အသက် ၁၀နှစ်ပေမယ့် တက္ကသိုလ်တက်ဖို့ အရည်အချင်း ပြည့်တဲ့သူ

hight-iq-edcuation.jpg

ဗြိတိန်နိုင်ငံမှ Esther Okade လို့ အမည်ရတဲ့ ၁၀ နှစ်အရွယ် ကလေးမလေး တစ်ဦး ဖြစ်ပါတယ်။

သူမဟာ အစိုးရကျောင်းနဲ့ ဘယ် ပုဂ္ဂလိက ကျောင်းမှ မတက်ဖူးပဲ သူတို့ဆီမှာ တက္ကသိုလ်ဝင်ခွင့် တစ်ခု ဖြစ်တဲ့ GCSE ကို ကို C Level နဲ့ အောင်မြင်ပြီး တက္ကသိုလ် တက်ခွင့်ရခဲ့ပါတယ်။

ကလေးမလေးဟာ တက္ကသိုလ်က စစ်ဆေးတဲ့ ဝင်ခွင့် သင်္ချာမှာလည်း A Level နဲ့ အောင်မြင်ခဲ့ပါတယ်။ ဒါကြောင့်မို့ သူမရဲ့ အရည်အချင်းဟာ တက္ကသိုလ် တက် အရွယ် များနဲ့ ကိုက်ညီနေပါတယ်။ သူ့ရဲ့ မောင်လေး ဖြစ်သူဟာလည်း GCE A Level ဖြေဖို့အတွက် ပြင်ဆင်နေပါတယ်တဲ့။ ဒါကြောင့်မို့ သူမ တစ်ယောက်တည်း မဟုတ်ပဲ မောင်နှမလိုက် ထူးချွန်သူများ ဖြစ်ပါတယ်။ သူမရဲ့ မိခင်နဲ့ ဖခင်က သားသမီးကို ကျောင်းမထားနိုင်တာကြောင့် အိမ်မှာပဲ စာသင်ကြားပေးခဲ့ခြင်း ဖြစ်ပါတယ်။ အသက် ၇ နှစ်အရွယ်ကတည်းက တက္ကသိုလ်တက်ချင်ကြောင်း ပူဆာနေတာကြောင့် အသက် ၁၀ နှစ် အရွယ်ရောက်တဲ့အခါ ဝင်ခွင့်ကို ပေးဖြေခဲ့ပြီး တက်ဖို့ အတွက် အရည်အချင်း ကိုက်ညီတာကိုလည်း အင်တာဗျူး ရလဒ်က သက်သပြေခဲ့ပါတယ်။

သူ့ကို တက္ကသိုလ် ပါမောက္ခများကိုယ်တိုင် ဖုန်းနဲ့လည်း အင်တာဗျူးခဲ့ခြင်း ဖြစ်ပါတယ်။ ဒါကြောင့်မို့ သူမဟာ ကမ္ဘာ့ ဥာဏ်ရည်အမြင့်ဆုံး လူသားစာရင်းထဲ ပါဝင်လာပါတယ်။

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top