ကမ္ဘာ့အလှပဆုံး နိုင်ငံ(၁၀)နိုင်ငံ

yyl-012-7.jpg

ယခုတစ်ခါတွင် ချစ်သော စာဖတ်ပရိတ်များ ဗဟုသုတ ရရှိစေရန် ကမ္ဘာ့အလှဆုံး နိုင်ငံ(၁၀)နိုင်ငံ အကြောင်း တင်ဆက်ပေးထားသည်။

၁၀။ ဆွစ်ဇာလန်

ဆွစ်ဇာလန်နိုင်ငံသည် ရင်သပ်ရှုမောဖွယ်ရာ သဘာဝရှုခင်းများနှင့် အလွန်ပင် ချစ်စဖွယ် ကောင်းသော နိုင်ငံ တစ်နိုင်ငံဖြစ်သည်။ လူမျိုးပေါင်းစုံ နေထိုင်သော ဇူးရစ် (Zurich) မြို့လေးမှ မြို့ဟောင်း ဂျီနီဗာ (Geneva) တွင်တည်ရှိသော တောင်တန်းများ၊ ကြည်ပြာသော ရေအိုင်များသည် ကမ္ဘာ့လှည့် ခရီးသည်များကို ဆွဲဆောင်နေသည့် သဘာဝ အလှတရားများပင် ဖြစ်သည်။ ဆွစ်ဇာလန်နိုင်ငံတွင် တောင်တက်ခရီးစဉ်သွား၍လည်းကောင်း၊ တောင်တက်ရထားများစီး၍ လည်းကောင်း စိမ်းစိုကြည်ပြာ လှသော ပန်းချီကားသဖွယ် သဘာဝ အလှတရားများကို ကြည့်ရှုခံစားနိုင်မည် ဖြစ်သည်။ အေးချမ်းပြီး နွေးထွေးဖော်ရွေသော နိုင်ငံလေးဖြစ်သည့်အတွက် နှစ်စဉ်သန်းနှင့်ချီသော ခရီးသွားများ သွားရောက်လည်ပတ်ကြသည်။

၉။ နယူးဇီလန်

နယူးဇီလန်နိုင်ငံသည် အလှဆုံးနိုင်ငံ (၁၀)နိုင်ငံ စာရင်းဝင်နေသည်မှာ မထူးဆန်းလှပေ။ နယူးဇီလန် နိုင်ငံသည် မြင့်မားသော တောင်တန်းကြီးများအကြား၊ ရင်သပ်ရှုမောဖွယ် သဘာဝ ရှုမျှော်ခင်းများ၊ စိမ်းပြာရောင် ရေကန်ကြီးများနှင့် မိုင် (၉၀၀၀)ကျော်သော ကမ်းစပ်ဒေသသည် နယူးဇီလန်နိုင်ငံ၏ သဘာဝ အလှအရားကို ပြည့်စုံစေသည်။ နယူးဇီလန်နိုင်ငံ၏ သဘာဝ ပြယုဂ်တစ်ခုမှာ အပြာရောင်၊ ခရမ်းရောင်၊ ပန်းရောင်၊ အဖြူရောင်၊ အဝါရောင်ပန်းများပွင့်သည့် lupin များ Tekapo ရေကန် တလျှောက် တွင် လှပစွာ ပွင့်လန်းနေခြင်းပင်ဖြစ်သည်။

၈။ တောင်အာဖရိက

အာဖရိတိုက်တွင် တောင်အာဖရိကသည် တောလည်ခရီးထွက်ရန် အကောင်းဆုံးသော နေရာ တစ်ခုဖြစ်သည်။ တောင်အာဖရိကတွင် တည်ရှိသော Boulder ကမ်းခြေသည် အာဖရိက တိုက် တစ်ခုလုံးတွင် ပင်ဂွင်းများ ကျက်စားရာနေရာ ဖြစ်သည်။ Cape Town နှင့် Durban မြို့သည် ကမ္ဘာ့လှည့် ခရီးသည်များ သွားရောက်လည်ပတ်သင့်သော နေရာဒေသ ဖြစ်သည်။

၇။ တရုတ်

တရုတ်နိုင်ငံသည် ကမ္ဘာ့အကြီးဆုံးနိုင်ငံစာရင်းတွင် အဆင့်(၄)နေရာရှိသည်။ ကြီးမားသော နိုင်ငံတစ်ခု တွင် ကြီးမားသော ကွဲပြားမှုများလည်း ရှိနေသည်။ တရုတ်နိုင်ငံသည် ကွဲပြားခြားနားသော သဘာဝ ပတ်ဝန်းကျင် အလှတရားများနှင့် ပြည့်စုံနေသည်။ ယင်းအလှတရားများထဲတွင် ဝုလင်ဂေါင် နယ်မြေသည် အဝါရောင် အစိမ်းရောင် စိုက်ခင်းကြီးများ နှင့် ယန်ဇီမြစ်၏ အလှတရားသည် ဖွံ့ဖြိုး တိုးတက်နေသော နည်းပညာခေတ်နှင့် ဆန့်ကျင်၍ အေးချမ်းစွာ လှပနေတော့သည်။

၆။ ဘရာဇီး

ဘရာဇီးသည် ကွဲပြားခြားနားသည့် သဘာဝအလှတရားများ၊ ယဉ်ကျေးမှုများ နှင့် ပြည့်နှက်နေသော နိုင်ငံ ဖြစ်သည်။ ဘရာဇီးနိုင်ငံတွင် တည်ရှိသော အမေဇုန်မိုးသစ်တောကြီးသည် အခြားသော သဘာဝ အလှတရားများနှင့် တုနှိုင်း၍ မရအောင်ပင် ခမ်းနားလှလွန်းသည်။ ဘရာဇီးနိုင်ငံ၏ မြောက်ဘက်စွန်းပိုင်း ရီယိုဒီဂျနေးရိုး(Rio de Janeiro)မြို့ နှင့် ဆော်ပေါ်လို(São Paulo)မြို့ တွင် တည်ရှိပြီး ၁၇-၁၈ ရာစုနှစ်က ခေတ်စားသည့် ဥရောပ အနုပညာ လက်ရာများဖြင့် တည်ဆောက်ထားသည့် အဆောက်အအုံများနှင့် ပတ်ဝန်းကျင်သည် ရှေးဟောင်းယဉ်ကျေးမှု သက်သေ အထောက်အထား များနှင့် ခေတ်ပြိုင်အလှတရားများကို ယဉ်တွဲတွေ့မြင်ရမည် ဖြစ်သည်။ အတ္တလန္တိတ်ကမ်းရိုးတမ်း တွင် လူအများ အပန်းဖြေ ကစားနေကြသည့် မြင်ကွင်းမှာ မြင်ရသူ အဖို့ အေးချမ်းစေပြီး စိတ်တွင်ရင်းနှီးကျွမ်းဝင်မှု ကို ဖြစ်ပေါ် စေသည်။

၅။ အီတလီ

အီတလီနိုင်ငံ၏ အလှသည် အခြားနိုင်ငံများ၏ အလှတရားကဲ့သို့ပင် အေးချမ်း လှပလွန်းသည်။ Amalfi ကမ်းရိုးတမ်းတစ်လျှေက်ရှိ ငွေရောင်သန်းနေသော သဘာဝအလှ၊ Chianti တောင်ကုန်း တစ်လျှောက်ရှိ စပျစ်စိုက်ခင်းများ၏ အလှသည် ရှုမငြီးနိုင်ရှိလှသည်။ ထို့အပြင် ရောမမြို့ အတွင်းရှိ ပျက်စီးယို ယွင်းနေသော ရှေးဟောင်းအဆောက်အအုံများသည် နိုင်ငံ၏ သမိုင်းကြောင်းနှင့် အတိတ်ကို ထင်ဟပ်စေသည်။ ထို့အပြင် အီတလီနိုင်ငံရှိ အစားအသောက်များသည် အရသာ အထူးလွန်ကဲ ကောင်းမွန် လှသည်။

၄။ အိုင်ယာလန်

အိုင်ယာလန်နိုင်ငံသည် စိုစွတ်သော ရာသီဥတုရှိသည့်အတွက် ခရီးသွားများ ဦးစားပေး ရွေးချယ်သော နေရာဒေသတစ်ခု မဟုတ်ပေ။ သို့သော် စိုစွတ်သောရာသီဥတုကြောင့်ပင် နိုင်ငံတစ်ခုလုံးတွင် စိမ်းစို သော လယ်ကွင်းများနှင့် စိုစွတ်သော ရေညှိပင်များ နေရာအနှံ့တွင် ပေါက်ရောက်နေသည်။ စိမ်းစို သည့် လယ်ကွင်းများကို ဖြတ်၍တိုက်လာသော လေညှင်းများကို ရှုရှိုက်ခံစားမြင်တွေ့ ရသည်မှာ စိတ်ရောလူပါ ကြည်လင်လန်းဆန်း အေးချမ်းစေပါသည်။ အိုင်ယာလန်နိုင်ငံသည် အလွန်လှပသော သဲသောင်ကမ်းခြေများ နှင့် ကျောက်ခင်းထားသော ကမ်းရိုးတန်းများဖြင့် အလွန်ပင် ထင်ရှားလှပေ သည်။

၃။ အိန္ဒိယ

အိန္ဒိယနိုင်ငံတွင် ရင်သပ်ရှုမော ဖွယ်ရာ ကျော့ရှင်းခံ့ညားသော မြေပြင်အနေအထားရှိသည့် တောင်တန်းများသည် ဟိမဝန္တာ(Himalayas)တောင်ထိပ်မှ အိန္ဒိယသမုဒ္ဓရာအထိ သွယ်တန်းလျှက် ရှိသည်။ အိန္ဒိယနိုင်ငံရှိ အမျိုးသားဥယျာဉ်တွင် သဘောဝ တောရိုင်းတိရစ္ဆာန်များ နှင့် ကျေးဌက် မျိုးစိတ်ပေါင်းများစွာ နေထိုင်ကျက်စားလျှက်ရှိသည်။ ဟိမဝန္တာတောင်ထိပ်မှ တောင်စောင်း တစ်လျှောက်ရှိ ဒေသပေါက်ပင်များနှင့် စိမ်းစိုသောတောများသည် မိုင်ပေါင်း ရာချီ လွမ်းခြုံထားသည်။ နိုင်ငံအတွင်းရှိ သဲကန္တာရ များ၊ ကုန်းပြင်မြင့်များ၊ ရှည်လျှားသော မြစ်ကြီးများနှင့် ကွဲပြားခြားနားသော ယဉ်ကျေးမှုများသည် အိန္ဒိယနိုင်ငံသို့ လာရောက်လည်ပတ်ရန် ကမ္ဘာ့လှည့် ခရီးသွားများအား ဆွဲဆောင်လျှက် ရှိသည်။

၂။ အမေရိကန်

အမေရိကန်နိုင်ငံသည် ကမ္ဘာလှည့် ခရီးသွားများ ဒုတိယအများဆုံး သွားရောက်လည်ပတ်သည့် နိုင်ငံ ဖြစ်သည်။ အခြားနိုင်ငံများနှင့် မတူ တမူထူးခြားသည့် သဘာဝအလှတရားများကို ပိုင်ဆိုင်ထားသော နိုင်ငံတစ်ခု ဖြစ်သည်။ ကမ္ဘာကျာ် Grand Canyon နှင့် Yosemite အမျိုးသား ဥယျာဉ်တို့သည် များစွာသော သားရဲတိရစ္ဆာန်များ၏ ရိပ်မြုံကြီးများ ဖြစ်သည်။ ထို့အပြင် များပြားသည့်နိုင်ငံခြားသား ခရီးသွားများက အမေရိကန်နိုင်ငံ၏ ခေတ်မှီ ဖွံ့ဖြိုးတိုးတက်လှသော လူနေမှုပုံစံများ ရှိရာ လော့စ်အိန်ဂျလိစ်(LosAngeles)၊ နယူးယော့ခ်(NewYork)နှင့် ချီကာဂို(Chicago)မြို့များသို့ သွားရောက်လည်ပတ်ရသည်ကိုလည်း အလွန်ပင် နှစ်သက်ကြသည်။

၁။ ကနေဒါ

ကနေဒါနိုင်ငံသည် ခေတ်မှီသော လူနေမှုပုံစံ၊ လှပသော သဘာဝရှုခင်းများနှင့် ကဗျာဆန်လှသော နေရာဒေသတစ်ခု ဖြစ်သည်။ နိုင်ငံအတွင်းတွင် လှပသော တောတောင်ရှုခင်းများ၊ စိမ်းပြာရောင် ရေကန်ကြီးများနှင့် အေးချမ်းလှပလွန်းလှသည်။ Yukon အမျိုးသားဥယျာဉ်တွင် တောတွင်း တိရစ္ဆာန် များ၏ သဘာဝဆန်ဆန် ဖြစ်တည်နေထိုင် ရှင်သန်မှုပုံစံများကို ခရီးသွားများ လေ့လာနိုင်သည်။
ကျန်းမာ ပျော်ရွှင်သော ဘဝလေးကို ပိုင်ဆိုင်နိုင်ကြပါစေ။

မေ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top