ကောလာဟလတွေ ထွက်နေပေမဲ့ အာဆင်နယ်မှာပဲ ဆက်ကစားမယ်ဆိုတဲ့ အူဘာမီယန်း

yyl-006-2.jpg

အသင်းပြောင်းမယ်ဆိုတဲ့ ကောလာဟလတွေ ထွက်နေပေမဲ့ အာဆင်နယ်အသင်းမှာပဲ ဆက်ကစားသွားမယ်လို့ အသင်းခေါင်းဆောင် အူဘာမီယန်းက ပြောပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်း အာဆင်နယ်အသင်း ရလဒ်ဆိုးတွေ ကြုံတွေ့ခဲ့ပြီးနောက်မှာ အင်တာမီလန်နဲ့ ဘာစီလိုနာက အူဘာမီယန်းကို ခေါ်ယူဖို့ ဆက်သွယ်နေတယ်ဆိုတဲ့ ကောလာဟလတွေ ထွက်ခဲ့ပါတယ်။ အူဘာမီယန်းနဲ့ အာဆင်နယ်အသင်း ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ၂၀၂၁ ခုနှစ်မှာ ကုန်ဆုံးမှာဖြစ်ပြီး အူဘာမီယန်းက သက်တမ်းတိုးစာချုပ် ချုပ်ဆိုခြင်းမရှိသေးပါဘူး။

“ ကျွန်တော်နဲ့ပတ်သက်ပြီး မီဒီယာမှာ ထွက်ပေါ်နေတဲ့ ကောလာဟလတွေကို ရှင်းချင်ပါတယ်။ လူတွေက ဇာတ်လမ်းထွင်ရတာ သဘောကျတယ်။ သူတို့အနေနဲ့ ကွင်းထဲမှာဖြစ်နေတဲ့ကိစ္စတွေကို အာရုံစိုက်သင့်ပါတယ်။ သူတို့တွေ စကားအရမ်းများလို့ ကျွန်တော် စိတ်ရှုပ်ရတယ်။ ကျွန်တော်က အာဆင်နယ်အသင်းခေါင်းဆောင်ပါ။ ဒီအသင်းကို ကျွန်တော်ချစ်တယ်။ အသင်းအတွက် စိတ်နှစ်ထားတယ်။ အာဆင်နယ်အသင်းကို ရှိသင့်ရှိထိုက်တဲ့ ထိပ်တန်းနေရာ ပြန်ပို့ပေးနိုင်ဖို့ စိတ်အားထက်သန်နေပါတယ် “လို့ ဂါဘွန်လက်ရွေးစင် တိုက်စစ်မှူး အူဘာမီယန်းက ပြောပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top