ဝက်ခြံပေါက်လို့ စိတ်ညစ်နေပြီလား

yyl-018-7.jpg

ဝက်ခြံပေါက်နေလို့ဆိုတဲ့စကားက လူတိုင်းလိုလိုနဲ့ ရင်းနှီးပြီးသားဖြစ်မှာပါ။ အရေးကြီးပွဲတစ်ခုသွားဖို့ အင်္ကျီ၊ အဝတ်အစား၊ ဆံပင်၊ ဖိနပ်တွေကို စီစဉ်ထားပြီးကာမှ မျက်နှာမှာ ဝက်ခြံပေါက်နေတဲ့အတွက် စိတ်ညစ်သွားရတယ်မလား။ ရုပ်အရမ်းဆိုးတဲ့ အနီရောင်သမ်းနေ တဲ့ဝက်ခြံတွေကအခါကြီးရက်ကြီး ဆိုပေါက်တက်ကြပါတယ်။ ဝက်ခြံပေါက်တာက ကြုံတွေ့နေရတဲ့ အသားရေပြဿနာတွေထဲက တစ်ခုဖြစ်ပြီး သင့်အသားရေမှာ အဲဒီလိုဖြစ်တာက စိတ်ဖိစီးမှုနဲ့ အိပ်စက်မှုနည်းပါးခြင်း တို့ကြောင့်ဆိုတာကို နားလည်ထားဖို့ အရေးကြီးပါတယ်။ အနီရောင်သမ်းတဲ့ဝက်ခြံတွေက အသက်(၂၅)နှစ်ကျော်အမျိုးသမီးတွေမှာ ပိုပြီး အဖြစ်များကြပါတယ်။

အစားအစာနဲ့ ဝက်ခြံတို့ကြားက ဆက်စပ်မှု

လုူတော်တော်များများက ဈေးကြီးတန်အသားရေထိန်းသိမ်းတဲ့ အလှကုန်ပစ္စည်းတွေနဲ့ ကုသမှုတွေမှာ ရင်းနှီးမြှပ်နှံတာက သိသိသာသာကို ဝက်ခြံကင်းတဲ့ အသားရေဖြစ်လာနိုင်ပါတယ်။ ဒါပေမဲ့ ဝက်ခြံလို တစ်ရှုးက တစ်နေ့တာစားသုံးတဲ့ အစားအစာတွေကြောင့် မကြာခဏ ပေါက်လာနိုင်တယ်ဆိုတာကို နားလည်ထားဖို့ အရေးကြီးပါတယ်။ သင် စားလိုက်တဲ့အရာက သင့်အသားရေအပါအဝင် ခန္ဓာကိုယ်လုပ်ဆောင်ချက် အကုန်လုံးပေါ်မှာ ကြီးကြီးမားမား သက်ရောက်မှုရှိပါတယ်။ အစားအသောက်အလေ့အထနဲ့ ဝက်ခြံတွေမှာ ဆက်စပ်မှုရှိတယ်လို့ လေ့လာချက်တွေက ဆိုပါတယ်။ ဒါကြောင့် ဝက်ခြံပေါက်တာကနေ ရှောင်ရှားချင်ရင် အောက်မှာ ဖော်ပြပေးထားတဲ့ အစားအစာ (၃) မျိုးကို မစားဖြစ်အောင် သတိထားသင့်ပါတယ်။

ကာဗွန်ဟိုက်ဒရိုတ်နဲ့ သကြားများတဲ့အစားအစာ

သင်က သကြားနဲ့ ကာဗွန်ဟိုက်ဒရိုတ်များတဲ့ အစားအစာတွေကို စားသုံးမိလားဆိုတာကို သိရဖို့အတွက် စားသုံးခြင်းအလေ့အထကို ဆန်းစစ်ကြည့်ပါ။ အဖြူရောင်ပေါင်မုန့်၊ အာလူး၊ အဖြူရောင်ဂျုံမုန့်နဲ့ ပြုလုပ်ထားတဲ့ ပါစတာ၊ ဆိုဒါတွေလို အစားအစာတွေကိုစားသုံးတာက သင့်သွေးအတွင်းက သကြားဓာတ်တွေမှာ ထိခိုက်မှုရှိနိုင်ပါတယ်။ ဒါက သင့်အသားရေကို ပိုပြီး အဆီပြန်တာနဲ့ နီမြန်းရောင်ရမ်းခြင်းတွေ ဖြစ်လာနိုင်ပြီး ဝက်ခြံပေါက်လာစေပါတယ်။

နွားနို့နဲ့ နွားနို့ကို အခြေခံထုတ်လုပ်ထားတဲ့ ထုတ်ကုန်တွေ

သင်က မကြာခဏ ဝက်ခြံပေါက်တတ်ရင် နွားနို့နဲ့ နို့ထွက်ပစ္စည်းတွေ စားသုံးတာကနေ ခဏရပ်ထားဖို့ အကြံပေးချင်ပါတယ်။ နွားနို့၊ ရေခဲမုန့်နဲ့ အခြားနို့ထွက်ပစ္စည်းတွေ စားသုံးတာက ဝက်ခြံပေါက်စေနိုင်တယ်လို့ လေ့လာချက်တွေက ဆိုပါတယ်။ နွားနို့ကလည်း IGF-1 လို့ ခေါ်တဲ့ အင်ဆူလင်လို ဟော်မုန်းဓာတ်ကို လှုပ်ဆော်ပေးပြီး ဝက်ခြံပေါက်ခြင်းကိုပိုပြီးပြင်းထန်လာစေပါတယ်။

ဆီကြော်အစားအစာ

သင်က ဝက်ခြံပေါက်ခြင်းကို တွန်းလှန်နေရတယ်ဆိုရင် အကြော်အလှော်၊ ဆီကြော်အစားအစာတွေကို သေချာပေါက် ရှောင်ရှားရမှာဖြစ်ပါတယ်။ ပြည့်ဝအဆီနဲ့ မပြည့်ဆီကြွယ်ဝတဲ့ အစားအစာတွေက အဆီပြန်ခြင်းကို ဖြစ်စေတဲ့ ဟော်မုန်းဓာတ်ထုတ်လုပ်မှုကို လှုပ်ဆော်ပါတယ်။ဒါကြောင့် သင့်မျက်နှာမှာ ဝက်ခြံပေါက်ပြီး မနက်ခင်းအိပ်ရာနိုးထလာရင် သင့် မနေ့က ဘာစားခဲ့လည်းဆိုတာကို ပြန်တွေးကြည့်ဖို့ အကြံပေးချင်ပါတယ်။

Ref: Tired of breakouts? Stop eating these three food items to get rid of acne

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top