ရွေးချယ်သင့်တဲ့ သားဆက်ခြားနည်း

mother-father-parents-with-baby-infant.jpg

ဖိုမဆက်ဆံမှုရှိတဲ့ အမျိုးသမီးတစ်ဦးအနေနဲ့ ကွန်ဒုံး၊ ရက်ရှောင်နည်း၊ သားကြောဖြတ်ခြင်း၊ အရေးပေါ်သားဆက်ခြားစားဆေး၊ သားအိမ်တွင်းပစ္စည်းထည့်တာ၊ လက်မောင်းအရေပြားအောက်ထည့် သားဆက်ခြားပစ္စည်း၊ သားဆက်ခြားထိုးဆေး၊ နေ့စဉ်သောက် သားဆက်ခြား ဆေးကဒ်စတဲ့ နည်းလမ်းတွေကို ရွေးချယ်အသုံးပြုနိုင်ပါတယ်။

သားဆက်ခြားနည်းလမ်းကို ဘယ်အချိန်မှာစသုံးမလဲ

  • သင့်မှာ ကိုယ်ဝန်မရှိကြောင်း သေချာပါက လတစ်လရဲ့ မည်သည့်ရက်မှာ မဆို သားဆက်ခြား နည်းလမ်းကို စတင်သုံးနိုင်ပါတယ်။
  • ထိရောက်မှုရှိရန်အတွက် အခြားသားဆက်ခြားနည်းလမ်းတစ်ခုခုကို ရက်အနည်းငယ်ပံ့ပိုးရန်သုံးပြီး (သို့မဟုတ်) လိင်ဆက်ဆံခြင်းကို ခေတ္တာရှောင်တာမျိုးတွေကို ပြုလုပ်ခြင်းဖြစ် သေချာစွာ သားဆက်ခြားနိုင်မှာ ဖြစ်ပါတယ်။

ဆီးချိုရောဂါသည်တွေ ရွေးချယ်သင့်တဲ့ သားဆက်ခြားနည်း

  • မည်သည့် သားဆက်ခြားနည်းလမ်းကို မဆို အသုံးပြုနိုင်ပါတယ်။
  • ဒါပေမဲ့ သင့်က (၂၀) ကျော် ဆီးချို ရောဂါခံစားနေရပြီး အင်ဆူလင် ဆေးထိုးနေသူဖြစ်မယ်ဆိုရင်တော့ ဆီးချိုရောဂါရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကို ခံစားနေရတဲ့အတွက် ကြေးနီ သားအိမ်တွင်းထည့်ပစ္စည်း (IUD) ကို အသုံးပြုသင့်ပါတယ်။
  • ကျွမ်းကျင်တဲ့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ တိုင်ပင်ပြီး သင့်အတွက် သင့်တော်တဲ့ သားဆက်ခြားနည်းလမ်းကို ရွေးချယ်ပါ။

နို့တိုက်မိခင်တွေ ရွေးချယ်သင့်တဲ့ သားဆက်ခြားနည်း

  • ကလေးမွေးဖွားပြီး (၄၈) နာရီအတွင်း သားအိမ်တွင်းထည့်ပစ္စည်း (သို့မဟုတ်) လက်မောင်း အရေပြားအောက် ထည့်ပစ္စည်း (သို့မဟုတ်) ပရိုဂျက်စတင်သာပါတဲ့ နေ့စဉ်သောက် သားဆက်ခြားဆေးကဒ်ကို သုံးနိုင်ပါတယ်။
  • ကလေးမွေးဖွားပြီး (၄၈) နာရီကနေ (၄) ပတ်အတွင်း လက်မောင်း အရေပြားအောက် ထည့်ပစ္စည်း (သို့မဟုတ်) ပရိုဂျက်စတင်သာပါတဲ့ နေ့စဉ်သောက် သားဆက်ခြားဆေးကဒ်ကို သုံးနိုင်ပါတယ်။
  • ကလေးမွေးဖွားပြီး (၄) ပတ်ကနေ (၆) ပတ်အတွင်း သားအိမ်တွင်းထည့်ပစ္စည်း (သို့မဟုတ်) လက်မောင်း အရေပြားအောက် ထည့်ပစ္စည်း (သို့မဟုတ်) ပရိုဂျက်စတင်သာပါတဲ့ နေ့စဉ်သောက် သားဆက်ခြားဆေးကဒ်ကို သုံးနိုင်ပါတယ်။
  • တကယ်လို့ ကလေးမွေးဖွားပြီး (၆) ပတ်ကနေ (၆) လအတွင်း သားဆက်ခြားလိုပါက သားအိမ်တွင်းထည့်ပစ္စည်း (သို့မဟုတ်) လက်မောင်း အရေပြားအောက် ထည့်ပစ္စည်း (သို့မဟုတ်) ပရိုဂျက်စတင်သာပါတဲ့ နေ့စဉ်သောက် သားဆက်ခြားဆေးကဒ်ကို သုံးနိုင်ပါတယ်။

ရင်သားကင်ဆာရှိသူတွေ ရွေးချယ်သင့်တဲ့ သားဆက်ခြားနည်း

  • ကြေးနီ သားအိမ်တွင်း ထည့်ပစ္စည်းကို အန္တရာယ်ကင်းစွာ သုံးနိုင်ပါတယ်။

ခေါင်းကိုက်ရောဂါရှိသူတွေ ရွေးချယ်သင့်တဲ့ သားဆက်ခြားနည်း

  • ခေါင်းတစ်ခြမ်းကိုက်ရောဂါရှိတဲ့ သူတွေအနေနဲ့ သားအိမ်တွင်းထည့်ပစ္စည်း (IUD)ကို သုံးနိုင်ပါတယ်။
  • နေ့စဉ် သောက်သားဆက်ခြားဆေးကဒ် (သို့မဟုတ်) သားဆက်ခြားထိုးဆေး (သို့မဟုတ်) လက်မောင်း အရေပြားအောက်ထည့် သားဆက်ခြားပစ္စည်းသုံးနေတဲ့ ကာလမှာ ခေါင်းတစ်ခြမ်းပြင်းထန်စွာ ကိုက်လာပါက ကျွမ်းကျင်တဲ့ ကျန်းမာရေးဝန်ထမ်းနဲ့ ဆွေးနွေးတိုင်ပင်ပြီး ဟော်မုန်းမပါတဲ့ သားဆက်ခြားနည်းလမ်းကို ရွေးချယ်နိုင်ပါတယ်။

ဆေးကဒ်သောက်ဖို့မေ့သွားရင် ဘာလိုလုပ်မလဲ

  • သောက်ဆေးကဒ်ရဲ့ ပထမဆုံးအတန်းက ဆေး (၃) လုံးကို သောက်ဖို့ မေ့နေတာ (သို့မဟုတ်) ဆေးကဒ်အသစ်ကို ပြန်စသောက်ဖို့ (၃) ရက် ထက်ပိုပြီး မေ့သွားခဲ့တယ်ဆိုရင် လိင်ဆက်ဆံတဲ့အခါ ကွန်ဒုံးကို (၇) ရက် သုံးပါ။ (သို့မဟုတ်) လိင်ဆက်ဆံခြင်းကို (၇) ရက် ရှောင်ပါ။
  • ဆေးကဒ်သောက်သုံးစဉ် တတိယ အပတ်အတွင်း ဆေး (၃) လုံး (သို့မဟုတ်) (၃) လုံးထက်ပိုပြီး ရက်ဆက်တိုက်သောက်ရန် ပျက်ကွက်သွားပါက၊ လိင်ဆက်ဆံတဲ့အခါ ကွန်ဒုံးကို (၇) ရက် သုံးပါ။ (သို့မဟုတ်) လိင်ဆက်ဆံမှုကို (၇) ရက် ရှောင်ပါ။ ဟော်မုန်းမပါတဲ့ ဆေးလုံးတွေကို မသောက်တော့ဘဲ တပြိုင်နက် ချက်ချင်း ဆေးကဒ် အသစ်ကို စတင်သောက်ပါ။
    (၂၈) လုံးပါ ဆေးကဒ်ကို နောက်ဆုံးရက် သတ္တပတ်လုံး ဆေးအလုံး အနည်းငယ် သောက်ရန် ကျော်သွားပါက မလိုလားအပ်တဲ့ ကိုယ်ဝန်ကို မရရှိနိုင်ပါ။ ကျော်သွားတဲ့ ဆေးလုံးကို လွှင့်ပစ်ပြီး သတိရတဲ့ နေ့မှာ ဆက်လက်သောက်သုံးပါ။

Photo- Internet
Source- ကမ္ဘာ့ကျန်းမာရေးအဖွဲ့
Cherry(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top