မိုးကြီးလာနိုင်လို့ ပြန်ရှာတွေတဲ့ ကလေးတွေကို ရက်ပိုင်းအတွင်း ရေငုပ်ပြီး ခေါ်ထုတ်မယ်

36560233_1873934585996006_2379356081768890368_n.jpg

လာမယ့်ရက်ပိုင်းအတွင်း မိုးသည်းထန်စွာရွာ သွန်းမှုတွေ ဖြစ်လာနိုင်ချေရှိနေတာကြောင့် လိုဏ်ဂူအတွင်းမှာ ပိတ်မိနေတဲ့ ကလေးငယ်တွေနဲ့ နည်းပြကို ရေငုပ်ခေါ်ယူဖို့ အလျင်အမြန် လုပ်ဆောင်သွားရမယ်လို့ ထိုင်းအကြီးတန်း အရာရှိတစ်ဦးက ပြောခဲ့ပါတယ်။

ထိုင်း မိုးလေဝသ ပညာရှင်တွေက လာမယ့်ရက်ပိုင်းအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုများ ဖြစ်လာနိုင်လို့ ကလေးငယ် ၁၂ ဦးနဲ့ နည်းပြတို့ ရှိနေတဲ့ လိုဏ်ဂူထဲမှာ ဆိုးရွားတဲ့ ရေကြီးမှုတွေ ဖြစ်လာနိုင်တယ်လို့ သုံးသပ်ပြောဆိုထားပါတယ်။ ချင်ရိုင်ခရိုင်က လိုဏ်ဂူထဲမှာ ပိတ်မိနေတဲ့ ကလေးငယ်တွေနဲ့ နည်းပြတို့ကို ဇူလိုင် ၂ ရက်နေ့ ညပိုင်းမှာ ကယ်ဆယ်ရေးသမားတွေက ရှာဖွေတွေရှိခဲ့ပါတယ်။ ထိုင်းပြည်ထဲရေးဝန်ကြီး ပါအိုဂျင်ဒါက အခုသီတင်းပတ်နောက်ပိုင်းမှာ ရာသီဥတု မဆိုးလာခင် ကလေးငယ်တွေဟာ ရေငုပ်ပစ္စည်းတွေကို အသုံးပြုပြီး ရေငုပ်ထွက်လာနိုင်ဖို့ လိုတယ်လို့ပြောခဲ့ပါတယ်။

ကလေးငယ်တွေကို ကယ်ဆယ်ရေးသမားတွေ ဝင်ရောက်ခဲ့တဲ့ ရှုပ်ထွေးတဲ့ လမ်းကြောင်းပုံစံအတိုင်း ပြန်ခေါ်ယူရဖွယ်ရှိနေတယ်လို့ ထိုင်း ပြည်ထဲရေးဝန်ကြီးက ပြောခဲ့ပါတယ်။ လက်ရှိအချိန်မှာ လိုဏ်ဂူအတွင်းက ရေတွေကို ရေစုပ်စက်နဲ့ စုပ်ထုတ်မှုတွေ ဆက်လက်လုပ်ဆောင်နေပြီး လိုဏ်ဂူအတွင်း ရေမရှိမှသာ ကလေးတွေ ထွက်လာဖို့ အဆင်ပြေနိုင်မယ်လို့ သုံးသပ်နေကြပါတယ်။

ကလေးငယ်တွေကို ပရော်ဖက်ရှင်နယ် ရေငုပ်သမား နှစ်ဦးက လမ်းပြပြီး ခေါ်ဆောင်ရမှာဖြစ်သလို ရေငုပ်သမားနှစ်ဦးဟာ ကလေးတစ်ဦးကို ခေါ်ဆောင်လာရဖွယ်လည်း ရှိနေပါတယ်။ ထိုင်းပြည်ထဲရေးဝန်ကြီးက ရေငုပ်တာဟာ လွယ်ကူတဲ့အလုပ်မဟုတ်ဘဲ အရင်က မလုပ်ဆောင်ဘူးတဲ့လူတွေအတွက်ဆို ပိုပြီး ခက်ခဲတယ်လို့ ပြောခဲ့ပါတယ်။ လိုဏ်ဂူအတွင်း ရေငုပ်တာဟာ ရေကူးကန်မှာ ရေငုပ်တာနဲ့မတူညီကြောင်း၊ လိုဏ်ဂူအတွင်း ရေငုပ်ရတာဟာ ကျဉ်းမြောငိးတဲ့လမ်းကြောင်းအတိုင်း ငုပ်ရတာဖြစ်တာကြောင့် ခက်ခဲတယ်လို့ ထိုင်းပြည်ထဲရေးဝန်ကြီးက ပြောခဲ့ပါတယ်။

Ref: pbs “Boys may have to dive their way out from cave, Thai official says”

Kaung Htet Ngwe (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top