မန်ယူမှာ ဘရူနိုဖာနန်ဒက်စ် ပိုကောင်းလာလိမ့်မယ်လို့ ရိုင်ယန်ဂစ် သုံးသပ်

yyl-036.jpg

ပြီးခဲ့တဲ့နွေရာသီ အပြောင်းအရွှေ့မှာ စပို့တင်းလစ္စဘွန်းကနေ ပြောင်းရွှေ့လာတဲ့ ပေါ်တူဂီကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်က မန်ယူအသင်းမှာ အခုထက်ပိုပြီး ခြေစွမ်းပြနိုင်လိမ့်မယ်လို့ မန်ယူဂန္တဝင် ကစားသမားဟောင်း ရိုင်ယန်ဂစ်က သုံးသပ်ခဲ့ပါတယ်။ ပေါင် ၆၈ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ ပေါ်တူဂီကွင်းလယ်ဖန်တီးရှင် ဘရူနိုဖာနန်ဒက်စ်ဟာ မန်ယူအတွက် (၅)ပွဲ ကစားချိန်မှာ (၃)ဂိုး သွင်းပြီး (၂)ဂိုးဖန်တီးပေးနိုင်ခဲ့သူပါ။ မန်ယူအသင်းဟာ ဖာနန်ဒက်စ်ကို ပွဲထွက်လူစာရင်းမှာ ထည့်သွင်းအသုံးပြုခဲ့ပြီးနောက်ပိုင်း ရှုံးပွဲမရှိခဲ့ပါဘူး။

“ဖာနန်ဒက်စ်က အရမ်းထူးခြားတဲ့ ကစားသမားပါ။ သူက သူရောက်ရှိရာနေရာနဲ့ သူ့ဘေးပတ်ဝန်းကျင်မှာရှိသူအားလုံးကို ဆွဲတင်ပေးခဲ့ပါတယ်။ သူက အသင်းကို ရောက်ခါစပဲရှိသေးလို့ ဒီထက်ပိုကောင်းလာမယ်လို့ ကျွန်တော် ထင်ပါတယ်။ ဇန်နဝါရီလ အပြောင်းအရွှေ့မှာ အခုလိုမျိုး ခြေစွမ်းပြနိုင်ဖို့ မလွယ်ပါဘူး။ သူ ကောင်းကောင်းခြေစွမ်းပြနေတာ မြင်ရလို့ ကျွန်တော် ကျေနပ်မိပါတယ်’’လို့ ဘရူနိုဖာနန်ဒက်စ်က ပြောပါတယ်။

Nz(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top