ချစ်ဖို့ကောင်းတဲ့ ဟောလိုးဝင်းဝတ်စုံကြောင့် လူမှုကွန်ယက်မှာ အာရုံစိုက်ခံနေရတဲ့ မသန်စွမ်းကလေးလေး

yyl-18-043.jpg

အိုဟိုင်းယိုးပြည်နယ်၊ ကမ်တန်မြို့က (၂) နှစ်အရွယ် ကလေးလေး ဘရန်လေ မော်စီ (Brantley Morse) ဟာ ကိုယ်လက်အင်္ဂါတချို့မလှုပ်ရှားနိုင်တဲ့ရောဂါရှိပြီး လမ်းလျှောက်အကူကိရိယာကို အသုံးပြုနေရတာဖြစ်ပါတယ်။ မကြာသေးခင်ကမှ အဲဒီကလေးက သူ့ရဲ့ဟောလိုးဝင်းဝတ်စုံကြောင့် လူအများရဲ့အာရုံစိုက်မှုကို ရရှိခဲ့ပါတယ်။ သူက ဟောလိုးဝင်းဝတ်စုံအဖြစ် နာမည်ကြီးဇာတ်ကား “UP” ထဲက ကာလ် (Carl) ဇာတ်ကောင်ပုံစံလို ဝတ်ဆင်ခဲ့တာပါ။ အဲဒီလိုပုံစံမျိုးဝတ်ပြီး ပြုံးပျော်နေတာက ကြည့်မိသူတိုင်းကို အပျော်တွေကူးစက်စေနိုင်ပါတယ်။

အဘိုးအိုတစ်ယောက်အနေနဲ့ ဝတ်ဆင်ခဲ့တဲ့ ဘရန်လေက ဒစ်စနေးဇာတ်ကောင်နဲ့တော်တော်လေးတူပါတယ်။ ဇာတ်ကားရဲ့အမှတ်အသားဖြစ်တဲ့ ပူဖောင်းတွေကိုလည်း သူ့ရဲ့လမ်းလျှောက်အကူကရိယာမှာ ချည်းနှောင်းခဲ့ပါတယ်။ ဘရန်လေက သူ့ရဲ့မျက်မှန်နဲ့ပဲ ဇာတ်ကောင်ကို ပိုပြီးပီပြင်သွားခဲ့ပါတယ်။ ဘရက်လေရဲ့မိဘတွေက သူ့ရဲ့မသန်စွမ်းဖြစ်တာကို ဂုဏ်ပြုပေးတဲ့အနေနဲ့ ချစ်စရာကောင်းတဲ့ ဟောလိုးဝင်းဝတ်စုံကို ဝတ်ဆင်စေခဲ့တာဖြစ်ပါတယ်။ ဘရက်လေကို လမစေ့သေးဘဲ လေးလနဲ့ မွေးဖွားခဲ့ပြီး အလေးချိန်က (၁) ပေါင် (၁၁) အောင်စသာရှိပါတယ်။ သူဟာ ကိုယ်လက်အင်္ဂါ မလှုပ်ရှားနိုင်တဲ့ရောဂါအပြင် ကျောက်ကပ်ရောဂါအဆင့် (၃)၊ အဆုတ်ရောဂါ၊ ရင်ခေါင်းတောင့်ခြင်း၊ အစာမကြေတဲ့ရောဂါ တွေလည်းရှိပါတယ်။

လူလောကကို ဝင်ရောက်ခဲ့တဲ့ ပထမဆုံးခြောက်လကို Akron Children’s Hospital ရဲ့ NICU မှာ ကုန်ဆုံးခဲ့ရပြီး အသက်ရှင်ဖို့ ကြိုးစားဖြတ်ကျော်ခဲ့ရပါတယ်။ အခုဆိုရင် ဘရက်လေရဲ့မိဘတွေက တိုးတတ်မှုရှိလာတဲ့အတွက် ဝမ်းသာပျော်ရွှင်နေကြပါတယ်။ ဘရက်လေက စိန်ခေါ်မှုတော်တော်များများကို ရင်ဆိုင်ရဦးမှာဖြစ်ပါတယ်။ ဒါပေမဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖြတ်ကျော်နေရပေမဲ့လည်း သူ့မျက်နှာပေါ်မှာ အပြုံးပန်ဆင်နိုင်တဲ့ ကလေးလေးဆိုတာကို ဟောလိုးဝင်းဝတ်စုံဝတ်ပြီးရိုက်ထားတဲ့ပုံတွေမှာ မြင်တွေ့ခဲ့ရပါတယ်။

Ref: CBSNews “2-year-old with cerebral palsy has clever Halloween costume that celebrates his disability”
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply