UK မှာ ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ဖို့အတွက် အလုပ်ခွင်ကို ပြန်လာခဲ့တဲ့ ဆေးဘက်ဆိုင်ရာဝန်ထမ်းဟောင်း

1-4-2020-yyl-012.jpg

UK မှာ ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ဖို့အတွက် ဆေးဘက်ဆိုင်ရာဝန်ထမ်းဟောင်း (၂၀,၀၀၀) ဟာ ပြန်လာခဲ့တယ်လို့ သိရပါတယ်။ Britain’s National Health Service မှာသူနာပြုအဖြစ် (၃၉) နှစ်ကြာ လုပ်ကိုင်ခဲ့တဲ့ ဘီဗ် ဘော်ဂျ်ဟန်ကလည်း ကိုရိုနာဗိုင်းရပ်စ်ကို တိုက်ဖျက်ပေးမယ့် ဆေးဘက်ဆိုင်ရာဝန်ထမ်းဟောင်းထဲက တစ်ယောက်ပါပဲ။ သူက COVID-19 လူနာတွေကို ကူညီပြီး ကုသပေးဖို့ ပြန်လာခဲ့တာဖြစ်ပါတယ်။ ၂၀၁၆ခုနှစ်မှာ အငြိမ်းစားယူပြီးတဲ့နောက်မှာ သူနာပြုဝတ်စုံကိုပြန်ဝတ်ဆင်ရမယ်လို့ မတွေးခဲ့ဖူးဘူးလို့ ဘော်ဂျ်ဟန်ကဆိုပါတယ်။

ဘော်ဂျ်ဟန်က ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှုထိန်းချုပ်ဖို့အတွက် အလုပ်ကို ပြန်လာခွင့်ပေးတဲ့အတွက် သူကံကောင်းတယ်လို့ ဆိုပါတယ်။ “သင်က သူနာပြုဖြစ်ဖူးရင် အမြဲတမ်းသူနာပြုဖြစ်နေရပါမယ်။ ကျွန်မ သူနာပြုအဖြစ် လုပ်ကိုင်ခဲ့တဲ့နေရာမှာပြန်ရတဲ့အတွက် တကယ်ကို အထူးအခွင့်အရေးလို့ ခံစားမိပါတယ်။ ဒါကြောင့် အဲဒီနေရာကို မြန်မြန်ပြန်သွားနိုင်ပါတယ်”လို့ သူက ပြောပါတယ်။ ဒါပေမဲ့ သူက အတွေ့အကြုံရှိပေမဲ့လည်း ပြန်သွားရမှာ စိုးရိမ်စိတ်တော့ဖြစ်မိတယ်လို့ ဝန်ခံထားပါတယ်။ “စိုးရိမ်စိတ်တော့ရှိပါတယ်။ အလုပ်မှာ ပထမဆုံးနေ့ဟာ ခက်ခဲတဲ့အချိန်ဖြစ်တယ်လို့ ကျွန်မထင်တယ်။ ကျွန်မ စိုးရိမ်ပူပန်နေပေမဲ့လည်း ကျွန်မရဲ့ကူညီဆောင်ရွက်မှုတွေကို မျှော်လင့်နေပါတယ်” လို့ ပြောပါတယ်။

ဘီဗ် ဘော်ဂျ်ဟန်က ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ဖို့အတွက် အလုပ်ခွင်ကို ပြန်လာရတဲ့ တစ်ယောက်တည်းသောသူမဟုတ်ဘူးလို့ UK ဝန်ကြီးချုပ် ဘိုရစ် ဂျွန်ဆန်ရဲ့ပြောစကားအရသိရပါတယ်။ သီးခြားနေထိုင်နေစဉ်မှာ ဘိုရစ်ဂျွန်ဆန်က ကိုယ်ပိုင်အချိန်တွေကို ပေးပြီး စေတနာ့ဝန်ထမ်းတွေအဖြစ် ပြန်လာခဲ့တဲ့၊ အန္တရာယ်တွေကြားမှာ ကူညီပံ့ပိုးပေးမယ့် ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေကို ကျေးဇူးတင်ကြောင်း ဆိုရှယ်မီဒီယာမှာ တင်ခဲ့တာဖြစ်ပါတယ်။ “ဒီလောက်အရေအတွက်အများကြီး ပြန်လာခဲ့တဲ့ လူတိုင်းကို ကျေးဇူးတင်ပါတယ်။ ဆရာဝန်တွေ၊ သူနာပြုတွေအဖြစ် ပြန်လာတဲ့ ဝန်ထမ်း (၂၀၀၀၀) ရှိတယ်လို့ ကျွန်တော်ပြောနိုင်ပါတယ်။ ဒါက အံ့သြမင်သက်ဖို့အကောင်းဆုံးပါပဲ။ ပြင်ပက စေတနာ့ဝန်ထမ်းတွေကလည်း ဒီအကျပ်အတည်းတွေကနေ ကျော်လွှားနိုင်ဖို့ ကူညီပေးမှာပါ” လို့ ဝန်ကြီးချုပ်က ပြောပါတယ်။

ဘီဗ် ဘော်ဂျ်ဟန် အပါအဝင် အခြားဆေးဘက်ဆိုင်ရာဝန်ထမ်းဟောင်းတွေက ဒီကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားနေစဉ်အတွင်းမှာ ပြည်သူတွေအတွက် တာဝန်ထမ်းဆောင်ရတော့မှာဖြစ်ပါတယ်။

Ref: Once a nurse, always a nurse’: 20,000 former UK medics return to battle coronavirus

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top