ဆော်ဒီနိုင်ငံက နိုင်ငံတကာခရီးသည် တွေကို ဟာ့ဂျ်ဘုရားဖူးခရီးစဉ် လာရောက်ခွင့်ပိတ်ပင်

23-6-2020-yyl-001.jpg

ကိုရိုနာဗိုင်းရပ်စ်ကို ထိန်းချုပ်နိုင်ဖို့အတွက် ဆော်ဒီနိုင်ငံက အခုနှစ်မှာ နိုင်ငံတကာခရီးသည်တွေကို အစ္စလာမ်ဘာသာဝင်တွေရဲ့ ဟာ့ဂျ်ဘုရားဖူးခရီးစဉ် လာရောက်ခွင့်ပိတ်ပင်ထားပါတယ်။ လက်ရှိအချိန်မှာ ဆော်ဒီနိုင်ငံအတွင်း နေထိုင်နေတဲ့ နိုင်ငံခြားသားတချို့တလေကိုပဲ ဝတ်ပြုဆုတောင်းခွင့်ပေးမယ်လို့ ဆော်ဒီနိုင်ငံပိုင်မီဒီယာက ထုတ်ပြန်ကြေညာထားပါတယ်။ ပုံမှန်အားဖြင့်ဆိုရင်တော့ အခုနှစ်နွေရာသီမှာ မက္ကာနဲ့ မက်ဒီနာမြို့တွေကို ခရီးသည် ၂ သန်းလောက် လာရောက်ဖို့ရှိတယ်လို့ ခန့်မှန်းထားပါတယ်။

ဒီနှစ်မှာ ကိုရိုနာဗိုင်းရပ်စ် ကမ္ဘာ့ကပ်ရောဂါ ကူးစက်ပျံ့နှံ့နေလို့ ဟာ့ဂျ်ဘုရားဖူးခရီးစဉ်ကို လုံးဝဖျက်သိမ်းမလားဆိုပြီး စိုးရိမ်ပူပန်ခဲ့ကြပါတယ်။ ဟာ့ဂျ်ဘုရားဖူးကာလဟာ အစ္စလာမ်ဘာသာဝင်တွေရဲ့ ဘာသာရေးပြက္ခဒိန်မှာ အထူးခြားဆုံးအခိုက်အတန့်ဖြစ်ပါတယ်။ ဆော်ဒီနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၁၆၁၀၀၅ ယောက်ရှိနေပြီး လူ ၁၃၀၇ ယောက် သေဆုံးခဲ့ပါတယ်။ ဆော်ဒီနိုင်ငံဟာ ပြီးခဲ့တဲ့အားလပ်ရက်ကမှ နိုင်ငံတဝန်း ပိတ်ဆို့မှုတွေကို ရုပ်သိမ်းခဲ့တာပါ။ ဘဝတစ်သက်တာမှာ ဟာ့ဂျ်ဘုရားဖူးခရီးစဉ် အနည်းဆုံးတစ်ကြိမ် သွားရောက်ရေးဟာ ကျန်းမာရေးကောင်းမွန်ပြီး ငွေကြေးတတ်နိုင်တဲ့ အစ္စလာမ်ဘာသာဝင်တိုင်း လိုက်နာရမယ့် မဏ္ဍိုင်ကြီး ၅ ရပ်အနက် တစ်ရပ်ဖြစ်ပါတယ်။

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top