လူအများကြား ထုတ်ဖော်မပြောသင့်သော မိမိ၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များ

yyl-007-6.jpg

၁။ မိမိ လျှို့ဝှက်ချက်များ နှင့် မိမိ မိတ်ဆွေများ၏ လျှို့ဝှက်ချက်များ

မိတ်ဆွေ သူငယ်ချင်းများ နှင့် တွေ့ဆုံချိန်တွင် နှစ်ဦးနှစ်ဖက် အကျိုးရှိသော စကား၊ အပြုသဘောဆောင်သော စကားများသာ ပြောဆိုသင့်ပါသည်။ အခြားသောသူများ ၏ ကိုယ်ရေး ကိုယ်တာများ နှင့် တစ်ဦးကို တစ်ဦး ထိခိုက် အကျပ်ရိုက်စေသော စကားများကို လူအများရှေ့တွင် မိတ်ဆွေအချင်းချင်း ပြောဆိုရန် မသင့်ပေ။ အထူးသဖြင့် မိမိ၏ လျှို့ဝှက်ချက်များ နှင့် မိမိ မိတ်ဆွေမှ ယုံကြည်စွာ ဝေမျှလာသော လျှို့ဝှက်ချက်များ သည် မိမိ၏ ကိုယ်ရေးကိုယ်တာ အဖြစ်သာ ထိန်းသိမ်း ထားရှိသင့်ပါသည်။

၂။ မိမိ ပိုင်ဆိုင်မှုများ

မိမိ ပတ်ဝန်းကျင် ရှိသော အချို့သောသူများသည် ပိုင်ဆိုင်မှုပစ္စည်း များကို ထုတ်ဖော်ပြောတတ် သည်ကို ရံဖန် ရံခါ ကြုံရလေ့ရှိသည်။ ထိုအလေ့အထ ရှိသူများကို low self-esteem ရှိသည်ဟုသာ သတ်မှတ်ကြသည်။ ထို့အပြင် မိမိ ကိုယ်တိုင် လုံခြုံမှုရှိစေရန် မိမိ၏ ပိုင်ဆိုင်မှုများ သည် မိမိ၏ ကိုယ်ရေးကိုယ်တာ အဖြစ်သာ ထိန်းသိမ်း ထားရှိသင့်ပါသည်။

၃။ မိမိ ဝင်ငွေ

မိမိ၏ ဝင်ငွေ ကို မိမိ၏ မိသားစုဝင်များမှ လွဲ၍ အခြားသူများအား ထုတ်ဖော်ပြောဆိုရန် လုံးဝမသင့်တော်ပေ။ လုပ်ဖော်ကိုင်ဖက် အချင်းချင်း သော်လည်းကောင်း၊ မိတ်ဆွေအချင်းချင်း သော်လည်းကောင်း ငွေကြေးအခြေအနေ များ ပြောဆိုခြင်းသည် ကိုယ်ရေးကိုယ်တာ လျှို့ဝှက်ချက်များအား ပြောဆိုခြင်းဖြစ်သည့် အတွက် သတိထား သင့်ပါသည်။

၄။ မိမိ အနာဂတ် ရည်မှန်းချက်များ

မိမိ လုပ်ဆောင်ချက်များ ၏ အောင်မြင်မှုအပေါ် ဂုဏ်ယူတတ်ခြင်းသည် သဘာဝ တစ်ခုဖြစ်သည်။ ထို့အပြင် မိမိ၏ အနာဂတ် ရည်မှန်းချက်များကို မိတ်ဆွေအပေါင်း အသင်းများအား ထုတ်ဖော် ပြောလေ့ရှိတတ်သည်။ သိပ္ပံပညာရှင် များ၏ လေ့လာချက်များ အရ ထိုသို့ ထုတ်ဖော် ပြောလိုက်ခြင်းကြောင့် တကယ်တမ်း အကောင်အထည် မဖော်ရသေးသော လုပ်ဆောင်ချက်များ အပေါ် ပိုမိုယုံကြည်မှုများတိုးကာ သေချာပေါက် အောင်မြင်တော့မည်ဟူ သည့် ခံစားချက်များ တုံ့ပြန် တတ်သည်။ သို့သော် မိမိ၏ အနာဂတ် ရည်မှန်းချက်များသည် မိမိ၏ ကိုယ်ရေးကိုယ်တာ လျှို့ဝှက်ချက်များ အဖြစ်သာ ထိန်းသိမ်းထားသင့်သည်။

၅။ မိမိ ပြုလုပ်သော ကောင်းမှုကုသိုလ် များ

ယခုခေတ်ကာလတွင် အလှူအတန်း ပြုသည်များ နှင့် ပေးကမ်းစွန့်ကြဲမှုများကို social media များမှ တဆင့် ဝေမျှတတ်ကြသည်။ အလှူဒါန ပြုလုပ်ကြသည်မှာ မွန်မြတ်လှပါသည်။ သို့သော် ဖျားနာသူများ၊ ဆင်းရဲချို့တဲ့သူများ အား လှူတန်းရာတွင် မှတ်တမ်းတင်ခြင်းများ အမြဲပြုလုပ်ရန် မသင့်တော်ပေ။

၆။ မိမိ ယုံကြည်ချက်များ

အထူးသဖြင့် ဘာသာရေး ယုံကြည်ချက်များ၊ အားကစား ဆိုင်ရာ ယုံကြည်ချက်များ သည် လူတိုင်းအတွက် လွတ်လပ်သော ရွေးချယ်မှု ဖြစ်သည်။ ထို့ကြောင့် မိမိ ယုံကြည်မှု နှင့် ထပ်တူမကျသည့် အခါများတွင် ထုတ်ဖော် ပြောဆို ငြင်းခုန် ခြင်းများ ပြုရန် မသင့်တော်ပေ။

၇။ မိမိ မိသားစု ပြနာများ

မိသားစု တိုင်းတွင် ပြဿနာ ဟူ၍ ရှိသည်။ ထိုပြဿနာ များအား ပတ်ဝန်းကျင်သို့ ထုတ်ဖော်ပြောဆို လိုက်ခြင်းဖြင့် ကောင်းကျိုးများ မရနိုင်။ မိမိ မိသားစုဝင်များ ၏ အားနည်းချက် များသည် လျှို့ဝှက်ချက် တစ်ခု အနေဖြင့် ထိန်းသိမ်းပေးသင့်သည်။ မိမိ၏ ကျန်းမာရေး စောင့်ရှောက်သည့် ဆရာဝန်များ နှင့် အရင်းနှီးဆုံးသော မိတ်ဆွေထံသို့ ရင်ဖွင့်သည်မှ လွှဲ၍ ပတ်ဝန်းကျင်ရှိသူများ အား မိမိ၏ မိသားစု ပြဿနာများ ထုတ်ဖော် ပြောရန် မသင့်ပေ။

ကျန်းမာ ပျော်ရွှင်သော ဘဝလေးကို ပိုင်ဆိုင်နိုင်ကြပါစေ။
မေ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top