COVID-19 ဆိုင်ရာ သတင်းအမှားတွေကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း WHO နဲ့ Rakuten Viber တို့ အတူပူးပေါင်း တိုက်ဖျက်သွားမယ်

safe_image1.png

ကမ္ဘာကျန်းမာရေးအဖွဲ့အစည်း(WHO) နှင့် Rakuten Viber တို့က COVID-19 သတင်းအမှားတွေကို တိုက်ဖျက်ရေးမှာ အကျိုးပြုနိုင်မယ့် ဘာသာစကားမျိုးစုံပါဝင်ပြီး တစ်ကမ္ဘာလုံးအသုံးပြုနိုင်တဲ့ Chatbot ကို မတ်လ ၃၁ ရက်နေ့က မိတ်ဆက်လိုက်ပါတယ်။ အဲဒီBot က ဗိုင်းရပ်စ်နှင့် ပတ်သက်တဲ့ သတင်းအတုတွေကို သတင်းအမှားများ အလျင်အမြန် ပြန့်နှံ့ခြင်းအား တိုက်ဖျက်ပေးနိုင်ရန် ရည်ရွယ်ပြီး ဖန်တီးထားခြင်းဖြစ်ပါတယ်။

မှန်ကန်တိကျတဲ့ကျန်းမာရေး သတင်းအချက်အလက်များ ဖတ်ရှုနိုင်ရန် ရှာဖွေနေကြသူတွေကို ကူညီပေးနိုင်ရန်အတွက် အဲဒီchatbot က လက်ရှိမှာ အင်္ဂလိပ်၊ အာရေဗီနှင့် ရုရှားဘာသာစကားများနဲ့ အသုံးပြုနိုင်မှာဖြစ်ပြီး မကြာခင်အချိန်အတွင်းမှာ မြန်မာဘာသာအပါအဝင် အခြား ဘာသာစကား ၂၀မျိုးအထိ အသုံးပြုနိုင်တော့မှာဖြစ်ပါတယ်။ အဲဒါမှာ လူမေးများတဲ့ မေးခွန်းတွေနဲ့ ကူးစက်ရောဂါရဲ့နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။

“နောက်ဆုံးရ သတင်း” ကဏ္ဍမှာ WHOရဲ့Website က အချိန်နှင့် တပြေးညီထုတ်ပြန်တဲ့သတင်းတွေကို သင့်လက်ထဲသို့ အရောက်ပို့ပေးနိုင်မှာဖြစ်ပါတယ်။ အခြား ပါဝင်တဲ့အဓိက ကဏ္ဍများမှာ “မိမိကိုယ်ကို ကာကွယ်ခြင်း”၊ “Mask အသုံးပြုခြင်း”၊ “ခရီးသွားခြင်းဆိုင်ရာ အကြံပေးချက်များ” နှင့် ဗိုင်းရပ်စ်နှင့်ပတ်သက်တဲ့ ဗဟုသုတများ သိရှိထားမှုကို စမ်းသပ်ဖြေကြားနိုင်မယ့် “ဒဏ္ဍာရီ” ဆိုင်ရာ အမေးအဖြေ ကဏ္ဍတို့ ပါဝင်ပါတယ်။ “Donate Now” ခလုပ်အားနှိပ်ခြင်းဖြင့် အသုံးပြုသူတွေက ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း WHO ကို အထောက်အပံ့ပေးကာ ကူးစက်ရောဂါ Covid-19 တိုက်ဖျက်ရေး ရန်ပုံငွေအတွင်းသို့ အလှူငွေ ထည့်ဝင်နိုင်မှာဖြစ်ပါတယ်။

အဲဒီchatbot ကို ကမ္ဘာတစ်ဝှမ်းရှိ Viber အသုံးပြုသူများအားလုံးက အခမဲ့ ရယူနိုင်မှာဖြစ်ပါတယ်။ Viber ကအထူးပြုလုပ်ထားတဲ့ စတစ်ကာများက ဗိုင်းရပ်စ် ကို ရှေ့တန်းမှ ရင်ဆိုင်နေရသော ကျန်းမာရေးဝန်ထမ်းများရဲ့ကြိုးပမ်းအားထုတ်မှုတွေကို အသိအမှတ်ပြုအားပေးရန်နှင့် lockdown ဖြစ်နေစဉ်အတွင်း စိတ်ဓာတ်ခွန်အားများနှင့် အပြုသ‌ဘောဆောင်သော အတွေးအမြင်များကို ကမ္ဘာအနှံ့အပြားသို့ ဖြန့်ကျက်နိုင်စေရန် မိတ်ဆက်ခဲ့ခြင်းဖြစ်ပါတယ်။ Viber sticker market ကနေ စတစ်ကာ ဒေါင်းလုပ်ရယူတဲ့ မည်သူမဆို chatbot သို့ အဆင်ပြေချောမွေ့စွာဖြင့် ချက်ချင်းဝင်ရောက်နိုင်မှာ ဖြစ်ပါတယ်။ အဲဒီ chatbot ကို အာက်ပါ Link မှ တစ်ဆင့်လည်း ရယူနိုင်ပါတယ်။

https://vb.me/c6e9fa

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top