တစ်ပွဲလောက်ရှုံးအောင်ကစားပေးဖို့ တောင်းဆိုတဲ့ မန်ယူပရိသတ်ထံ လီဗာပူးနည်းပြ စာပြန်

yyl-008-7.jpg

၁၀ နှစ်သားအရွယ် မန်ယူပရိသတ် ကလေးငယ်က လီဗာပူးနည်းပြ ဂျာဂန်ကလော့ဆီကို စာရေးသားပြီး နောက်တစ်ပွဲကျရင် ရှုံးအောင်ကစားပေးပါလားလို့ တောင်းဆိုတယ်။ ကလေးငယ် ဒါရက်ကာလေရဲ့ ပေးစာထဲမှာ ”လီဗာပူးအသင်း နိုင်ပွဲဆက်နေတာ များပြီ။ နောက်ထပ် ၉ ပွဲသာနိုင်လိုက်ရင် အင်္ဂလိပ်ဘောလုံးလောကရဲ့ ပွဲဆက်အများဆုံး ရှုံးပွဲမရှိ ကစားနိုင်တဲ့ အသင်းဖြစ်ပြီ။ အဲဒီအခြေအနေက မန်ယူပရိသတ်တစ်ယောက်အတွက် ဝမ်းနည်းစရာကောင်းတယ်”လို့ ရေးထားပါတယ်။

ဒါရက်ကာလေရဲ့ပေးစာကို ဂျာဂန်ကလော့က လျစ်လျူမရှုဘဲ စာပြန်ခဲ့ပါတယ်။ အဲဒါကြောင့် သူ့ကို စာမပြန်လောက်ဘူးထင်နေတဲ့ ဒါရက်ကာလေလည်း အံ့သြသွားခဲ့ပါတယ်။ ”လောလောဆယ်တော့ မင်းတောင်းဆိုတာကို ဦး မလုပ်ပေးနိုင်ဘူး။ ဒါပေမဲ့ လီဗာပူးအသင်းက အတိတ်မှာ ရှုံးပွဲကြုံခဲ့ဖူးသလို အနာဂတ်မှာလည်း ရှုံးပွဲကြုံမှာဖြစ်လို့ မင်းကံကောင်းတယ်။ မင်းက ၁၀ နှစ်သားအရွယ်ဖြစ်နေလို့ အခုဖြစ်နေတာတွေကို ထာဝရလို့ မှတ်ယူထားပုံပဲ။ ၅၂ နှစ်သားတစ်ယောက်အနေနဲ့ ဦး ပြောချင်တာကတော့ ဒါက တည်မြဲတဲ့အရာမဟုတ်ပါဘူး။ မင်းရဲ့ ဘောလုံးအပေါ် စိတ်အားထက်သန်မှုနဲ့ အသင်းချစ်စိတ်ကပဲ ထာဝရတည်မြဲနေမှာပါ။ မင်းလို ပရိသတ်မျိုးရထားတာ မန်ယူအသင်း ကံကောင်းတယ်”လို့ ဂျာဂန်ကလော့က စာပြန်ခဲ့ပါတယ်။ လီဗာပူးဟာ ပရီးမီးယားလိဂ်ပွဲစဉ်(၂၆)ပွဲ ကစားပြီးချိန်မှာ ဒုတိယနေရာက မန်စီးတီးအသင်းကို (၂၂)မှတ်ဖြတ်ထားပြီး နှစ်(၃၀)အတွင်း ပထမဆုံး ပရီးမီးယားလိဂ်ဖလား ဆွတ်ခူးနိုင်ဖို့ သေချာသလောက် ဖြစ်နေပါပြီ။

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top