မင်္ဂလာဆောင်တွေမှာ လိုက်ခိုးနေတယ်ဆိုတဲ့ အမျိုးသမီးကို ရဲတပ်ဖွဲ့ ဆုကြေးထုတ်

wedding.jpg

မင်္ဂလာဆောင်တွေမှာ လိုက်ခိုးနေတယ်ဆိုတဲ့ အမျိုးသမီးကို ရဲတပ်ဖွဲ့ ဆုကြေးထုတ်

”မင်္ဂလာပွဲကို ဖျက်ဆီးသူ”လို့ သမုတ်ထားတဲ့ အမျိုးသမီးတစ်ယောက်ကို အမေရိကန်ရဲတပ်ဖွဲ့က ရှာဖွေနေပြီး ဆုကြေးထုတ်ထားပါတယ်။ အမည်ဖော်ပြခြင်းမရှိတဲ့ အမျိုးသမီးဟာ တက္ကဆက်ပြည်နယ်တောင်ပိုင်းက မင်္ဂလာဆောင်တွေမှာ လက်ဆောင်ပစ္စည်းတွေ ခိုးယူခဲ့တယ်လို့ စွပ်စွဲခံထားရပါတယ်။ ဒီအမျိုးသမီးဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလနောက်ပိုင်း အနည်းဆုံး မင်္ဂလာဆောင် လေးခုကို မဖိတ်ဘဲ ရောက်လာခဲ့တယ်လို့ ဆိုပါတယ်။

လက်ဆောင်ကတ်တစ်ခုသုံးပြီး ဈေးဆိုင်မှာ ဈေးဝယ်နေတဲ့ အဲဒီအမျိုးသမီးရဲ့ဓာတ်ပုံကို ရဲတပ်ဖွဲ့က ဝေမျှခဲ့ပါတယ်။ ဒီအမျိုးသမီးကို ဖမ်းနိုင်အောင် သတင်းပေးနိုင်ရင် အမေရိကန်ဒေါ်လာ ၄၀၀၀ ဆုချီးမြှင့်မယ်လို့ ထုတ်ပြန်ထားပါတယ်။ ”ဒီအမျိုးသမီးက တခြားသူတွေရဲ့ နေ့ထူးနေ့မြတ်ကို ဖျက်ဆီးနေတာ ခွင့်မပြုနိုင်ပါဘူး။ သူ့ကို တရားဥပဒေရှေ့မှောက် ခေါ်ဆောင်ကြရအောင်”လို့ ကိုမယ်ကောင်တီ ဥပဒေစိုးမိုးရေးရုံးက ထုတ်ပြန်ခဲ့ပါတယ်။

ဇနီးမောင်နှံ ၂ ယောက်ကတော့ သူတို့အလှည့်တုန်းက ဟန်းနီးမွန်းထွက်တော့မှ ငွေသားဒေါ်လာ ရာနဲ့ချီ ပျောက်ဆုံးနေပြီး ဒေါ်လာထောင်ချီတန်တဲ့ လက်ဆောင်ကတ်နဲ့ ချက်လက်မှတ်တွေလည်း ပျောက်ဆုံးနေတာ တွေ့ရလို့ ယူကျုံးမရဖြစ်မိတယ်လို့ ဆိုပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top