Oxford Business Groupရဲ့ အစီရင်ခံစာအသစ်မှာ မြန်မာ့တိုးတက်မှုခရီးစဉ်ရဲ့ အနာဂတ်ကို ဆန်းစစ်လေ့လာသွားမယ်

7-4-2020-yyl-019.jpg

ကုန်ထုတ်လုပ်မှု၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်၊ အဆင့်မြင့်ပညာရေး၊ ကျန်းမာရေးနှင့် အသက်မွေးဝမ်းကျောင်းမှုဆိုင်ရာလုပ်ငန်းများစတဲ့ ဖွံ့ဖြိုးရန်အသင့်ဖြစ်နေတဲ့ စီးပွားရေးကဏ္ဍများအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများရရှိရန် မြန်မာနိုင်ငံရဲ့ကြိုးပမ်းအားထုတ်မှုများတွေကို နိုင်ငံတကာသုတေသနနဲ့ အတိုင်ပင်ခံလုပ်ငန်းဖြစ်တဲ့ Oxford Business Group (OBG) ရဲ့အစီရင်ခံစာအသစ်မှာ ထည့်သွင်းဖော်ပြသွားမှာဖြစ်ပါတယ်။

The Report: Myanmar 2021 အစီရင်ခံစာမှာ လက်လီနှင့်လက်ကားလုပ်ငန်းကဏ္ဍတွင်း ပြုပြင်ပြောင်းလဲရေးများ လုပ်ဆောင်ပြီးသကာလ ၂၀၁၉ ခုနှစ် အတွင်း နိုင်ငံခြားအာမခံလုပ်ငန်းတွေကို ပြည်တွင်းဈေးကွက်အတွင်းသို့ ဝင်ရောက်လာပြီး အသက်အာမခံနှင့် အခြားသောအာမခံဝန်ဆောင်မှုများ ပေးအပ်ခွင့်ပြုလိုက်ခြင်းအပါအဝင် မူဝါဒလျှော့ပေါ့ပေးရေးလုပ်ငန်းများရဲ့တိုးတက်မှုကို မှတ်တမ်းတင်သွားမှာဖြစ်ပါတယ်။

နည်းပညာပိုင်းဆိုင်ရာ တိုးတက်ပြောင်းလဲမှုများနှင့် ဒီဂျစ်တယ်အသွင်ကူးပြောင်းမှုများရှိနေသော်လည်း လာမည့်လများ အတွင်း ပြုပြင်ပြောင်းလဲမှုများနှင့် ဖွံ့ဖြိုးတိုးတက်မှုများ လုပ်ဆောင်သွားရန် လျာထားခြင်းခံရတဲ့ မြန်မာနိုင်ငံရဲ့ ဘဏ္ဍာရေးကဏ္ဍ အခြေအနေကိုလည်း OBGရဲ့ အခုအစီရင်ခံစာအသစ်မှာ မီးမောင်းထိုဖော်ပြပေးသွားမှာဖြစ်ပါတယ်။

ကမ္ဘာ့စီးပွား‌ရေးရိုက်ခတ်မှုများမှစပြီး အခုနှစ်နိုဝင်ဘာမှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲနှင့် အဲဒီရွေးကောက်ပွဲရဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကဏ္ဍအပေါ် အကျိုးသက်ရောက်မှုများအစရှိတဲ့ မြန်မာနိုင်ငံကြုံတွေ့နေရ သည့် စိန်ခေါ်မှုအမျိုးမျိုးကိုလည်း လေ့လာဆန်းစစ်သွားမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှကုန်သည်ကြီးများအသင်း (The British Chamber of Commerce – BritCham) က အခုထွက်ရှိလာမယ့် အစီရင်ခံစာအသစ်အတွက် လက်တွဲလုပ်ကိုင်သွားရန် OBG နှင့် နားလည်မှုစာချွန်လွှာတစ်ရပ်ကိုလည်း ချုပ်ဆိုခဲ့ပြီး ဖြစ်ပါတယ်။ အဲဒီနားလည်မှုစာချွန်လွှာအရ BritCham အနေနှင့် The Report: Myanmar 2021 အစီရင်ခံစာ အတွက် သုတေသနများ၊ ဆန်းစစ်လေ့လာချက်များပြုလုပ်ရာတွင် OBG ကို ကူညီဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။

The Report: Myanmar 2021 အစီအရင်ခံစာမှာ Oxford Business Group သုတေသနအဖွဲ့ရဲ့ ၁၂ လကျော် ပြုလုပ်ထားတဲ့ လေ့လာဆန်းစစ်ချက်များပါဝင်မှာဖြစ်ပါတယ်။ အဲဒီထုတ်ပြန်ချက်မှာ macroeconomics၊ အခြေခံ အဆောက်အအုံ၊ ဘဏ်လုပ်ငန်းနှင့် အခြားသောကဏ္ဍအလိုက်တိုးတက်မှုများအပါအဝင် စီးပွားရေးကဏ္ဍတစ်ခုလုံးရဲ့ ဦးတည်ချက်များနှင့် ဖွံ့ဖြိုးတိုးတက်မှုများအပေါ် ခန့်မှန်းချက်များပါဝင်ပါတယ်။

The Report: Myanmar 2021 အစီအရင်ခံစာမှာ အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍများမှ ကိုယ်စားလှယ်များရဲ့ ပူးပေါင်းကူညီမှုများ ပါဝင်မှာဖြစ်ပါတယ်။ ဒါ့အပြင် အဲဒီအစီအရင်ခံစာကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ EY နှင့် Kelvin Chia ဥပဒေအကြံပေးကုမ္ပဏီတို့နှင့်အတူ ပူးတွဲထုတ်ပြန်ထားခြင်းဖြစ်ပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top