မြန်မာနိုင်ငံတွင် AAT ၏ ရပ်တည်မှု

image-2.png

စီမံခန့်ခွဲမှုစာရင်းကိုင် သင်တန်းကျောင်းတစ်ခုဖြစ်သော MAS Education သည် စာရင်းကိုင်ပညာရှင်များအသင်း (AAT) မှ အသိအမှတ်ပြုထားသော ပထမဦးဆုံး သင်တန်းကျောင်းဖြစ်ပြီး မြန်မာနိုင်ငံတွင် AAT Level 2 စာရင်းကိုင်ပညာနှင့် Level 3 စာရင်းကိုင် ပညာရပ်များကို သင်ကြားပို့ချပေးလျက်ရှိသည်။ MAS Education သည် လက်ရှိ မြန်မာနိုင်ငံ ရန်ကုန်တွင် စင်တာနှစ်ခုရှိပြီး စာရင်းကိုင် အရည်အချင်းများကို သင်ကြားပေးနေသည်မှာ ၁၅နှစ်တာ ရှိခဲ့ပြီဖြစ်သည်။

မြန်မာနိုင်ငံတွင် အစိုးရ၏ကန့်သတ်ချက်များကို ဖယ်ရှားခြင်းဖြင့် စီးပွားရေးများ တိုးမြင့်လာနိုင်

မြန်မာနိုင်ငံတွင် အစိုးရကန့်သတ်ချက်များအား တဖြည်းဖြည်း ဖယ်ရှားခြင်းကို ၂၀၁၀ ခုနှစ်ပိုင်းလောက်တွင် စတင်ပြုလုပ်လာပြီး ၂၀၁၆ ခုနှစ် နွေဦးပိုင်းတွင် အစိုးရအသစ် ပြောင်းမည်ဖြစ်သည်။
အကျိုးဆက်အနေဖြင့် မြန်မာနိုင်ငံ၏ နိုင်ငံရေးနှင့်စီးပွားရေး အခြေအနေများ တိုးတက်လာနိုင်သည်ဟု တထစ်ချယုံကြည်ကြသည်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ နှင့်အတူ အလုပ်အကိုင် အခွင့်အလမ်းများလည်း တိုးများလာမည်ဖြစ်သည်။

ဖွံ့ဖြိုးတိုးတက်လာရေးအတွက် စနစ်တကျလေ့ကျင့်ထားသော ဘဏ္ဍာရေးကျွမ်းကျင်သူများက စီမံခန့်ခွဲရန် လိုအပ်ပြီး ဘဏ္ဍာရေးစီမံခန့်ခွဲမှုသည် စီးပွားရေးနယ်ပယ်တိုင်း၏ အဓိက အချက်အချာဖြစ်သည်။ MAS Education ၏ ကျောင်းအုပ်နှင့် တည်ထောင်သူဖြစ်သူ ဦးသူရရှိန်မှ ယခုလိုပြောကြားခဲ့ပါသည်။ “မြန်မာနိုင်ငံရဲ့ စီးပွားရေးဖွံဖြိုးတိုးတက်မှုဟာ သေချာလေ့ကျင့်မှုယူထားတဲ့ ဘဏ္ဍာရေးကျွမ်းကျင်သူတွေရဲ့ စီမန်ခန့်ခွဲမှုနဲ့ထောက်ပံ့မှုကို လိုအပ်ပါတယ်။ AAT က အဲ့ဒီလိုအပ်နေတဲ့ အရည်အချင်းတွေကို ဖြည့်ဆည်းပေးနိုင်မှာ ဖြစ်ပါတယ်။ အောင်မြင်တဲ့ စာရင်းကိုင်လောကအတွက် လိုအပ်နေတဲ့ အပြင်လောကနဲ့ တကယ်လက်တွေ့ဆန်တဲ့ အရည်အချင်းတွေကို AAT က သင်ကြားပေးမှာပါ။”

AAT ၏ Head of Business Development ဖြစ်သူ Rob Alder ကလည်း “ဘဏ္ဍာရေး စီမံခန့်ခွဲမှုဆိုတာ စီးပွားရေးနယ်ပယ်တိုင်းရဲ့ အဓိကအချက်အချာဖြစ်ပြီး AAT က အဲ့ဒီလိုအပ်နေတဲ့ အရည်အချင်းတွေကို ထောက်ပံ့နိုင်မှာဖြစ်ပါတယ်။”

“အခုဆိုရင်တော့ ကျွန်တော်တို့ဟာ မြန်မာနိုင်ငံရဲ့ပထမဦးဆုံး AAT က ထောက်ခံချက်ရရှိထားတဲ့ ဒေသခံ သင်တန်းကျောင်းစင်တာဖြစ်တဲ့ MAS Education နဲ့ ပူးပေါင်းလုပ်ကိုင်နေပြီး လက်ရှိမြန်မာနိုင်ငံမှာ စင်တာ ၂ ခုဖွင့်လှစ်ထားပါတယ်။ နိုင်ငံထဲသို့ နိုင်ငံခြားရင်းနှီးမြှုုပ်နှံမှုတွေ တိုက်ရိုက်ဝင်လာတာနဲ့အမျှ အလုပ်အကိုင်အခွင့်အလမ်းသစ်တွေလည်း တိုးလာပြီး ကျွန်တော်တို့အနေနဲ့လည်း AAT ရဲ့ နိုင်ငံတကာအသိအမှတ်ပြုပညာရပ်ဟာ ၎င်းပညာရပ်ကို စိတ်အားထက်သန်မှုရှိတဲ့ သူတွေအတွက်တာ့ သူတို့ရဲ့ စာရင်းကိုင်လုပ်ငန်းခွင်တွေမှာ သေချာပေါက် ကူညီထောက်ပံ့ပေးနိုင်မယ်လို့ ယုံကြည်ပါတယ်။”

“ကျွန်တော်တို့မှာ AAT ရဲ့ထောက်ခံမှုကို ရရှိထားပြီး AAT ပညာရပ်ကို သင်ယူနိုင်မယ့် နောက်ထပ်လေ့ကျင့်ရေးသင်တန်းကျောင်း ၃ခု ရှိပါသေးတယ်။ အဲ့ဒီကျောင်းတွေကတော့ Excellent Choice Institute, Strategy First Institute နဲ့ Everdone Business School တို့ပဲဖြစ်ပါတယ်။ ဒါဟာ နိုင်ငံအတွင်း ကောင်းတဲ့ချဲ့ထွင်မှုတခုဖြစ်သလို ဒေသခံသင်တန်းကျောင်းတွေရဲ့ ထောက်ပံ့မှုကို လည်း ပြသနိုင်ပါတယ်။ ကျောင်းသားတွေအတွက်လည်း သင်ယူဖို့ရွေးချယ်စရာတိုးသလို ဒေသအလိုက် AAT ရဲ့ ဂုဏ်သတင်းကြီး ထွားဖို့လည်း ထောက်ပံ့ပေးနိုင်ပါတယ်။”

AAT မှ နိုင်ငံတကာအဆင့်တွင် လူမှုရေးဆိုင်ရာ လှုပ်ရှားမှုများကို မည်ကဲ့သို့လုပ်ဆောင်လျက် ရှိသနည်း။

မြန်မာနိုင်ငံသည် လက်ရှိ တွင် ဒီမိုကရေစီအသွင်ကူးပြောင်းရေးလုပ်ဆောင်လျက်ရှိပြီး အရှေ့တောင်အာရှ၏ စီးပွားရေး တိုးတက်မှု အလျင်မြန်ဆုံးသော နိုင်ငံများထဲမှ တစ်နိုင်ငံ ဖြစ်သည်။

မြန်မာနိုင်ငံတွင် အခြေချနေထိုင်သူ တစ်ဦးဖြစ်သော မခင်မို့မို့ဝင်းသည် သူမ၏ AAT Advanced Diploma ကိုအကြောင်းပြု၍ ရန်ကုန်တွင် ပထမဦးဆုံးသော စာရင်းကိုင်အလုပ်ကို လုပ်ကိုင်ခွင့် ရခဲ့သည်။

ဒီပလိုမာရရှိခြင်းက ပထမဆုံးအလုပ်ရအောင် ဘယ်လိုအထောက်အကူ ပြုခဲ့လဲ။

ကျွန်မအသက် ၁၇နှစ်မှာ LCCI စာမေးပွဲကိုအရင်အောင်ခဲ့တယ်။ ပြီးတော့ AAT မှာ ကျောင်းသူအနေနဲ့ စပြီးဝင်ရောက်ဖြစ်တယ်။ စာရင်းကိုင်တစ်ယောက် အနေနဲ့ အသက်မွေးဝမ်းကြောင်းမှာ လိုအပ်တဲ့ လုပ်ငန်းခွင် အရည်အချင်းကောင်းတွေကို AAT က ဖြည့်ဆည်းပေးနိုင်တယ်လို့လည်း ကျွန်မဆရာက ပြောခဲ့တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။

ကျွန်မက စာရင်းကိုင်လုပ်ငန်းကို ပိုပိုပြီးစိတ်ဝင်စားလာခဲ့တယ်။ အဲဒါကြောင့်ပဲ AAT ရဲ့ advanced diploma Level-3 ကို အရယူဖို့ ကြိုးစားခဲ့ပါတယ်။ အဲဒါရပြီးတဲ့နောက်မှာတော့ BizFix Consultancy ဆိုတဲ့ စာရင်း၊ HR နဲ့ အခွန်ပိုင်းတွေကို အကြံပေးတဲ့ firm မှာ လက်ထောက်စာရင်းကိုင် အလုပ်ကို လုပ်ကိုင်ခဲ့ပါတယ်။

အခုလက်ရှိ လုပ်ကိုင်နေတဲ့ နေရာမှာ လိုအပ်တဲ့အရည်အချင်းတွေ အတွက် AAT ကဘယ်လို ကူညီခဲ့သလဲ။

ဒီအလုပ်က ကျွန်မရဲ့ပထမဆုံး အလုပ်ဖြစ်တဲ့အတွက်ကြောင့် အကုန်လုံးက ကျွန်မအတွက် အတွေ့အကြုံသစ်တွေချည်းပဲ။ နေ့တိုင်းက စိန်ခေါ်မှုတွေနဲ့ပေါ့။ ဒါပေမဲ့ ကျွန်မသင်ယူခဲ့ရတဲ့ ဘာသာရပ်တွေဖြစ်တဲ့ အခြေခံစာရင်းကိုင် ဗဟုသုတ၊ spreadsheets နဲ့ကျင့်ဝတ်တွေ စတဲ့ဘာသာရပ်တွေက တကယ်ကို အထောက်အကူဖြစ်စေပါတယ်။

ဒီအလုပ်ကိုရဖို့အတွက်လည်း ကျွန်မမှာ အရမ်းအခက်အခဲတွေ မရှိလိုက်ဘူး။ အကြောင်းကတော့ အလုပ်ရှင်က ကျွန်မမှာ AAT အရည်အချင်းရှိနေတဲ့အတွက် စာရင်းကိုင်နဲ့ပတ်သက်တဲ့ ဗဟုသုတကောင်းတွေ ရှိနေမယ်ဆိုတာကို ယုံကြည်သိရှိနေလို့ပါပဲ။

Team ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top