အိမ်မှာပဲ ဘေးကင်းကျန်းမာစွာနေရင်းနဲ့ မိုဘိုင်းလ် ဂိမ်းကစားတဲ့အခါ Gaming Performance ‌‌ကောင်းမွန်ဖို့ ဘာတွေ လိုအပ်မလဲ

OPPO-Photo-1.jpg

အခုအခါ ကမ္ဘာတစ်ဝန်းမှာ ဖြစ်ပွားနေသော COVID-19 ‌ကူးစက် ရောဂါကြောင့် တတ်နိုင်သမျှ အိမ်မှာနေခြင်းဟာ မိမိနှင့် မိမိရဲ့ ချစ်ရသော မိသားစုတို့ ကျန်းမာရေးအတွက် အကောင်းဆုံး ကာကွယ်ရေးနည်းလမ်းတစ်ခုပဲ ဖြစ်ပါတယ်။ အိမ်ထဲမှာပဲ နေတဲ့အခါ ကျန်းမာပြီး ကိုယ်ခံအားကောင်းအောင် ဂရုစိုက် နေထိုင်ရင်း နေ့စဉ်ဘဝမှာ လုပ်ချင်ပေမယ့် အချိန်မရှိလို့ ခေါက်ထားခဲ့ရတဲ့ To-Do List လေးကို ပြန်ဖွင့်ကြည့်လို့ ရပါပြီ။ အရင်က သာမန်နေ့စဉ် လှုပ်ရှားသွားလာရာကနေ အခုလို အချိန်တစ်ခုမှာ အိမ်မှာနေရင်း အချိန်ကို အကျိုးရှိစွာ အသုံးချပုံတွေကတော့ အသက်အရွယ်အလိုက်၊ ဝါသနာအလိုက် အမျိုးမျိုးပါပဲ။

ပန်းချီ၊ ဓာတ်ပုံ ဝါသနာရှင်များက အနုပညာလက်ရာသစ်များ ဖန်တီးရင်း၊ အဆိုအကဘက်မှာ ထူးချွန်သူတွေက မိမိတို့ နှစ်သက်သော တေးသီချင်းများကို Cover ဆိုရင်း ကရင်း ၊ အချက်အပြုတ်တော်သူများက မိသားစုနှင့် ချစ်သူခင်သူအတွက် စားဖွယ်ရာများ စီစဉ်ပေးရင်း၊ မိတ်ကပ်နှင့် အလှအပကို စိတ်ဝင်စားသူများက ပိုမို လှပသော ပြင်ဆင်ချယ်သမှုများကို အင်တာနက်မှ တစ်ဆင့် စမ်းသပ်ရှာဖွေရင်း၊ ရုပ်ရှင်နှင့် စာပေချစ်သူများက အကြိုက်ဆုံး ရုပ်ရှင်များ၊ စာအုပ်များကို ပြန်လည် ဖတ်ရှုခံစားရင်း၊ အပင်စိုက်ခြင်းကို သဘောကျသူက မိမိ၏ ဥယျာဉ်လေးကို ရေလောင်းပေါင်းသင်ရင်း ၊ မိသားစုနှင့်အတူ နွေးထွေးသော အချိန်များကို ကုန်ဆုံးရင်း စတဲ့ စိတ်ဝင်စားရာ ကဏ္ဍအလိုက် ပျင်းရိမှုများကို ဖြေဖျောက်လျက် အိမ်ထဲမှာပင် အကျိုးရှိတဲ့ အချိန်တွေကို ဖန်တီး ကုန်ဆုံးနေကြပါတယ်။

အဲဒီလို ကိုယ့်နည်းကိုယ့်ဟန်နှင့် ကမ္ဘာကြီးကို ကာကွယ်ဖို့ အိမ်ထဲမှာနေကြတဲ့အခါမှာ Smartphone ကို အသုံးပြုပြီး မိမိတို့ ဖန်တီးထားတဲ့ အရာတွေ၊ အမှတ်တရတွေကို ဓာတ်ပုံ၊ ဗီဒီယိုအဖြစ် မှတ်တမ်းတင်ရင်း အခုချိန် ခဏ ဝေးနေရတဲ့ ချစ်သူ ခင်သူတွေနှင့်လည်း အင်တာနက်က ဝေမျှရင်း ကမ္ဘာကြီးနှင့် အဆက်အသွယ် မပြတ်အောင် လုပ်ဆောင်နေကြရပါတယ်။ နောက်ထပ် Smartphone ကို အသုံးပြုပြီး ပျင်းရိဖွယ် အချိန်တွေကို ‌ပျော်ရွှင်ဖွယ် အချိန်တွေအဖြစ် ပြောင်းလဲပေးနိုင်တဲ့ အရာများထဲက တစ်ခုကတော့ Mobile Game လို့ ပြောလို့ရနိုင်မယ် ထင်ပါတယ်။

ကမ္ဘာကြီးကို ကာကွယ်ဖို့ အိမ်မှာနေရင်း အရင်က မအားလို့ မဆော့ခဲ့ရတဲ့ ဂိမ်းတွေကို တစ်ယောက်တည်းရော၊ ချစ်သူ ခင်သူတွေနှင့်ရော တဝကြီး ဂိမ်းဆော့နိုင်ပါပြီ။ Smartphone နဲ့ ဂိမ်းဆော့တဲ့အခါ ဖုန်းမှာ ဘယ်လိုအချက်တွေ ပါမှ ဂိမ်းဆော့ရတာ ပိုကောင်းတယ်လို့ ထင်ကြပါသလဲ။ အားလုံးကတော့ Touch Response ကောင်းဖို့နဲ့ Heavy-loading အခြေအနေများမှာပါ Lag မဖြစ်ဖို့ အရေးကြီးတယ်လို့ စဉ်းစားကြမှာပါ။ ဘော်ဒါတွေနှင့် ဂိမ်း ချိန်းဆော့တဲ့အခါ ဖုန်းက Lag နေလို့ တစ်ယောက်တည်း ကျန်ကျန်နေတယ် ဆိုရင်တော့ မဖြစ်ဘူးပေါ့။ ဒါကြောင့် Hyper Boost ပါတဲ့ ဖုန်းတွေကို၊ ဒါမှမဟုတ် အခြား Gaming Performance ပိုကောင်းစေဖို့ ကူညီပေးတဲ့ Application တွေကို အသုံးပြုကြရင် ပိုကောင်း ပါတယ်။

ဖုန်းနှင့် ဂိမ်းဆော့ရတာ ကြိုက်တဲ့ သူတွေအတွက် လိုအပ်ချက် နောက်တစ်ခုကတော့ ဘက်ထရီပဲပေါ့။ ဂိမ်းဆော့ရင်း အားမကုန်သွားဖို့၊ အားသွင်းတဲ့အခါ အချိန်အကြာကြီး မစောင့်ရဖို့တို့ဆိုရင် 4025mAh ပါဝင်တဲ့ ဘက်ထရီလောက်၊ အမြန် အားသွင်းစနစ်တို့နဲ့ ဆိုရင် ပိုအဆင်ပြေပါတယ်။ ပြီးတော့ ဖုန်းအားသွင်းတဲ့ အချိန်ကိုပါ စောင့်စရာမလိုဘဲ အားသွင်းရင်း ဂိမ်းကစားနိုင်တာကိုလည်း သဘောကျကြမှာပါ။ ဖုန်းပူလွန်းလို့ မကိုင်နိုင် ဖြစ်တာလည်း မရှိရအောင် ဖုန်း အပူမလွန်ကဲစေဖို့ Cooling System လည်း ပါပြီး ဂိမ်း ကစားတဲ့အခါ ရုပ်သံထွက် ကောင်းမွန်တာ၊ Storage များများဆံ့တာတို့ပါ ပါဝင်တဲ့ ဖုန်းမျိုးဆို မိမိရဲ့ ဂိမ်း ကစားရတဲ့ အတွေ့အကြုံတွေ၊ ရလဒ်တွေလည်း ပိုမိုကောင်းမွန်လာမှာ အသေအချာပဲပေါ့ ။

အဲဒီလို Mobile Game ဆော့ဖို့ သင့်တော်တဲ့ ဖုန်းမျိုးကိုမှ ရှာနေတာဆိုတဲ့ သူတွေအတွက်ဆိုရင် Touch Optimization ပါဝင်လို့ Touch Response ကို အရင် ဖုန်းတွေထက် 16% ပိုတိုးပေးပြီး Heavy-loading အခြေအနေများမှာပါ အဆင်ပြေအောင် Frame Rate Optimization နှင့် အတူ Hyper Boost ပါဝင်လို့ Lag ဖြစ်မှုကို လျော့ချပေးပြီး Gaming Performance ကိုလည်း သိသိသာသာ အဆင့်မြှင့်တင်ပေးနိုင်တဲ့ OPPO က အသစ်ထွက်ရှိထားတဲ့ Reno3 | Reno3 Pro တို့က သင့်တော်တဲ့ ဖုန်းအမျိုးအစားတွေပါပဲ။ Elevoc Algorithm လည်း ပါရှိလို့ ဂိမ်းကစားတဲ့အခါမှာ အချင်းချင်း နီးနေတဲ့အခါ ဖြစ်တတ်တဲ့ Voice Chat တွင်း ပဲ့တင်သံထွက်မှုကိုလည်း ဖယ်ရှားပေးလို့ အချိတ်အဆက်မိမိ ကစားလို့ ရပြီပေါ့။

Storage လည်း များပြီး နောက်ထပ် storage ထပ်ထည့်နိုင်အောင် ကဒ်ထပ်ထည့်လို့ရမယ့် နေရာလည်း ပါသေးတော့ Game Data တွေ စိတ်ကြိုက်ထည့်လို့ရနိုင်ပါတယ် ။ 4025mAh ဘက်ထရီနှင့် VOOC4.0/30W, VOOC3.0/20W အားသွင်းစနစ် အသီးသီး ပါဝင်လို့ အချိန်အကြာကြီး အားသွင်းစရာ မလိုတဲ့အပြင် ဘက်ထရီအား ခဏလေးနှင့် ကုန်သွားမှာကိုလည်း စိတ်ပူစရာမလိုတော့ဘူးပေါ့ ။ ဘက်ထရီက အကြာကြီး ခံလို့ တစ်နေကုန် ဂိမ်း ကစား နေမယ်ဆိုလည်း ဖုန်း အပူမလွန်ကဲစေဖို့ Multi-cooling system ကလည်း ကူညီပေးနေဦးမှာပါ။ TÜV Rheinland Safe Fast-charge System ကို ‌အောင်မြင်ထားတဲ့အတွက် ဂိမ်းဆော့ရင်း အားသွင်းမယ်ဆိုလည်း စိုးရိမ်စရာ လုံးဝ မလိုတဲ့ အပြင် Dolby Atmos, Hi-Res, OSIE တို့ကလည်း အားဖြည့်ထားတော့ ဂိမ်း ကစားတဲ့အခါ ရုပ်ရော အသံထွက်ရော အငြိမ့်စား ရရှိစေတဲ့ ဖုန်းလည်း ဖြစ်လို့ ထူးခြားကောင်းမွန်တဲ့ Gaming Performance တွေ ရရှိစေမှာပါ။

အဲဒီလို ကောင်းမွန်တဲ့ Gaming Performance တွေ စွမ်းဆောင်နိုင်တဲ့ 8GB RAM + 256GB ROM ရှိပြီး MTK P95 ပါဝင်တဲ့ OPPO Reno3 Pro ကို မြန်မာ‌ကျပ်ငွေ 629,900 ဖြင့်လည်းကောင်း ၊ 8GB + 128GB ROM ရှိပြီး MTK P90 ပါဝင်တဲ့ OPPO Reno3 ကို မြန်မာကျပ်ငွေ 499,900 ဖြင့်လည်းကောင်း၊ အိမ်ထဲက အိမ်ပြင် ထွက်စရာ မလိုဘဲ shop.com.mm (https://www.shop.com.mm/shop/oppo) က တစ်ဆင့် ပို့ဆောင်ခ အခမဲ့နဲ့ ဝယ်ယူနိုင်ကြောင်းလည်း သတင်းကောင်းပါးလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ လူကြိုက်များတဲ့ Mobile Game တွေကတော့ Mobile Legend နှင့် PUBG တို့ ဖြစ်ပြီး အာရှမှာ အခုတလော စိတ်ဝင်စားမှုများနေတဲ့ ဂိမ်းက‌တော့ Animal Crossing ဆိုတဲ့ ဂိမ်းလို့ သိရပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top