ကမ္ဘာ့ဝင်ငွေအမြင့်ဆုံးမင်းသမီးတစ်လက်ဖြစ်လာခဲ့တဲ့ စကားလက်ဂျိုဟန်ဆင်

69450836_2424900684434339_3052905145324011520_n.jpg

Forbes က ထွက်ရှိထားတဲ့ဝင်ငွေအမြင့်ဆုံးမင်းသားစာရင်းရဲ့ ထိပ်ဆုံးမှာ ဒွိန်းဂျွန်ဆင် ရပ်တည်ခဲ့သလိုပဲ “Black Widow” ဇာတ်ကောင်မင်းသမီးချော စကားလက်ဂျိုဟန်ဆင် (Scarlett Johansson) ကလည်း ဝင်ငွေအမြင့်ဆုံးမင်းသမီးစာရင်းမှာ ပထမနေရာကို ရရှိလို့နေပါတယ်။

သူဟာ ဝင်ငွေ အမေရိကန်ဒေါ်လာ (၅၆) သန်းနဲ့ ထိပ်ဆုံးမှာ ရပ်တည်ခဲ့တာပါ။ သူက ၂၀၁၈ခုနှစ်က ဝင်ငွေထက် အမေရိကန်ဒေါ်လာ (၁၅.၅) သန်းပိုပြီး စွမ်းဆောင်နိုင်ခဲ့ပါတယ်။ အခုလို သူ အောင်မြင်မှုတွေပိုင်ဆိုင်ခဲ့တာက Marvelရဲ့ Black Widow ဇာတ်ရုပ်ကြောင့်လို့ပြောရမှာပါ။ “Avengers: Endgame” က ဝင်ငွေအများဆုံးဇာတ်ကားဖြစ်လာတာနဲ့ ပါဝင်ခဲ့တဲ့ စူပါဟီးရိုးတွေကလည်း အောင်မြင်မှုတွေကိုအသီးသီးဆွတ်ခူးခဲ့ကြတာပါပဲ။

စကားလက်က “Avengers: Endgame” ကနေ ဝင်ငွေ အမေရိကန်ဒေါ်လာ (၃၅) သန်းရရှိခဲ့တာပါ။ သူ့ရဲ့ “Black Widow” စူပါဟီးရိုးဇာတ်ကားအသစ်က နောက်နှစ် (၂၀၂၀) မှာ ထွက်ရှိမှာဖြစ်ပါတယ်။ ဒါက သူ့ရဲ့ချစ်ပရိသတ်တွေ အချိန်အကြာကြီးစောင့်မျှော်နေတဲ့ ဇာတ်ကားလို့လည်း ပြောလို့ရပါတယ်။

၂၀၁၉ခုနှစ်ရဲ့ ဝင်ငွေအမြင့်ဆုံးမင်းသမီး ထိပ်ဆုံး (၁၀) ယောက်စာရင်းမှာ Modern Family သရုပ်ဆောင် မင်းသမီး ဆိုဖီယာ ဗာဂါရာ (Sofia Vergara) ကလည်း ဝင်ငွေ အမေရိကန်ဒေါ်လာ (၄၄.၁) သန်းနဲ့ ဒုတိယနေရာကို ရရှိထားပါတယ်။ အခုနှစ်ဝင်ငွေအမြင့်ဆုံးမင်းသမီးတွေက ပြီးခဲ့တဲ့နှစ်က မင်းသမီးတွေနဲ့ ယှဉ်ရင် အမေရိကန်ဒေါ်လာ သန်း (၂၀) အထက်ရရှိခဲ့တာပါ။

ပြီးခဲ့တဲ့နှစ်က ထိပ်ဆုံး (၁၀) ယောက်စာရင်းဝင်ခဲ့တဲ့ အိန်ဂျလီနာ ဂျိုလီကတော့ အခုနှစ် (၁၀) ယောက်စာရင်းထဲမှာ မပါဝင်တော့ပါဘူး။ နောက်ထပ်ဘယ်မင်းသမီးတွေက ၂၀၁၉ခုနှစ်ရဲ့ ဝင်ငွေအမြင့်ဆုံးမင်းသမီး ထိပ်ဆုံး (၁၀) ယောက်စာရင်းမှာ ပါဝင်သေးလဲဆိုတာ စာဖတ်ပရိသတ်တွေ သိရှိရအောင် အပြည့်အစုံဖော်ပြပေးလိုက်ပါတယ်။

၁ စကားလက်ဂျိုဟန်ဆင်(Scarlett Johansson) (အမေရိကန်ဒေါ်လာ (၅၆) သန်း)

၂ ဆိုဖီယာ ဗာဂါရာ (Sofia Vergara) (အမေရိကန်ဒေါ်လာ (၄၄.၁) သန်း)

၃ ရိစ် ဝီသာစပွန်း (Reese Witherspoon) (အမေရိကန်ဒေါ်လာ (၃၅) သန်း)

၄ နစ်ကိုးလ် ကစ်ဒ်မန် (Nicole Kidman) (အေမရိကန်ဒေါ်လာ (၃၄) သန်း)

၅ ဂျနီဖာ အန်နစ္စတန် (Jennifer Aniston) (အေမရိကန်ဒေါ်လာ (၂၈) သန်း)

၆ ကေလီ ကိုးကို (Kaley Cuoco) (အမေရိကန်ဒေါ်လာ (၂၅) သန်း)

၇ အယ်လီဇဘတ် မော့စ် (Elisabeth Moss) (အမေရိကန်ဒေါ်လာ (၂၄) သန်း)

၈ မားဂေါ့ရော်ဘီ (Margot Robbie) (အမေရိကန်ဒေါ်လာ (၂၃.၅) သန်း)

၉ ချားလိဇ်သီရွန် (Charlize Theron) (အမေရိကန်ဒေါ်လာ (၂၃) သန်း)

၁၀ အယ်လန် ပွန်ပီရို (Ellen Pompeo) (အမေရိကန်ဒေါ်လာ (၂၂) သန်း)

Ref: BBC “Scarlett Johansson tops Forbes highest-paid actresses list”
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top