သင့် ဘရာအရွယ်အစားကို ဘယ်လိုသိနိုင်မလဲ

womens-bras-close-up-many-different-beautiful-CA38V75.jpg

အမျိုးသမီးတွေရဲ့ ၇၅ ကနေ ၈၀ ရာခိုင်နှုန်းဟာ မှားယွင်းတဲ့ ဘရာအရွယ်အစားတွေ ဝတ်ဆင်နေကြပါတယ်။ ပိန်ခြင်း ၀ခြင်း ကိုယ်ဝန်ဆောင်ခြင်းတွေကြောင့် ခန္ဓာကိုယ်မှာ ပြောင်းလဲမှုတွေ ရှိနေပါတယ်။ ဒါကြောင့်မို့ ခုချိန်မှာ မှန်ကန်တဲ့အရွယ်အစားကို ဝတ်နေရင်တောင် နောင်မှာ ပြောင်းဖို့ လိုကောင်းလိုလာပါလိမ့်မယ်။

တိုင်းတာသင့်ပါသလား

သင့်ရဲ့ ဘရာအရွယ်အစားကို တိုင်းဖို့ ခက်ကောင်းခက်နိုင်ပါတယ်။ ဒါပေမယ့် ဒီလမ်းညွှန်ချက်အတိုင်း လုပ်ကြည့်မယ်ဆိုရင် ကိုယ်နဲ့ တော်မတော် တိုင်းတာလို့ရမှာပါ။

အမျိုးသမီးတစ်ယောက်နဲ့ တစ်ယောက် မတူပါဘူး။ ဒါကြောင့်မို့ တပြေးညီချုပ်ထားတဲ့ ဘရာတွေက လူတိုင်းနဲ့ အဆင်ပြေမှာ မဟုတ်ပါဘူး။ ဒီအတွက် အရင်ဆုံး ကိုယ့်ရဲ့ ကိုယ်တိုင်းကို သိဖို့လိုပါတယ်။ အဆင့်(၂)ဆင့် ရှိပါတယ်။

ဘရာအပတ် အရွယ်အစားကို တိုင်းတာခြင်း

  • ဘရာအပတ်ရဲ့ အောက်၊ ရင်သားတွေရဲ့အောက်ကနေ နံရိုးတွေကိုဖြတ်ပြီး သင့်ရဲ့ အနောက်ကနေ အရှေ့ကိုပတ်ပြီး တိုင်းလိုက်ပါ။ အနီးဆုံး ကိန်းပြည့်ကို ယူပါ။
  • မဂဏန်းထွက်နေရင် ၅ ပေါင်းပါ။ စုံဂဏန်းထွက်နေရင် ၄ ပေါင်းပါ။ (၃၂ ရရင် သင့်ရဲ့ ဘရာ အပတ်အရွယ်အစားက ၃၆ လက်မဖြစ်ပြီး ၃၃ ရရင်တော့ ၃၈ လက်မ ဖြစ်ပါမယ်။)

ဘရာခွက်ကို တိုင်းတာခြင်း

  • ရင်သားရဲ့ အဖွံ့ဖြိုးဆုံးနေရာနားမှာ ခပ်လျော့လျော့လေး အနောက်ကနေ အရှေ့ကိုပတ်ပြီး တိုင်းပါ။ အဲဒါက ဘရာခွက်ရဲ့ အရွယ်အစားပါ။
  • ပြီးရင် ပထမအဆင့် တိုင်းလို့ရလာတဲ့ ဘရာအပတ် အရွယ်အစားကို နှုတ်လိုက်ပါ။ ခြားနားချက်က သင်နဲ့တော်တဲ့ ဘရာ အရွယ်အစားပါပဲ။ (ဥပမာ ခုတိုင်းလို့ရတာက ၃၆၊ ဘရာအပတ်က ၃၄ ဆိုရင် ခြားနားချက် ၂ဖြစ်တာမို့ သင်နဲ့ သင့်တော်တဲ့ ဘရာအရွယ်အစားက B ဖြစ်ပါလိမ့်မယ်။

ရေးသားသူ Dr. Phio Thia

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. K Zin Thwe

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top