ရာဂစိတ် ပြင်းပြမှုအကြောင်းဘာတွေသိထားသင့်သလဲ

cheerful-love-couple.jpg

ဘ၀မှာ လူအတော်များများ မကင်းတဲ့ကိစ္စပြောပါဆိုရင်တော့ ကာမစိတ် (သို့) လိင်စိတ်ရှိမှုလို့ပြော ရမယ်ထင်ပါတယ်။ လူတွေဖြစ်လို့ ဒီအကြောင်းအရာဟာ လူတိုင်းမှာ ရှိနေကြတာသဘာ၀ ဖြစ်ပါတယ်။ ချွင်းချက်အနေနဲ့တော့ လူအနည်းစုမှာတော့ လိင်စိတ် ဆိုတဲ့အရာ မရှိနေနိုင်ပါ။ ဘယ်အရာမဆို အလယ်အလတ်ပဲကောင်းပါတယ်။ လွန်လွန်ကြူး ကြူးဖြစ်သွားရင် မိမိတို့ ဘ၀ ထိခိုက်စေနိုင်တာကို မျက်ကွယ်မပြုသင့်ပါ။ ဒါကြောင် ဒီလိုရာဂစိတ်ပြင်းပြမှုတွေ ဘယ်လိုဖြစ် လာရသလဲ ဘယ်လိုဖြစ်လေ့ရှိသလဲဆိုတာကိုသိထားသင့်ပြီး အကူအညီပေးရာ ရောက်ပါမယ် လို့ ထင်မြင်မိပါတယ်။

(၁) ထည့်သွင်းစဥ်းစားရန်အချက်

အင်္ဂလိပ်လို libido လို့ခေါ်တဲ့​ဝေါဟာရ ဟာလိင်စိတ်ရှိမှု၊ သို့ ရာဂစိတ်စတဲ့လိင်စိတ်ဆန္ဒနဲပတ်သက်ပြီး ဆက်နွှယ်တဲ့စိတ်ခံစားမှု တွေဖြစ်တယ်။ အခြား​ဝေါဟာရအရဆိုရင်တော့ကာမစိတ်ရှိမှု (သို့) လိင်ဆက်ဆံလိုစိတ်ရှိ ခြင်းလို့ ခေါ်နိုင် ပါတယ်။ လူတစ်ဦးခြင်းဆီ၏ လိင်စိတ်ကို လွှမ်းမိုးနေတဲ့အရာတွေကတော့
(က) ဇီ၀ဗေဒ အချက်တွေကြောင့် ဖြစ်ပြီး သာဓကအားဖြင့် ယောင်္ကျားလေးဟော်မုန်းtestosterone နဲ့မိန်းကလေးဟော်မုန်း estrogen ဖြစ်တည်နေမှုကြောင့်
(ခ) စိတ်ပညာပိုင်းဆိုင်ရာ အချက်တွေကြောင့် ဥပမာ စိတ်ဖိစီးမှုကြောင့်
(ဂ)လူမှုရေး အချက်တွေကြောင့် ဥပမာ ရင်းနှီးသော ဆက်ဆံရေး တွေကြောင့် ဟုပညာရှင်တွေကပြောဆိုထားသည်။

လိင်စိတ်ပြင်းပြ (သို့) တက်ကြွမှု လို့ပြောလိုက်ရင် အဓိပ္ပာယ် ဖွင့်ဆိုဖို့အလွန်မှခက်ခဲပြီးလူတစ်ဦးခြင်း ရဲ့ “သာမန်” ဆိုတဲ့ နှုန်းထားသတ်မှတ်မှုတွေနဲ့သာ ဆိုင်ပါတယ်။ လူတိုင်းမှာဒီလိုစိတ်ရှိမှုဟာ ကွဲပြားခြားနားကြပါတယ်။

တစ်ချို့သူတွေရဲ့ “သာမန်” လို့ဆိုတဲ့ ဖွင့်ဆိုချက်ကတော့နေ့စဥ် အနည်းဆုံး တစ်ကြိမ်ခန့်လိင်စိတ်ရှိနိုင်ပေမယ့် အချို့သော လူတွေအတွက်ဆိုရင် “သာမန်” ဆိုတဲ့ ဖွင့်ဆိုချက်ကတော့ လုံး၀လိင်စိတ် ကင်းနေ ကောင်း ကင်းနေနိုင်တယ်လို့ ဆိုကြမှာဖြစ်တယ်။

(၂) အရမ်း “မြင့်မားလွန်း” ကဲ့သို့သောအရာရှိသလား။

Mayo Clinic ရဲ့ သုံးသပ်ချက်အရ ထိန်းချုပ်နိုင်စွမ်းကင်းသွားပြီးအတင်းအကျပ်ဖြစ်လာနိုင်တဲ့အဆင့်အထိရောက်သွားပါက ထိုအချက်ကို လိင်စိတ်တက်ကြွမှုပြဿနာဟု ကောက်ချက်ချနိုင်သည်။ ဒီအချက်ကို လိင်စိတ်နိုးကြားမှု (သို့) ထိန်းချုပ်နိုင်စွမ်း မရှိတော့ တဲ့ out of control sexual behavior (OCSB) လိုခေါ်​ဝေါ်ပါတယ်။

(၃) လိင်ပိုင်းဆိုင်ရာအတင်းအကျပ်ဖြစ်စေတဲ့ လက္ခဏာတွေဟာ

(က) သင့်ရဲ့ လိင်မှုကိစ္စတွေသည် သင်၏အခြားသောဘ၀ နယ်ပယ်တွေမှာ ထိခိုက်မှုတွေရှိလာနေသည်၊ ဥပမာ ကျန်းမာရေး၊ ချစ်ရေးချစ်ရာ၊ အလုပ် စသည်ဖြင့်။
(ခ) သင့်အနေနဲ့ လိင်စိတ်နိုးကြားမှုကို မရပ်မနား ကြိုးစားပြီး ရပ်တန့် (သို့) ထိန်းချုပ်သော်လည်းထိန်းချုပ်နိုင်စွမ်းမရှိ
(ဂ) သင်၏ လိင်ပိုင်းဆိုင်ရာအပြုအမူနဲ့ ပတ်သက်လာရင် လျှို့၀ှက်ထားခြင်း
(ဃ) သင့်၏ လိင်ပိုင်းဆိုင်ရာအပြုအမူပေါ်မှာ မှီခိုခံစားနေခြင်း
(င)လိင်ပိုင်းဆိုင်ရာကျေနပ်စေဖို့ အခြားသော လုပ်ဆောင်မှုများအစားထိုးသော်လည်း မဖြည့်
ဆည်း နိုင် ဖြစ်ခြင်း
(စ) စိုးရိမ်မှု၊ အထီးကျန်မှု၊ စိတ်ဓာတ်ကျမှု၊ စိတ်ဖိစီးမှု၊ ဒေါသ စတဲ့ ပြဿနာတွေမှာထွက်ပေါက်ရှာဖို့လိင်ပိုင်းဆိုင်ရာအပြုအမူများ ပြုလုပ်ခြင်း
(ဆ)လိင်ပိုင်းဆိုင်ရာ အမူအကျင့်များကြောင့် ခိုင်မြဲတဲ့ ဆက်ဆံရေး (ချစ်ရေးချစ်ရာ)ကိစ္စများကို မတည်ဆောက်နိုင်ခြင်း စသည်တို့ဖြစ်ပါတယ်။


(၄) လိင်ပိုင်းဆိုင်ရာအတင်းအကျပ်ဖြစ်စေတဲ့ အချက်တွေကဘာလဲ။

ထိုသို့သော လိင်ပိုင်းဆိုင်ရာ အတင်းအကျပ်ဖြစ်စေတဲ့ အချက်ကိုတော့ ပညာရှင်များရှင်းလင်းတိကျစွာ မသိရသေးပါ။ ဖြစ်နိုင်တဲ့ အချက်တွေကတော့…

(က) neurotransmitter imbalance ဆိုတဲ့ အာရုံခံဆဲလ်များ မညီမျှမှုကြောင့်ဖြစ်နိုင်

ဒီလိုလိင်ပိုင်းဆိုင်ရာ ထိန်းမနိုင်သိမ်းမရဖြစ်စေတဲ့ အချက်ကတော့ ဦးနှောက်တွင်းအာရုံခံဆဲလ်တွေ အလွန်အကြူးများနေနိုင်ခြင်းကြောင့် ဖြစ်နိုင်ပါတယ်။ ထို အာရုံခံဆဲလ်တွေ(သာယာမှုကိုခံစားတဲ့ အာရုံခံဆဲလ် dopamine၊ ခံစားမှုတွေကို တည်ငြိမ်အောင်လုပ်ပေးတဲ့ serotonin၊ နဲ့ ခန္ဓာကိုယ်ရှိ အဆီတွေနဲ့ သွေးသကြားဓာတ်ကို မြင့်တင်ပေးတဲ့ norepinephrine) တို့က သင့်ရဲ့ စိတ်ခံစားမှုကို ထိန်းညှိပေးတဲ့အလုပ်ကိုလုပ်ဆောင်တာဖြစ်တယ်။

(ခ) Medication ဆိုတဲ့ ဆေးကုသမှုခံယူခြင်း ကြောင့်ဖြစ်နိုင်။

Parkinson’s disease ပါကင်ဆန် (လှုပ်ရှားမှုမရသော) ရောဂါကုသရန် အသုံးပြုသောdopamine agonist ဆေးများသည် လိင်ပိုင်းဆိုင်ရာအပြုအမူများကို ထိန်းချုပ်နိုင်စွမ်း
ခက်ခဲစေနိုင်ပါတယ်။

(ဂ) Health conditions ဆိုတဲ့ ကျန်းမာရေးအခြေအနေတွေကြောင့်ဖြစ်နိုင်။

၀က်ရူးပြန်မှုကြောင့် (သို့) စိတ်ဖောက်ပြန်ကဲ့သိုသော အခြေအနေများကြောင့်လိင်ပိုင်းဆိုင်ရာအပြုအမူကို အကျိုးသက်ရောက်စေသည့် ဦးနှောက်အစိတ်အပိုင်းများထိခိုက်စေနိုင်သည်။

(၅) ကျန်းမာရေးစောင့်ရှောက်မှု မည်သည့်အချိန်တွင်ခံယူရမလဲ

သင့်အနေနဲ့ လိင်ပိုင်းဆိုင်ရာ ထိန်းချုပ်နိုင်စွမ်းမရှိတော့ပါက အကူအညီတောင်းခံလို့ ရနိုင်ပါသည်။ လိင်ပိုင်းဆိုင်ရာ အပြုအမူသည် ကိုယ်ရေးကိုယ်တာကိစ္စဖြစ်သည့်အတွက်ကြောင့်အချို့လူတွေ အတွက် အကူညီတောင်းခံဖို့ ရှက်ကြောက်မှုရှိနိုင်သည်။ ဒါပေမယ့် မှတ်ထားဖို့က…

− ဒီလိုဖြစ်နေတာတွေက သင်တစ်ယောက်တည်းမဟုတ်ပါ။ အခြားသောလူများသည်လည်းထိုသို့သော လိင်ပိုင်းဆိုင်ရာ ပြုမူခြင်း ပြဿနာတွေနဲ့ နပန်းလုံးနေကြရပါတယ်။
− မှန်ကန်သော ကုသမှုက သင့်ဘ၀အတွက် ပိုမို စွမ်းရည်မြှင့်တင်စေနိုင်ပါတယ်။
− သင့်ရဲ့ အချက်အလက်တွေကို ဆရာ၀န်က လျှို့၀ှက်ထားပေးမှာဖြစ်တယ်။

(၆) နောက်ဆုံးသိထားဖို့က

သင့်ရဲ့ လိင်စိတ်နိုးကြားမှုကို တသမတ်တည်း ပုံစံခွက်နဲ့ တိုင်းတာလို့မရပါ။ လူတိုင်း ယင်းတို့၏မတူညီသော ကိုယ်ပိုင် လိင်စိတ်ဆန္ဒ ရေချိန် အတိုင်းအတာရှိကြသည်။ အကယ်၍သင့်၏လိင်စိတ် ဆန္ဒက သင်၏အတိုင်းအတာနှုန်းထား ထက်လျှော့နည်းပါက သင့်တွင် ထိုလိင်စိတ်အား နည်းမှုရှိနေနိုင် သည်။ ဒါမှာမဟုတ် ထိုအတိုင်းအတာထက် ပိုကျော်လွန်နေပါက သင့်တွင်မြင့်မား သော လိင်စိတ် ဆန္ဒရှိသည်ကိုသိရမယ်။

အကယ်၍ သင့်၏ လိင်စိတ် သည် သင့်အလုပ်အကိုင်နဲ့ လူနေမှုဘ၀အပေါ် တိုက်ရိုက်ထိခိုက်မှုရှိလာပြီဆိုလျင် ဆရာ၀န်များ (သို့) ကျန်မာရေး၀န်ထမ်းများ နဲ့ တိုင်ပင်သင့်ပါတယ်။ ဒါ့အပြင်
သင့်အနေနဲ့ လည်း လိင်ပိုင်းဆိုင်ရာနယ်ပယ် အထူးပြု စိတ်ပညာရှင်များနဲ့လည်းဆွေးနွေးတိုင်ပင်နိုင်သည်။ သင်နေထိုင်ရာ နေရာများမှာ ထိုဆွေးနွေးတိုင်ပင်သူများ ရှိမရှိစုံစမ်းပါ။ တကယ်တော့ လိင်စိတ်ဆန္ဒဖြစ် တည်မှုဟာ လူသားတိုင်းတွင်ဖြစ်ပေါ်နိုင်ပါတယ်။ ဒီလိုကိစ္စအကြောင်း အရာများသည် ဖုံးကွယ်ထား သင့်သည်အရာမဟုတ်ပါ။ ပြဿနာကို ပြဿနာလို့သိရှိပြီး အချိန်ကိုက် ထိရောက်သော ဖြေရှင်းကု သမှုများ လုပ်ဆောင်နိုင်မှာဖြစ်တယ်။ အားလုံး ဘ၀မှာ အဖက်ဖက်က မျှတစွာနဲ့ နေထိုင်သွားကြဖို့ တိုက်တွန်းလိုက်ပါတယ်။

Ref: Healthline

TharHtoo ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top