MPL-MM S4 ရဲ့ Regular Season၊ Playoffs ပွဲစဉ်များ နဲ့ Grand Final အတွက် ပွဲစဉ်အချိန်ဇယားအသစ်များကို ထုတ်ပြန်ကြေညာ

13-5-2020-yyl-010.jpg

၂၀၁၇ ခုနှစ်ကစတင်ကာ ကမ္ဘာတစ်ဝှမ်းရှိ Esports လောကကို ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယပြီးစီစဉ်ကျင်းပလျက်ရှိတဲ့ Mobile Legends: Bang Bang Professional League က အခုနှစ် ၂၀၂၀ အထိ သုံးကြိမ်တိုင်အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပြီဖြစ်ပါတယ်။ MPL-MM S4 ပွဲစဉ်များကို ၂၀၂၀ ခုနှစ် ဧပြီလတွင် Covid-19 အကြပ်အတည်းကြောင့် နောက်ဆုတ်ခဲ့ရသော်လည်း အခုအခါတွင် Moonton မှ ပုံမှန်ပွဲစဉ်များကို မေလ ၁၆ ရက် ၂၀၂၀ ခုနှစ်မှစတင်ပြီး ဇွန်လ ၇ ရက် ၂၀၂၀ ခုနှစ်အထိ ပြန်လည်ကျင်းပသွားမှာဖြစ်ပြီး Grand Final ပွဲကို ဇွန်လ ၂၀ရက်နှင့် ၂၁ ရက်တွင် ကျင်းပမှာဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။

MPL-MM S4 က မြန်မာနိုင်ငံရဲ့ အကြီးမားဆုံးနှင့် လူကြိုက်အများဆုံး Mobile Legends: Bang Bang Esports ဂိမ်းပြိုင်ပွဲဖြစ်ပြီး ပရောဖက်ရှင်နယ် ကစားသမားများအနေဖြင့်လည်း အဲဒီပြိုင်ပွဲမှ တစ်ဆင့် သူတို့ရဲ့ကျွမ်းကျင်မှုကို နိုင်ငံအဆင့်သို့ ထုတ်ဖော်ပြသနိုင်မှာဖြစ်ပါတယ်။ အဲဒီလိဂ်ပြိုင်ပွဲမှာ ဆုကြေးငွေစုစုပေါင်း အမေရိကန် ဒေါ်လာ ၅၀,၀၀၀ကျော် (မြန်မာကျပ်ငွေ သိန်း ၇၅၀ ကျော်) ပေးအပ်သွားမှာဖြစ်ပြီး ချန်ပီယံဆု ရရှိသော အသင်းကို အမေရိကန် ဒေါ်လာ ၁၃,၀၀၀ (မြန်မာကျပ်ငွေ သိန်း ၁၉၅ သိန်းခန့်) နဲ့ ဒုတိယ နှင့် တတိယ ရရှိသွားသော အသင်းများကို အမေရိကန်ဒေါ်လာ ၆,၀၀၀ (မြန်မာကျပ်ငွေ သိန်း ၈၅ သိန်းခန့်) နှင့် အမေရိကန် ၃,၀၀၀ (မြန်မာကျပ်ငွေ သိန်း ၄၅ သိန်းခန့်) အသီးသီးပေးအပ်သွားမှာ ဖြစ်ပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top