်နယ်ဒိုနဲ့ မက်ဂရီဂေါ်တို့ရဲ့ နေအိမ်တွေဟာ The Heights လို့ အမည်ပေးထားတဲ့ အဆင့်မြင့်နည်းပညာအိမ်ရာစီမံကိန်းမှာ ပါဝင်ပါတယ်။ သူတို့ (၂) ယောက်ရဲ့ နေအိမ်တွေက ဘေးချင်းကပ်တော့ မဟုတ်ပါဘူး။ မာဘယ်လာမြို့က အပန်းဖြေစံအိမ်ကို ဝယ်ယူခဲ့ပြီးနောက်မှာ ရော်နယ်ဒို ဝယ်ယူထားတဲ့ နေအိမ်တွေရဲ့ စုစုပေါင်းတန်ဖိုးက ပေါင် (၂၇) သန်းအထိ ရှိလာခဲ့ပါပြီ။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top