ဘေးလ်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ အသင်းပြောင်းခွင့်ပေးဖို့ ဇီဒန်း ဆန္ဒရှိနေ

18-3-2020-yyl-024.jpg

ရီးရဲလ်နည်းပြ ဇီဒန်းက လာမယ့်နွေရာသီမှာ တောင်ပံကစားသမား ဂါရတ်ဘေးလ်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ အသင်းပြောင်းခွင့်ပေးဖို့ ဆန္ဒရှိနေတယ်လို့ မာကာသတင်းဌာနက ဖော်ပြပါတယ်။ ဘေးလ်နဲ့ ရီးရဲလ်အသင်း ချုပ်ဆိုထားတဲ့ စာချုပ်က သက်တမ်း ၂ နှစ် ကျန်ရှိနေပေမဲ့ ဇီဒန်းက ဘေးလ်ကို အသင်းမှာ ဆက်ထားဖို့ ဆန္ဒမရှိတော့ဘူးလို့ ဆိုပါတယ်။ ဘေးလ်ဟာ ရီးရဲလ်ကနေ ဂျူဗင်တပ်ကို ပြောင်းရွှေ့သွားတဲ့ ရော်နယ်ဒိုရဲ့ ကွက်လပ်ကို ဖြည့်ဆည်းပေးနိုင်ခဲ့ခြင်းမရှိဘဲ ပြီးခဲ့တဲ့နှစ်က တရုတ်စူပါလိဂ်ကလပ်ကို ပြောင်းရွှေ့ဖို့ နီးစပ်ခဲ့ဖူးပါတယ်။

ဘေးလ်ဟာ ပြီးခဲ့တဲ့စက်တင်ဘာလနောက်ပိုင်း လာလီဂါပြိုင်ပွဲမှာ တစ်ဂိုးမှ သွင်းနိုင်ခဲ့ခြင်းမရှိသလို ၂၀၂၀ ပြည့်နှစ်ထဲမှာလည်း ရီးရဲလ်အတွက် ပွဲစဉ်(၃)ပွဲပဲ ကစားခွင့်ရခဲ့ပါတယ်။ ရီးရဲလ်ဟာ ဘေးလ်ကို တစ်နှစ်လုပ်ခ ပေါင် ၁၅.၄ သန်းပေးနေရပါတယ်။ လာမယ့်နှစ် ဇန်နဝါရီလမှာ ဥရောပသမဂ္ဂကနေ ဗြိတိန်နိုင်ငံ နုတ်ထွက်မှု စတင်အကျုံးဝင်လာမယ့်အတွက် ဘေးလ်က အီးယူပြင်ပ ကစားသမားအဖြစ် စာရင်းဝင်လာမှာဖြစ်ပါတယ်။ ဘေးလ်က ရီးရဲလ်အသင်းမှာ ပျော်နေပြီး အသင်းပြောင်းချင်စိတ်မရှိဘူးလို့ သူ့ရဲ့အေးဂျင့်ဖြစ်သူ ဘားနက်က ဆိုပါတယ်။ ဒါပေမဲ့ ရီးရဲလ်ကတော့ သူ့ရဲ့လုပ်ခလစာကို ပေးချေဖို့ ဆန္ဒမရှိတဲ့ပုံစံ ဖြစ်နေပါတယ်။

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top