OPPO F Seriesရဲ့ နောက်ဆုံးပေါ် ဖုန်းအသစ် OPPO F15 ကို မြန်မာနိုင်ငံ ဈေးကွက်မှာ စတင်မိတ်ဆက်လိုက်ပြီ

F15-Photo-5.jpg

ကမ္ဘာထိပ်တန်း စမတ်ဖုန်း အမှတ်တံဆိပ် OPPO က အပါးလွှာဆုံး ကိုယ်ထည်နှင့် 8GB+128GB၊ 48MP Quad-Camera၊ Hidden Fingerprint 3.0 နဲ့ VOOC 3.0 အမြန်အားသွင်းစနစ် ပါဝင်တဲ့ OPPO F15 ကို မြန်မာနိုင်ငံဈေးကွက်အတွင်း စတင် မိတ်ဆက်လိုက်ပြီဖြစ်ကြောင်း ဧပြီလ ၂၅ ရက်နေ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။ OPPO F15 ကို ဆန်းသစ်သည့် Jade Textutre နှင့် လူငယ်ဆန်ဆန်လှပသော သုံးရောင်စပ် ရောင်ပြန်ဒီဇိုင်းပုံစံ Unicorn White နှင့် တည်ငြိမ် လေးနက်ပြီး ခံ့ညားလှပကာ လေဆာရောင်ပြန်ဟပ်ဒီဇိုင်းပုံစံ Lightening Black ဆိုပြီး အရောင်နှစ်ရောင်ဖြင့် ရရှိနိုင်မှာဖြစ်ပြီး ဧပြီလ ၂၄ ရက်နေ့က စပြီး မြန်မာ‌ကျပ်ငွေ 399,900 ဖြင့် မြန်မာနိုင်ငံ အမြို့မြို့ အနယ်နယ်ရှိ ဆိုင်များနှင့် ပို့ဆောင်ခအခမဲ့ဖြင့် shop.com.mm (https://www.shop.com.mm/shop/ oppo) တို့မှာ ဝယ်ယူရရှိနိုင်မှာဖြစ်ပါတယ်။ ဝယ်ယူအားပေးသူများအတွက် ဘေးတစောင်းလွယ်အိတ်များ ကိုလည်း OPPO မှ လက်ဆောင်အနေဖြင့် ပေးသွားမယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံ ဖုန်းသုံးစွဲသူများရဲ့ အားပေးမှုကို တစ်ခဲနက် ရရှိနေသော OPPO F Series ကို ၂၀၁၆ခုနှစ်မှာ Selfie ဘုရင်ဟု ခေါ်ဆိုကြတဲ့ OPPO F1 series ဖုန်းဖြင့် မြန်မာနိုင်ငံ ဖုန်းဈေးကွက်သို့ စတင်ဝင်ရောက် လာခဲ့ပြီး ရောင်းအားအထူးကောင်းမွန်ခဲ့ကာ ဖုန်းသုံးစွဲသူများအကြား OPPOရဲ့ အမည်ကို ပိုမို ကျော်ကြား စေခဲ့ပါတယ်။ အဲဒီနောက် Group Selfie ရိုက်ကူးနိုင်တဲ့ Dual Selfie Camera ပါဝင်သည့် F3 series၊ Full Screen Display စတင်အသုံးပြုခဲ့တဲ့ F5 series, Notch ထည့်သွင်းထားပြီး 6 inches Super Full Screen ပါရှိသည့် F7 series၊ မြန်မာနိုင်ငံတွင် ပထမဆုံး နှစ်‌ရောင်စပ် Gradient Colour နှင့် ထွက်ရှိလာ သော F9 series၊ 3 Colour Gradient ဒီဇိုင်းနှင့် F11 series စသည်ဖြင့် အသီးသီး မိတ်ဆက်ခဲ့ရာ F series အပေါ် ဖုန်းသုံးစွဲသူများရဲ့ သဘောကျနှစ်ခြိုက်မှုမှာ ပိုမို မြင့်မားလာခဲ့ပါတယ်။ အခုတစ်ခါမှာတော့ အားလုံး စောင့်မျှော် နေကြတဲ့ OPPO F Series ရဲ့ နောက်ဆုံးထွက်ရှိလာသော ဖုန်းအသစ် OPPO F15 ကလည်း ကောင်းမွန်သော ဖုန်းလုပ်ဆောင်မှုများကို သယ်ဆောင်လာပေးသည့် F series ရဲ့ အစဉ်အလာအတိုင်း “Lighting Fast, Endless Fun” ဆိုတဲ့ ဆောင်ပုဒ်အတိုင်း လျင်မြန်ပေါ့ပါးသော စွမ်းဆောင်ရည်များနှင့် အတူ ပျော်စရာများကို အဆုံးမရှိ ယူဆောင်ပေးနိုင်မှာဖြစ်ပါတယ်။

OPPO F series ရဲ့ကင်မရာစွမ်းဆောင်ချက်များမှာ အစဉ်အမြဲ သုံးစွဲသူများရဲ့သဘောကျနှစ်ခြိုက်မှုကို ရရှိခဲ့ရာ OPPO F15တွင်လည်း နောက်ဘက်တွင် ကင်မရာလေးလုံး ပါရှိပြီး Main ကင်မရာအဖြစ် Crystal လို ကြည်လင်ပြတ်သားသော ပုံရိပ်များ ရိပ်ကူးနိုင်တဲ့ 48MP (F1.7) AI Quad Camera အပြင် 8MP (F2.2) Ultra Wide-Angle Macro Lens, 2MP (F2.4) Mono Lens နှင့် 2MP (F2.4) Portrait Lens တို့ဖြင့် အားဖြည့်ထားပါတယ်။ ရှေ့ဘက်ကင်မရာအဖြစ် 16MP (F2.0) AI Beauty 2.1 ကင်မရာကို အသုံးပြု ထားပါတယ်။ ‌ရှေ့နောက်ကင်မရာများတွင် သဘာဝကျကျ လှပသောပုံရိပ်များ ရရှိစေတဲ့ AI Beautifica-tion Algorithm ပါဝင်ပြီး Night Portrait, Ultra Night Mode 2.0, Anti-Shake Video, Portrait Bokeh Effect နှင့် Portrait HDR အစရှိတဲ့ ထူးခြားကောင်းမွန်သော ကင်မရာလုပ်ဆောင်မှုများကိုလည်း ထည့်သွင်းပေးထားပါတယ်။

OPPO F15 မှာ Memory 8GB+128GB ပါဝင်ပြီး ပိုမို မြန်ဆန်သော လုပ်ဆောင်မှုများ ရရှိနိုင်သော Helio P70 (Up to 2.1 GHz) ကို ထည့်သွင်းထားပါတယ်။ AnTuTu Benchmark တွင် စစ်ဆေးမှုအရ Helio P70 က Snapdragon 675 ထက် သာလွန်သော Gaming Performance ရှိပြီး ကင်မရာလုပ်ဆောင်မှုများ တွင်လည်း ပိုမို ကောင်းမွန်စေကြောင်း အသိအမှတ်ပြုမှု ရရှိထားပါတယ်။ Battery 4000 mAh ဖြစ်ပြီး Type C အမျိုးအစားဖြစ်ကာ ၇၂ မိနစ်အတွင်း ဖုန်းအားအပြည့် ပြန်လည်အားသွင်းနိုင်ပါတယ်။ ပုံမှန် အားသွင်း စနစ်များထက် ၄ဆ မြန်ဆန်သည့်အပြင် အဆင့် (၅) ဆင့်ဖြင့် ကာကွယ်ပေးထားသော ဗို့အားနည်း အမြန် အားသွင်းစနစ် VOOC Flash Charge 3.0 ကို အသုံးပြုထားပြီး Gaming Perfomance ကို တိုးမြှင့် ပေးမယ့် GameBoost 2.0, In-Game Noise Cancelling Effects, Gaming Voice Changer နှင့် Hyper Boost 2.0 Plus တို့လည်း ပါဝင်ပါတယ်။

OPPO F15က Screen Ratio 20:9 ရှိပြီး အလေးချိန် 172 g နှင့် 7.2 mm အထူသာ ရှိသည့် ပါးလွှာ ပေါ့ပါးသော ကိုယ်ထည်နှင့် လက်ထဲတွင် အံဝင်ဂွင်ကျ ဖြစ်နေသော ခံစားချက်ကို ပေးစွမ်းမှာဖြစ်ပါတယ်။ FHD+2400×1080 အထိ ကြည့်နိုင်သော 90.7% Screen Ratio ရှိတဲ့ Super AMOLED Screen နှင့်အတူ DC Dimming 2.0 ပါရှိသောကြောင့် ဖုန်းအလင်းရောင်ကြောင့် မျက်လုံးထိခိုက်မှုကိုလည်း လျော့ နည်းစေပါတယ်။ ဖုန်း Screen ကို Gorilla Glass 5 ဖြင့် ပြုလုပ်ထားပြီး ၁.၆ မီတာ အမြင့်မှ ပြုတ်ကျသော စမ်းသပ်ချက်တွင် ၈၀ ရာခိုင်နှုန်း အောင်မြင်ခဲ့ပါတယ်။ ဒါ့အပြင် ပုံမှန် မြင်နေကျ Rear Fingerprint များနှင့် မတူဘဲ ပိုမိုလုံခြုံစိတ်ချရသော Hidden Fingerprint 3.0 ကို ထည့်သွင်းထားပြီး 0.32 Second အတွင်း Fingerprint ဖြင့် ဖုန်းကို ဖွင့်နိုင်တဲ့ Light-filling နည်းပညာကို အသုံးပြုထားသော Fast Unlock စနစ်လည်း ပါဝင်ပါတယ်။ အဲဒီလို OPPO F Seriesရဲ့ အစဉ်အလာအတိုင်း ဖုန်းသုံးစွဲသူတို့ လိုအပ်ချက် များကို ဖြည့်ဆည်းပေးမည့် ကောင်းမွန်သော လုပ်ဆောင်မှု စုံစုံလင်လင်နှင့် ပျော်ရွှင်ဖွယ် အချိန်များကို ရရှိစေမည့် OPPO F15ကို ထူးခြားကောင်းမွန်သော Mid-Range Smartphone ‌‌ကောင်းကောင်းကို သင့်တင့်သော ဈေးနှုန်းနှင့်ဝယ်ယူလိုသူများအတွက် အထူးသင့်လျော်သော ဖုန်းအဖြစ် မိတ်ဆက်ခဲ့ပါပြီ။

OPPO F15 နှင့် ပတ်သက်ပြီး အသေးစိတ်သိရှိလိုပါက OPPO F15 Website (https://bit.ly/3eA60uX) နှင့် OPPO Myanmar ရဲ့ Facebook Page (https://www.facebook.com/oppomyanmar/) တို့တွင် ဝင်ရောက်လေ့လာလို့ရပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top