ဝေလမင်းသား ချားစ် COVID-19 ကူးစက်ခံရ

prince-charles.jpg

ဝေလမင်းသား ချားစ်မှာ COVID-19 ကူးစက်ခံထားရတယ်လို့ စစ်ဆေးတွေ့ရှိခဲ့ကြောင်း ကလဲရင့်အိမ်တော် (Clarence House) က အတည်ပြုခဲ့ပါတယ်။ အသက် ၇၁ နှစ်ရှိတဲ့ ချားစ်မင်းသားဟာ ရောဂါလက္ခဏာ နည်းနည်းပြနေပေမဲ့ ကျန်းကျန်းမာမာ ရှိနေတယ်လို့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

ကွန်းဝဲလ်မြို့စားကတော် ကာမီလာကို ကျန်းမာရေးစစ်ဆေးမှုလုပ်ခဲ့ပေမဲ့ COVID-19 ကူးစက်ခံရခြင်းမရှိဘူးလို့ စစ်ဆေးတွေ့ရှိခဲ့ပါတယ်။ ချားစ်မင်းသားနဲ့ ဇနီးသည် ကာမီလာတို့ဟာ စကော့တလန်နိုင်ငံ ဘယ်မိုရယ်ရဲတိုက်မှာ သီးသန့် ခွဲခြား နေထိုင်လျက်ရှိပါတယ်။ ချားစ်မင်းသားအနေနဲ့ ဘယ်သူ့ဆီကနေ COVID-19 ကူးစက်ခံခဲ့ရတာလဲဆိုတာကိုတော့ တိတိကျကျ မပြောနိုင်သေးဘူးလို့ ကလဲရင့်အိမ်တော်က ထုတ်ပြန်ထားပါတယ်။

Ref:BBC ”Prince Charles tests positive for coronavirus”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top