နေ့စဉ် ပုံမှန် လမ်းလျှောက်ခြင်းဖြင့် ခန္ဓာကိုယ်အတွက် ရရှိလာမယ့် အကျိုးကျေးဇူးများ

enjoying-walk-P46WBGT.jpg

“လမ်းလျှောက်ခြင်းက အကောင်းဆုံးဆေးဝါး” ဆိုတဲ့ အဆို ကိုကြာဖူးကြပါသလား။ ဒီအဆိုလေးကို ပို ပြီး စုံစုံလင်လင် ဖြည့်စွက်ပြောရမယ်ဆိုရင် ကောင်းမွန်တဲ့ အိပ်စက်ခြင်းနဲ့ ကျန်းမာတဲ့ အစာအာဟာရကို လမ်းလျှောက်ခြင်းနဲ့ ပေါင်းစပ်လိုက်ရင် ဆရာဝန်ဆီတောင် သွားစရာ မလိုပါဘူး။ နေ့စဉ် ပုံမှန် ၁၅ မိနစ်ကနေ မိနစ် ၃၀ကြာ လမ်းလျှောက်ပေးရင် လူတစ်ယောက်ရဲ့ အပေါ်ယံ သွင်ပြင်သာမက ကျန်းမာရေးကိုလည်း တိုးတက်ကောင်းမွန်စေပါတယ်။

လမ်းလျှောက်တာကြောင့် ရရှိလာမယ့် အကျိုးကျေးဇူးတွေကို ကြည့်ရအောင်…

ဦးနှောက်မှာ ကောင်းတဲ့ ပြောင်းလဲမှုကို ဖြစ်စေတယ်

လမ်းလျှောက်ခြင်းလို အေရိုးဗစ် လေ့ကျင့်ခန်းက စောစီးစွာ သူငယ်ပြန်ခြင်းကို တားဆီးပေးပါတယ်။ အယ်ဇိုင်းမား ရောဂါဖြစ်ပွားနိုင်ချေ လျော့ကျစေပြီး စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး အလုံးစုံကို ကောင်းမွန်စေပါတယ်။

အမြင်အာရုံကောင်းမွန်စေပါတယ်

ခြေထောက်နဲ့ မျက်လုံးက ဆက်စပ်ကြည့်ရင် အဝေးကြီးဆိုပေမယ့် နေ့စဉ် ပုံမှန်လမ်းလျှောက်ပေးရင် မျက်လုံးအတွက်လည်း ကောင်းမွန်စေပါတယ်။

နှလုံးရောဂါကို ကာကွယ်ပေးတယ်

အမေရိကန် နှလုံးအဖွဲ့အစည်းရဲ့ ပြောကြားချက်အရ နှလုံးနဲ့ ဆက်စပ်တဲ့ ရောဂါတွေကို ကာကွယ်တဲ့ နေရာမှာ လမ်းလျှောက်ခြင်းက ပြေးခြင်းထက် ထိရောက်မှု နည်းတယ်ဆိုတာမျိုး မရှိပါဘူးတဲ့။ လမ်းလျှောက်ပေးရင် သွေးပေါင်ချိန် နဲ့ ကိုလက်စထရော ပမာဏကို လျှော့ချပေးပြီး နှလုံးပြဿနာတွေ မဖြစ်အောင် ကာကွယ်ပေးပါတယ်။ သွေးလည်ပတ်မှုကိုလည်း ကောင်းမွန်စေပါတယ်။

အဆုတ်ကိုကောင်းမွန်စေတယ်

လမ်းလျှောက်ခြင်းက သွေးကြောထဲမှာ အောက်ဆီဂျင် စီးဆင်းမှုကောင်းစေပြီး အဆုတ်ကို လေ့ကျင့်ပေးတဲ့ အေရိုးဗစ် လေ့ကျင့်ခန်းပါပဲ။ အသက်ခပ်ပြင်းပြင်း ခပ်ဝဝ ရှူပေးရင် အဆုတ်နဲ့ ပတ်သက်တဲ့ ရောဂါ လက္ခဏာတွေက သက်သာစေပါတယ်။

အစာချေစနစ်ကောင်းမွန်စေပါတယ်

နေ့စဉ် မိနစ် ၃၀ကြာ လမ်းလျှောက်ပေးရင် အူမကြီးကင်ဆာ ဖြစ်ပွားနိုင်ချေ နည်းပြီး အစာချေစနစ် ကောင်းမွန်စေကာ ဝမ်းချုပ်ခြင်း မဖြစ်စေပါဘူး။

ကျောအောင့်တာ သက်သာစေတယ်

ကျောခဏခဏ အောင့်တတ်တဲ့ လူတွေအတွက် ထိရောက်တဲ့ ကုသနည်းက လမ်းလျှောက်ခြင်းပါ။ ကျောရိုးမကြီးဆီ သွေးလှည့်ပတ်စီးဆင်းမှု ကောင်းစေပြီး ကိုယ်ဟန် အနေအထား မှန်ကန်စေတာကြောင့် ကျောအောင့်တာ သက်သာစေမှာပါ။

စိတ်ငြိမ်သက်စေပါတယ်

စိတ်ဓာတ်ကျပြီး စိတ် ကစဉ့်ကလျားဖြစ်လေ့ရှိတဲ့ လူနာတွေကို နေ့စဉ်ပုံမှန် လမ်းလျှောက်ခိုင်းရင် တိုးတက်မှုတွေရှိလာတာ တွေ့ရမှာပါ။ သူငယ်ချင်းတွေ ချစ်ရသူတွေနဲ့ ပျော်ပျော်ရွှင်ရွှင် လမ်းလျှောက်တာက စိတ်ခံစားမှုလည်း ကောင်းမွန်လာစေပါတယ်။

ဒါကြောင့် နေ့တိုင်း ပုံမှန်လမ်းလျှောက်ဖို့ မပျင်းကြပါနဲ့လို့ တိုက်တွန်းလိုက်ပါရစေ ရိုးရာလေးပရိသတ်ကြီးရေ…

Ref: brightside.me

May Moe (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top