ကျန်းမာရေး ဗဟုသုတတွေကို စုံစုံလင်လင် ဖတ်ရှုနိုင်မယ့် Hello Sayarwon

hs3-e1558158805937.png

ဒီတစ်ခါမှာတော့ ကျန်းမာရေးလိုက်စားကြတဲ့ ရိုးရာလေး မိတ်ဆွေတွေအတွက် ကျန်းမာရေးနဲ့ ဆေးဘက်ဆိုင်ရာ ဗဟုသုတတွေကို မြန်မာဘာသာနဲ့ အစုံအလင် ဖတ်ရှုနိုင်မယ့် website ကလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီ website လိပ်စာကတော့ hellosayarwon.com ပါ ။

ရိုးရာလေးရဲ့ လုပ်ငန်းမိတ်ဖက်ဖြစ်တဲ့ ဒီ hello sayarwon website လေးမှာဆိုရင် ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အထွေထွေအချက်တွေ၊ ဆောင်ရန် ရှောင်ရန်လေးတွေကို နေ့စဉ်ဖော်ပြပေးရုံသာ မကပါဘူး။ ကိုယ်ဝန်ဆောင်ခြင်း၊ ကလေးပြုစုစောင့်ရှောက်ခြင်း၊ အလှအပ၊  ကျန်းမာရေးနဲ့ အာဟာရ၊ လိင်ပညာပေး၊ စိတ်ကျန်းမာရေး၊ ခံတွင်းကျန်းမာရေးနဲ့ ဆေးပညာ နောက်ဆုံးသတင်းတွေကိုလည်း  တင်ဆက်ပေးလျက် ရှိနေပါတယ်။

ထူးခြားချက်ကတော့ ကျန်းမာရေး အချက်အလက်တွေကို မျှဝေပေးတဲ့ အခါမှာ အသေးစိတ်ကျကျ တင်ဆက်ပေးထားတာပါ။ ဥပမာ – “ ကျန်းမာရေး အခြေအနေများ “ ဆိုတဲ့ စာမျက်နှာမှာ ဆိုရင် “သင့်မှာ ရောဂါ အခြေအနေ တစ်ခုခု ဒါမှမဟုတ် လက္ခဏာ တစ်ခုခုများ ရှိနေပါသလား။ သင့်ဆရာဝန်က သင့်မှာ ရောဂါအခြေအနေ တစ်မျိုးမျိုးရှိနေပြီလို့ ပြောပြီးဖြစ်နိုင်ပေမယ့် အဲဒါနဲ့ပတ်သက်လို့ ပိုပြီးသိချင်နေတာမျိုး ရှိပါသလား။ သင့် ရောဂါအခြေအနေနဲ့ ပတ်သက်ပြီး ကျွန်ုပ်တို့ သင့်ကို ယုံကြည်ရလောက်တဲ့ အချက်အလက်တွေ ကိုးကားထားတဲ့ ရောဂါ လက္ခဏာတွေ၊ ဖြစ်ပွားတဲ့ အကြောင်းရင်းတွေ၊ စစ်ဆေးချက်တွေနဲ့ ကုသမှုရွေးချယ်စရာတွေ ပေးနိုင်ပါတယ်။”  ဆိုပြီး  ရှာဖွေနိုင်အောင် အသေအချာ တင်ဆက်ပေးထားတာပါ။  ဆေးဝါးနဲ့ ဆေးဘက်ဝင်ပစ္စည်းတွေ၊ ခွဲစိတ် ကုသမှုတွေနဲ့ ရောဂါ ရှာဖွေ စစ်ဆေးနည်းတွေကိုလည်း အလားတူပဲ အသေးစိတ်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

ဒါတင်မကသေးပါဘူး။ လူအများ စိတ်အဝင်စားဆုံး၊ ရှာဖွေမှုအများဆုံး ကျန်းမာရေး ပြဿနာတွေဖြစ်တဲ့ ဝက်ခြံ၊ HIV/AIDS, ဆီးချိုသွေးချို၊ ပန်းနာရင်ကျပ်၊ ရင်သားကင်ဆာ၊ အဆုတ်ကင်ဆာ၊ အတက်ရောဂါ၊ အရိုးနဲ့ ကြွက်သား ကျန်းမာရေး၊ သွေးတိုးရောဂါ၊ အသည်းရောင် အသားဝါရောဂါ၊ အရေပြား အလှအပရေးရာ စတာတွေကို အသေးစိတ် ဖော်ပြပေးထားပါသေးတယ်။


“ကျန်းမာခြင်းဟာ လာဘ်တစ်ပါး“  ဖြစ်တာနဲ့ အညီ ကျန်းမာရေးကို လူတိုင်း တန်ဖိုးထားသင့်တာကြောင့် ဒီ “Hello Sayarwon“  website ကလေးဟာ ဝင်ကြည့်သင့်တဲ့ website တစ်ခု ဖြစ်ကြောင်း ညွှန်းဆိုလိုက်ပါရစေဗျာ။  Facebook က ဝင်ရောက် ဖတ်ရှုချင်ရင်လည်း “Hello Sayarwon“ ရဲ့ facebook page ဖြစ်တဲ့ https://www.facebook.com/hellosayarwon/ မှာ ဝင်ရောက် ဖတ်ရှုနိုင်ပါတယ်။

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top