မိုင်ယာမီမှာ တည်ဆောက်တော့မယ့် မြို့ငယ်တစ်မြို့စာအရွယ် ဧရာမအပန်းဖြေစင်တာ စီမံကိန်း

mineyarmi.jpg

၁၃၈ ဧက ကျယ်ဝန်းပြီး “American Dream” အမည်ရှိတဲ့ ဧရာမ အပန်းဖြေစင်တာကြီးကို အမေရိကန်နိုင်ငံ အရှေ့တောင်ပိုင်း ဖလော်ရီဒါပြည်နယ်က မိုင်ယာမီမြို့မှာ တည်ဆောက်တော့မှာ ဖြစ်ပါတယ်။

မိုင်ယာမီ အုပ်ချုပ်ရေးပိုင်းမှာ ဆွေးနွေးဆဲဖြစ်တဲ့ ဒီစီမံကိန်းမှာ ရေပန်းဥယျာဉ်၊ စတိုးဆိုင်တွေ၊ အဓိကအဆောက်အဦတွေနဲ့ စကိတ်ကွင်းတွေလဲ ပါဝင်မယ်လို့ သိရပါတယ်။ ဒီစင်တာကြီးဟာ ဧက ၁၁၀ ကျယ်တဲ့ ရောမတွေရဲ့ ဗာတီကန်မြို့ကြီးထက် ပိုကြီးသလို မောင့်ဂိုမာရီ က King of Prussia လို့အမည်ရတဲ့ အပန်းဖြေစင်တာထက်လည်း ပိုကြီးပါတယ်။

ဒီစီမံကိန်းကို Triple Five Group ကနေ တာဝန်ယူ တည်ဆောက်သွားမှာ ဖြစ်ပြီး ပြည်သူတွေအတွက် လူနေမှုဘဝပုံစံသစ်တွေကို ပုံဖော်ပေးနိုင်မယ့် နေရာတွေ ပါဝင်သွားမယ်လို့ ပြောထားပါတယ်။ Triple Five Group ဟာ အမေရိကန်နိုင်ငံ နယူးယော့ခ်မြို့မှာလည်း ၆၉ ဧက ကျယ်ပြီး ၂၀၁၉ မှာ ဖွင့်လှစ်ဖို့ ရည်ရွယ်ထားတဲ့ ဧရာမအပန်းဖြစင်တာတစ်ခုကိုလည်း လက်ရှိ ဆောက်လုပ်နေတာပါ။

အခုတည်ဆောက်မယ့် အပန်းဖြေစင်တာဟာ ဘောလုံးကွင်း ၁၀၀ ရဲ့ အရွယ်အစားနဲ့ ညီမျှပြီး တစ်နှစ်ကို ဧည့်သည်ပေါင်း သန်း ၃၀ လောက် လာရောက်ကြမယ်လို့ ခန့်မှန်းထားပါတယ်။

ဒါပေမဲ့ လတ်တလောမှာတော့ ဒီစီမံကိန်းဟာ ပြည်တွင်းပြိုင်ဘက်တွေနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အဖွဲ့အစည်းတွေကြောင့် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။

 

Ref : theculturetrip.com “American’s Biggest Mall is coming and it’s the size of a small city”

Cj (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top