ငွေကုန်ကြေးကျသက်သက်သာသာနဲ့ ခရီးတွေထွက်နေနိုင်ဖို့

630x355.jpg

ခရီးကလည်းအမြဲလိုလိုထွက်ချင်နေတယ်။ လုပ်နေတဲ့အလုပ်နဲ့ စုထားတဲ့ပိုက်ဆံလေးလောက်နဲ့ကလည်း မဖြစ်ပြန်ဘူး။ ဒါပေမဲ့လည်းသွားချင်နေတုန်းပဲ။ ဒီလိုမျိုး ခရီးသွားရတာကိုချစ်သူလေးတွေအတွက် အပူအပင်ကင်းကင်းနဲ့ အမြဲခရီးထွက်နေနိုင်မယ့် လျှို့ဝှက်ချက်လေးတွေရှိပါတယ်။

ဘာတွေဖြစ်မလဲဆိုတာကိုတော့ ဆက်ကြည့်လိုက်ကြရအောင်ပါ။

၁။ နိုင်ငံရပ်ခြားမှာ အင်္ဂလိပ်စာသင်ပေးတာ
သင့်အနေနဲ့ ကမ္ဘာကြီးကို ပုံစံအမျိုးမျိုးနဲ့ မြင်ချင်တယ်ဆို ဘယ်နေရာဒေသမျိုးမှာမဆို အသုံးချလို့လွယ်ကူမယ့် အလုပ်အကိုင်တစ်မျိုးမျိုးကို တတ်မြောက်ထားသင့်ပါတယ်။ နိုင်ငံရပ်ခြားကိုရောက်လာတဲ့လူတွေအားလုံးရဲ့ အားကိုးရာဘာသာစကားက အင်္ဂလိပ်စာပဲမို့ မကျွမ်းကျင်တဲ့သူတွေကို သင်ပေးခြင်းဖြင့် အလွယ်တကူ အပိုဝင်ငွေရှာလို့ရပါတယ်။ အဆောင်နေကျောင်းသားတွေဆိုလည်း အဆောင်ဖော်တွေကို ဆံပင်ညှပ်ပေးတာ၊ အဝတ်ချုပ်ပေးတာနဲ့ ထမင်း၊ ဟင်းချုပ်ပေးတာတွေအထိ အဆင်ပြေသလိုလုပ်ပြီး ပိုက်ဆံရှာလို့ရပါတယ်။

၂။ လေကြောင်းလိုင်းတွေကို မျက်ချေမပြတ်ပါစေနဲ့
ဘယ်ရာသီမှာ ဘယ်လေကြောင်းလိုင်းက ဈေးချပေးတယ်။ ဘယ်နိုင်ငံနဲ့ ဘယ်နိုင်ငံကိုသွားရင်တော့ ဘယ်လိုဈေး၊ ကျောင်းသားဆို ဘယ်လိုဈေး စသဖြင့်ခွဲခြားထားတဲ့ လေကြောင်းလိုင်းတွေရှိတာမို့ မျက်စိဖွင့်၊ နားစွင့်ပြီး လေ့လာထားသင့်ပါတယ်။

၃။ ကိုယ်တိုင်ချက်ပြုတ် စားသောက်ပါ
ဈေးသက်သာမယ်ထင်ပြီး ဝင်စားတဲ့စားသောက်ဆိုင်တွေက အစားအသောက်တွေဟာလည်း မမျှော်လင့်ဘဲ ဈေးကြီးနေတတ်တာမို့ ဖြစ်နိုင်မယ်ဆို ကိုယ်တိုင်ချက်ပြုတ်စားသောက်တာမျိုးပဲ ပြုလုပ်စေချင်ပါတယ်။ အဆင်မပြေဘူးဆိုရင်တော့ လမ်းဘေးဆိုင်တွေမှာ ရွေးစားပါ။ စားသောက်ဆိုင်ကြီးတွေကို မဝင်မိပါစေနဲ့။

၄။ ခရီးသွားနည်းတဲ့ရာသီတွေမှာ ခရီးထွက်ပါ
ကမ်းရိုးတမ်းဒေသတွေနဲ့ ပင်လယ်ကမ်းခြေဖက်ကို ခရီးထွက်ချင်နေပေမဲ့ ကိုယ်ကလုံးဝ ငွေချင့်ချိန်နေရသူဖြစ်ပြီး အင်မတန်မှ ခရီးသွားချင်နေသူဆိုရင်တော့ မိုးရာသီလိုမျိုးကို ရွေးချယ်သင့်ပါတယ်။ ဒါပေမဲ့ တချို့ကမ်းခြေတွေကတော့ အဲဒီလိုရာသီမျိုးဆို ပိတ်ထားတတ်ပါတယ်။ အရမ်းအေးပြီး နှင်းကျတဲ့နိုင်ငံတွေကို သွားချင်တယ်ဆိုရင်တော့ ဆောင်းရာသီကိုရွေးပါ။ ခရီးသွားဧည့်သည်နည်းလေလေ၊ ဈေးသက်သာလေပါပဲ။

၅။ အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်သွားပါ
တချို့ ကျန်းမာရေးအဖွဲ့အစည်း၊ ဒေသဆိုင်ရာ အဖွဲ့အစည်းနဲ့ စီးပွားရေးအသင်းတွေက အဖွဲ့ဝင်တွေကို စုပေါင်းပြီး ပြည်တွင်း၊ ပြည်ပ လေ့လာရေးခရီးစဉ်တွေ စီစဉ်ပေးတတ်တာမို့ အတွေ့အကြုံလည်းရ၊ အလကားလည်းသွားချင်တယ်ဆို အခုကတည်းက ချိတ်ဆက်ထားလိုက်ပါ။

Ref: Pinterest “How to Travel on a Budget Forever and Ever”

Po Mo Htoo Aung (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top