Samsung ရဲ့ Lifestyle TV အသစ်တွေမှာ Eco-Packaging ကို စတင်အသုံးပြုသွားမယ်

Eco-Packaging-for-Lifestyle-TV-Lineup_1.jpg

Samsung Electronics က သဘာဝပတ်ဝန်းကျင်ထိခိုက်မှုကို လျော့ချပေးနိုင်ရန် သူတို့ရဲ့ Lifestyle TV အသစ်များအတွက် ပတ်ဝန်းကျင်နှင့်ကိုက်ညီတဲ့ ထုပ်ပိုးမှုပုံစံသစ်တစ်မျိုးကို အသုံးပြုသွားမယ်လို့ ကြေညာခဲ့ပါတယ်။

သဘာဝပတ်ဝန်းကျင်အတွက် သင့်တော်တဲ့ ကတ်ထူအလွှာထပ်များဖြင့် ဖန်တီးထားတဲ့ ထုပ်ပိုးမှုပုံစံသစ်ကို Serif၊ The Frame နှင့် The Sero မော်ဒယ်အသစ်များတွင် အသုံးပြုသွားမှာဖြစ်ပြီး ဝယ်ယူအသုံးပြုသူများအနေဖြင့် ထုပ်ပိုးသောပုံးများကို ပြန်လည်အသုံးပြုနိုင်မယ့်အပြင် အခြားသော စိတ်ဝင်စားစရာ သုံးစွဲပုံအမျိုးမျိုးကိုလည်း ဖန်တီးနိုင်မှာဖြစ်ပါတယ်။

Samsung က သူတို့ရဲ့ သဘာဝပတ်ဝန်းကျင်နှင့်ကိုက်ညီတဲ့ အလွှာထပ်ပါကတ်ထူပုံးများရဲ့ တစ်ဖက်တစ်ချက်စီမှာ dot matrix ဒီဇိုင်းကို ရိုက်နှိပ်ပေးထားပါတယ်။ အသုံးပြုသူများအနေဖြင့် ကတ်ထူပုံးများကို အလွယ်တကူဖြတ်တောက်နိုင်ပြီး စားပွဲခုံငယ်များ၊ အိမ်မွေးတိရစ္ဆာန်လေးများအတွက် နေအိမ်များ အစရှိသော လူသုံးကုန် ပစ္စည်းများဖန်တီးကာ ပြန်လည် အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် သုံးစွဲသူများက အဲဒီ eco- friendly ကတ်ထူပုံးများဖြင့် လူသုံးကုန်ပစ္စည်း ပြုလုပ်နည်း လမ်းညွှန် ကိုလည်း ပုံးပေါ်မှ QR code ကို scan ဖတ်ခြင်းဖြင့် ရယူနိုင်မှာဖြစ်ပါတယ်။

TV တစ်ဝိုက်မှာ စင်နှင့် ပရိဘောဂများကိုထားလေ့ရှိတဲ့ The Serif တီဗီပိုင်ရှင်များက ကြောင်အတွက်အိမ်များ၊ မဂ္ဂဇင်းထားရန်စင်၊ remote control အပါအဝင် အီလက်ထရောနစ်ပစ္စည်းများ ထားရှိရန်နေရာများကို ဒီကတ်ထူပုံးများနှင့် ဆောက်လုပ်နိုင်တယ်လို့လည်း သိရပါတယ်။ အခုနှစ် အစောပိုင်းမှာ Samsung က သယံဇာတများကို ထိရောက်စွာ ချွေတာ အသုံးပြုမှုကို မြှင့်တင်ပေးမယ့် eco- packaging စိတ်ကူးစိတ်သန်းအတွက် CES 2020 Innovation Awards ကိုဆွတ်ခူးရရှိခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ Samsungက ၂၀၂၀ခုနှစ်ရဲ့ ဒုတိယနှစ်ဝက်မှာ The Serif TV အမျိုးအစားကိုစတင်ရောင်းချ သွားမှာဖြစ်ပြီး အသေးစိတ်ကို မကြာခင်မှာ ထုတ်ပြန်ကြေညာသွားမယ်လို့လည်းသိရပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top