လေယာဉ်အင်ဂျင်ထဲကို ကံကောင်းခြင်း အကြွေစေ့ ပစ်ထည့်ခဲ့တဲ့ တရုတ်အမျိုးသားကို ဒဏ်ရိုက်

yyl-036-1.jpg

ပထမဆုံးအကြိမ် လေယာဉ်စီးချိန်မှာ လေယာဉ်အင်ဂျင်ထဲကို ကံကောင်းစေတယ်ဆိုတဲ့ အကြွေစေ့တွေ ပစ်ထည့်ခဲ့တဲ့ တရုတ်အမျိုးသားတစ်ယောက်ကို တရားရုံးက ဒဏ်ငွေချမှတ်ခဲ့ပါတယ်။ အသက်(၂၈)နှစ်ရှိတဲ့ လူချောင်ဟာ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလက တရုတ်နိုင်ငံအရှေ့ပိုင်း အန်ချင်တိန့်အန်ကျူးရှန်လေဆိပ်မှာ ပြည်တွင်းလေကြောင်းခရီးစဉ် ပြေးဆွဲတဲ့လေယာဉ်ပေါ် မတက်ခင် လေယာဉ်အင်ဂျင်ထဲကို အကြွေစေ့တွေ ပစ်ထည့်ခဲ့တယ်လို့ ဝန်ခံခဲ့ပါတယ်။ သူ့ကို ပြီးခဲ့တဲ့ဇူလိုင်လက ရုံးထုတ်ခဲ့တာဖြစ်ပေမဲ့ ဒဏ်ငွေချမှတ်ခဲ့တဲ့ စီရင်ချက်ကို မကြာသေးခင်ကမှ လူသိရှင်ကြား ထုတ်ပြန်ခဲ့တာပါ။

လေယာဉ်အင်ဂျင်တစ်လုံးနားမှာ တစ်ယွမ်တန် အကြွေစေ့(၂)စေ့ ကျနေတာကို Lucky Air လေကြောင်းလိုင်းဝန်ထမ်းတစ်ယောက်က မြင်တွေ့ခဲ့ပြီးနောက်မှာ လေယာဉ်ခရီးစဉ်ကို ဖျက်သိမ်းခဲ့ပါတယ်။ အဲဒီနောက်မှာ လုံခြုံရေးစစ်ဆေးမှုတွေ လုပ်ခဲ့ပြီး ခရီးသည်တွေအတွက် အစားထိုး လေယာဉ်ခရီးစဉ်တွေ စီစဉ်ပေးခဲ့ရပါတယ်။ လူချောင်ကို ရဲတပ်ဖွဲ့က (၁၀)ရက်ကြာ ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ငြိမ်ဝပ်ပိပြားရေးကို နှောင့်ယှက်တယ်လို့ စွဲချက်တင်ခဲ့ပါတယ်။

သူ့ကို တရားမမှုနဲ့ စစ်ဆေးပြီး လေကြောင်းလိုင်းကို နစ်နာကြေး အမေရိကန်ဒေါ်လာ ၁၇၂၀၀ ပေးဆောင်ဖို့ တရားရုံးက ဆုံးဖြတ်ခဲ့တာပါ။ လေကြောင်းလိုင်းအနေနဲ့ လေယာဉ်အင်ဂျင်ထဲကို အကြွေစေ့တွေ ပစ်မထည့်ရဘူးဆိုတာ ခရီးသည်တွေကို ကြိုတင်သတိပေးသင့်တယ်လို့ လူချောင်က တရားရုံးက ချေပခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်တွေတုန်းကလည်း အယူသည်းတဲ့ ခရီးသည်တွေက လေယာဉ်အင်ဂျင်ထဲကို ကံကောင်းစေတယ်ဆိုတဲ့ အကြွေစေ့တွေ ပစ်ထည့်ခဲ့ကြဖူးပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top