လူမှုကွန်ယက်တွေပေါ်က ပျော်ရွှင်နေတဲ့ ဓာတ်ပုံတွေရဲ့နောက်ကွယ်

happy-group-of-friends-1.jpg

ကျွန်ုပ်တို့အားလုံး တစ်ခါလောက်ပဲဖြစ်ဖြစ် Facebook တို့ Instagram တို့ လူမှုမီဒီယာပေါ်က သူများတွေရဲ့ ပျော်ရွှင်နေတဲ့ ဓာတ်ပုံတွေကိုကြည့်ပြီး အားကျစိတ်နဲ့အတူ ကိုယ့်ကိုယ်ကိုယ် စိတ်ပျက်ခြင်းလေးတွဲပါလာတာ တစ်ခါလောက်တော့ ကြုံဖူးကြမှာပါ။

ဘာ့ကြောင့်ပါလဲ။ ရှင်းပါတယ်။ လူတွေက ကိုယ့်မှာမရတာကိုမှ လိုချင်ကြသလို မဖြစ်လာပြန်ရင်လည်း ကိုယ့်ကိုယ်ကိုယ်သာ အရင်အပြစ်တင်တတ်ကြလို့ပါ။ ဒါပေမယ့် အားမပျက်ပါနဲ့။ ဒီ လူမှုမီဒီယာတွေပေါ်က ပုံတွေအတိုင်း လူတွေက ၅ဝရာခိုင်နှုန်းလောက်ပဲရှိပြီး ကျန်တာကတော့ အတုအယောင်တွေပါပဲ။ အစားအသောက်တွေ အားပါးတရစားပြနေတဲ့ပုံတွေ၊ ဇိမ်ခံ ဟိုတယ်တွေပေါ်က ပုံတွေ၊ ကမ္ဘာ့နေရာအနှံ့ ခြေဆံ့နေတဲ့ပုံတွေ၊ ဒါတွေလိုက်ကြည့်ပြီး အားကျတယ်ဆို သင်မလွန်ပါဘူး။ ဒါပေမယ့် ကိုယ့်ကိုယ်ကိုယ် စိတ်ပျက်လက်ပျက် အပြစ်တင်လိုက်မယ်ဆိုရင်တော့ သင် အမှားကြီးမှားသွားပါလိမ့်မယ်။

သင့်မှာရှိတဲ့ မိသားစု၊ သူငယ်ချင်း အပေါင်းအသင်းတွေ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဒီထက်ပိုကောင်းတဲ့ အမှတ်တရတွေ အချိန်ကာလလေးတွေ ဖန်တီးလို့ရပါတယ်။ ကိုယ်ရရှိမယ့် ပျော်ရွှင်မှုဟာ သူများတွေ ရရှိတဲ့ ပျော်ရွှင်မှုနဲ့ မတူပါဘူး။ ကမ္ဘာ့နာမည်ကြီးနေရာတွေ ဈေးကြီးတဲ့နေရာတွေ သွားမှရမယ့် ပျော်ရွှင်မှုဆိုတာ အတုအယောင်တွေက များပါတယ်။ တကယ် အရေးအကြီးဆုံးကတော့ သင်နဲ့ အတူရှိနေပေးမယ့် အပေါင်းအဖော်တွေနဲ့ သင်ကိုယ်တိုင်ရဲ့ အစစ်အမှန် ပျော်ရွှင်မှု ဖြစ်ပါတယ်။

ခရီးစဉ်တွေကြည့်ပြီး အားကျနေမယ့်အစား ကိုယ်ချစ်မြတ်နိုးရတဲ့သူတွေနဲ့ ပျော်ပွဲစားလေးတစ်ခု ထွက်ပါ။ နာမည်ကြီး ဈေးကြီးတဲ့ ကုန်ပစ္စည်းတွေ သွားရည်ကျနေမယ့်အစား ကိုယ် တကယ်သဘောကျပြီး လိုလည်းလိုအပ်တဲ့အရာတစ်ခုကို ဝယ်တာဖြစ်ဖြစ် လက်ဆောင်ပေးတာဖြစ်ဖြစ်လုပ်ပါ။ ပေါ်ပင်ဆိုတာကို ပေါ်ပင်နေရာမှာပဲ ထားသင့်ပါတယ်။ ပုံရိပ်ယောင်တွေနောက်လိုက်ရင်း လက်ရှိဘဝတစ်ခုကို လမ်းပျောက်မသွားဖို့ပဲ လိုတာပါ။ ကိုယ်ရရှိနေတဲ့ဘဝတစ်ခု ဘဝစတိုင် တစ်ခုဟာ ကိုယ့်အတွက် အရေးအကြီးဆုံးပါ။ ရိုးရာလေး စာဖတ်ပရိတ်သတ်တွေလည်း လက်ရှိဘဝမှာ လက်ရှိအခြေအနေကို ပျော်ရွှင်စရာ အမှတ်တရလေးတွေနဲ့ ဖြည့်စည်းနိုင်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။

Sophia (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top