တူရကီနိုင်ငံမှာ အင်အားပြင်းငလျင် လှုပ်ခတ်လို့ အနည်းဆုံး လူ ၁၇ ယောက် သေဆုံး

6.2.2023-image-1.png

တူရကီနိုင်ငံတောင်ပိုင်းမှာ ပြင်းအား ၇.၈ မဂ္ဂနီကျူ့စ်ရှ်တဲ့ အင်အားပြင်းငလျင် လှုပ်ခတ်ခဲ့တဲ့ အနည်းဆုံး လူ ၁၇ ယောက် သေဆုံးခဲ့ပါတယ်။

ဖေဖော်ဝါရီလ ၆ ရက် နံနက်အစောပိုင်းက ဂါဇီယန်တက်ပြည်နယ်၊ ဆီးရီးယား-တူရကီနယ်စပ်မှာရှိတဲ့ နာဒါဂီမြို့ရဲ့အရှေ့ဘက် ၁၄.၂ မိုင်အကွာမှာ မြေအောက်အနက် ၁၄.၉ မိုင်ကို ဗဟိုပြုပြီး လှုပ်ခတ်ခဲ့တာလို့ အမေရိကန်ဘူမိဗေဒတိုင်းတာရေးအဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။

ဆီးရီးယား၊ လက်ဘနွန်နိုင်ငံတွေ အပါအဝင် အရှေ့အလယ်ပိုင်း နိုင်ငံတော်တော်များများ ငလျင်ဒဏ် ခံစားခဲ့ရပါတယ်။ လူတွေ အိပ်ပျော်နေချိန်မှာ ငလျင်လှုပ်ခတ်ခဲ့တာပါ။ လူမှုကွန်ရက်ပေါ်က ရုပ်သံမှတ်တမ်းတွေအရ အဆောက်အအုံတွေ ပြိုကျပျက်စီးခဲ့ပြီး အမှောင်ထဲမှာ လူတွေ ထွက်ပြေးလာကြတာ တွေ့ရပါတယ်။

ကနဦးသတင်းအချက်အလက်တွေအရ အဆောက်အအုံ ၃၄ လုံး ပြိုကျပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။ အင်အားပြင်းငလျင် လှုပ်ခတ်ပြီး ၁ မိနစ်အတွင်း ထပ်ကျော့ငလျင် ၈ ကြိမ် လှုပ်ခတ်ခဲ့သလို ၁၁ မိနစ်အကြာမှာ ပြင်းအား ၆.၇ မဂ္ဂနီကျူ့စ်၊ ၁၉ မိနစ်အကြာမှာ ပြင်းအား ၅.၆ မဂ္ဂနီကျူ့စ် ရှိတဲ့
ထပ်ကျော့ငလျင်တွေ လှုပ်ခတ်ခဲ့ပါတယ်။

Ref: At least 17 dead as strong 7.8-magnitude earthquake hits southern Turkey

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top