လီဗာပူးကွင်းလယ်လူ သီယာဂိုမှာ ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိ

30-9-2020-yyl-019.jpg

ကွင်းလယ်လူ သီယာဂိုအယ်လ်ကန်တာရာမှာ ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့လို့ သီးသန့်ခွဲခြားထားတယ်လို့ လီဗာပူးအသင်းက အတည်ပြုခဲ့ပါတယ်။ အသက် ၂၉ နှစ်အရွယ်ရှိတဲ့ သီယာဂိုဟာ အာဆင်နယ်ကို ၃-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ ပါဝင်နိုင်ခဲ့ခြင်းမရှိပါဘူး။ သီယာဂိုက နိုင်ငံတကာပွဲစဉ်တွေ ကစားရမယ့် ရက်သတ္တပတ်ပြီးရင် လီဗာပူးအတွက် ပြန်ပါလာနိုင်လိမ့်မယ်လို့ နည်းပြ ဂျာဂန်ကလော့က ပြောပါတယ်။

အခုအခါမှာတော့ သီယာဂိုမှာ ကိုဗစ်-၁၉ ရောဂါပိုးရှိနေပြီး ရောဂါလက္ခဏာ အနည်းအကျဉ်းပြနေတယ်လို့ လီဗာပူးအသင်းက ကြေညာခဲ့ပါတယ်။ သီယာဂိုက တွစ်တာပေါ်မှာ ” အားမွေးရမယ့်အချိန်”လို့ ရေးသားခဲ့ပြီး သူ့ရဲ့အသင်းဟောင်းဖြစ်တဲ့ ဘိုင်ယန်မြူးနစ်အသင်းက အမြန်ဆုံး ပြန်သက်သာလာစေဖို့ ဆုတောင်းပေးခဲ့ပါတယ်။ သီယာဂိုဟာ လာမယ့်တနင်္ဂနွေနေ့မှာ ကစားရမယ့် ဗီလာနဲ့ပွဲစဉ်ကို လွဲချော်ရမှာဖြစ်ပြီး အောက်တိုဘာလ ၁၇ ရက်မှာ အဲဗာတန်နဲ့ ကစားမယ့် မာဆေးဆိုက်ဒ်ဒါဘီပွဲကျမှ လီဗာပူးအတွက် ပါဝင်ကစားခွင့်ရဖို့ ရှိနေပါတယ်။ လီဗာပူးမြို့ တည်ရှိတဲ့ အင်္ဂလန်နိုင်ငံ အနောက်မြောက်ပိုင်းမှာ ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှု သိသိသာသာ မြင့်တက်နေပြီး လီဗာပူးမြို့မှာ တစ်ပတ်ကို လူနာသစ် တွေ့ရှိမှု ၁၃၂၃ ယောက်အထိ ရှိနေပါတယ်။ စက်တင်ဘာလ ၂၁ ရက်ကနေ ၂၇ ရက်ကြားကာလအတွင်း ပရီးမီးယားလိဂ်မှာ ရောဂါ ရှိ၊ မရှိ စစ်ဆေးမှု ၁၅၉၅ ခုအနက် အတည်ပြုလူနာသစ် ၁၀ ယောက် တွေ့ရှိခဲ့ပါတယ်။

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top